ဖြူပြာ နီဝါ
နီတျာတျာ
ရောင်စုံဆန်းတွေနဲ့
လေယူရာတိမ်းကြ ကနွဲ့ကလျပါ။
ဝါဆိုမှာ ပွင့်တဲ့ပန်း
ဝါဆိုပန်းခေါ်တာ ဟုတ်မဟုတ် မသိဗျာ။
အလေ့ကျပေါက်ပင်က အသင့်
မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့ လေမှာ လွင့်
နေအလာငံ့စွင့်ပြီး နေ့ခါပွင့်။
ညမှာလည်း မညှိုးရှာ
ဘုရားမှာ တင်လိုက တင်ပါ။
အညာမှာမဟုတ်တော့ ပန်းအလှ အမွှေးတွေကပေါ
တောသားကတော့ အတိတ်မှာမျော။
(ကဗျာ မဟုတ်ပါ)
အောက်ပြည်နဲ့ အညာ နေကောင်းကြပါစေသတည်း။
မြေလတ်နဲ့ တောင်တန်း ကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment