Skip to main content

ရွှေမန်းဆီသို့

ရေး ဦးဘသိန်း ( မန္တလေး)

ဆို မစိမ်းစိမ်း

ရွှေမန်း ဆီ...သို့

တခါတခေါက်ဖြင့် ရောက်စေချင်သည်

ကျုံးတော်ပတ်လည် မြမြို့ရိုး

ပြအိုးပစ္စင်

ကာရံကာအတည် မြန်မာစံဌာနီ

သာယာပါပေ့သည်

ရေရိပ်ရေအောက်ဆီ

နေခြည်ဟပ်ကာ အလွန်ပနံရလှသည်

ရှုဖွယ်စုံညီ ရွှေနန်းတော်အရှေ့ဆီ

မြရည်ညိုညို

တောင်တန်းတွေကမှုန်ရီ

ငရံ့မင်းစေတီ တောင်တော်ထူး

အောင်ပင်လယ် ယာပြင်ဦးက

ဖူးနိုင်ပါသည်

အထူးဘဲ အစဉ်ဖိတ်ခေါ်ပါသည်

ဟိုမှသည် အရောက်သွားလို့

မန္တလေးတောင်တော်ဆီ

တထောက်နားမည်

မြင်ကွင်းကျယ်ကျယ်ပတ်ဝန်းကျင်ဝယ်

မှန်းလို့ရှုရမည်

ဟိုမှသည် အရောက်သွားလို့

မန္တလေးတောင်တော်ဆီ

တထောက်နားမည်

မြင်ကွင်းကျယ်ကျယ်ပတ်ဝန်းကျင်ဝယ်

မှန်းလို့ရှုရမည်

မှုန်ရီမှေး ဟိုအဝေးကစေတီ

သခင်မတောင်တော်မဟီရှင့်

အနောက်မြောက်ယွန်းတော့

မင်းကွန်းထိုစေတီ ဖူးတွေ့ရမည်

ဧရာဝတီမြစ်ကြောင်းဆက်ကာ

အနောက်ဘက်မှာ ရှုကြည့်ပါ

ပုထိုးစေတီအထူး

ဦးချီ စစ်ကိုင်းမင်းဝံဆီ

စစ်ကိုင်းတောင်တော်နားဆီ

ဇေယျာရွှေပြည် ညိုမှိုင်းလျက်အတည်

ဒီမှာဘက်ကမ်း

ကြက်ညီနောင် စံမြန်းတဲ့စေတီ

မြူခြေတွေထဲ မသဲမကွဲ ဖူးတွေ့နိုင်သည်

ဒါတွေစုံပါပြီ မြို့တွင်းကိုလှည့်မည်

ဝေယံဘုံပမာနန်းဆောင်တမျှ

သိင်္ဂါရွှေရောင် ထိန်ဝါဝေပြောင်

အလျှံကိုဆောင် မြို့တောင်ဖျားဆီ

မှန်းရည်

မဟာမြတ်မုနိကိုယ်တော်စံရာကိုပင်

ဖူး..တွေ့နိုင်ပါသည်။   ။

မှတ်ချက်

ဒီသီချင်းစာသားကို တခြားနေရာတွေမှာ မှန်အောင်ရေးတာ မတွေ့သလောက် ရှားပါသည်။

တခါတခေါက် ကို တစ်တွေနဲ့ ရေးထားကြတယ်။

ပြမြို့ရိုးကို မြမြို့ရိုး လုပ်ထားကြတယ်။

တထောက် ကို စသတ်ထားကြတယ်။

သိင်္ဂါ မှားကြတယ်။

ငရံမင်းကို ငါးရံမင်း လုပ်ထားကြတယ်။

ဒါတွေစုံပါပြီ ကို စုံပါပီ တဲ့။

အထူးဘဲ ကို အထူးပဲ လုပ်ထားကြတယ်။

မူရင်းအဆိုတော်အမည်ကိုလည်း နောက်ပေါက်ဆိုသူတွေအမည်သာ ထည့်ထားကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ