ထုံးဟောင်းမှီ
ကုံးသီစို့ နှစ်ဆစ်။ ။
ဒွေးချိုးပင်
ရေးပျိုးစဉ် လွယ်အောင်လို့
ကြွယ်နောင် ကျစ်လစ်။ ။
(၂) တြိချိုး
တပိုဒ်ပဲ
တင်မြဲ အထက်ဆီ
တြိချိုး ပြောင်းမည်။ ။ <-(တွန့်ပိုဒ်)
ထုံးဟောင်းမှီ
ကုံးသီစို့ နှစ်ဆစ်။ ။
ဒွေးချိုးပင်
ရေးပျိုးစဉ် လွယ်အောင်လို့
ကြွယ်နောင် ကျစ်လစ်။ ။
(၃) လေးချိုး
လေးချိုးဖြစ်စေလိုသော်-
တပိုဒ်ပဲ
တင်မြဲ အထက်ဆီ။ ။
ထိပ်ချိုးကို ထပ်ကာထစ်
လေးဆစ် ပြောင်းမည်။ ။ <- (မူလအတွန့်ကို ကွန့်)
ထုံးဟောင်းမှီ
ကုံးသီစို့ နှစ်ဆစ်။ ။
ဒွေးချိုးပင်
ရေးပျိုးစဉ် လွယ်အောင်လို့
ကြွယ်နောင် ကျစ်လစ်။ ။
#ရှေးစာကဗျာများ
ဒွေးချိုးစပ်နည်း
(က)
အသားရယ်ဖြူ
လူပေမို့လား။
အသားတော်ညိုပြာညက်
နန်းတော်ထက်ဖွား။
(ခ)
လူကလေးရွယ်ငို၊ ခိုဖမ်းလို့ပေး။
ချို့ပြုခိုပြာနက်ကယ်၊ ဖမ်းခက်လှသေး။ ။
(ဂ)
ချိုးနှစ်ကောင်၊ ထနောင်း ပင်ညီနောင်က၊
လွမ်းအောင် ကူချွဲ။
ပတော်ဖြူ၊ ပင်မြက် နေဇာထူလျှ၊ ဖိုးတောင်သူတွဲ။
(ဃ)
တန်တားဦးက ကွမ်းနုဝါ၊ ငမြာက ဆေး။ ။
ကွမ်းသီး တောင်ငူနဲ့၊ ကိုင်း ထုံးဖြူ၊ ပြည် ရှား၊ သဝါးလို့ထွေး။
(င)
တောတောင် သာ၊ မာလာငုံဖူး။
တပင်ကို နှစ်ပင်ရှက်တယ်၊ ကျေးငှက်ကမြူး။ ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment