Skip to main content

လယ်ထွန်

“လယ်ထွန်သွား နွားမေ့” စကားပုံရှိသည်။ (ပုံအတွက် ကျေးဇူး)

ပုံထဲမှာ လယ်ကို ကျွဲနဲ့ ထွန်သည်။ ထို့ကြောင့် စကားပုံသည် အောက်အရပ်ကလာတာဖြစ်နိုင်သည်။

ရှေးအခါကနဲ့ မကြာလှသေးတဲ့ လွန်ခဲ့တဲ့ကာလတွေမှာ ပညာရှိတွေ၊ ပညာရှင်တွေ၊ ဆိုဆုံးမသူတွေ အမျိုးမျိုးတို့ ပေါ်ထွန်ခဲ့သည်။

တချို့က အောက်အရပ်က၊ တချိုု့က အထက်အညာက၊ တချို့က နန်းတော်တက်ရသူတွေနဲ့ တချို့က တောက ဖြစ်ကြသည်။

ဝန်ကြီးဖြစ်ပေမဲ့ ပဒေသရာဇာသည် -

- လယ်သမား

- ထန်းသမားအကြောင်း ကောင်းကောင်းဖွဲဆိုခဲ့သည်။ နွေဦးကာလ၊ မြူထသောအခါ-ချီ ထန်းတတ်သမားဖွဲ့ တျာချင်း

- ပန်းလောင်မြစ် လှေငယ်အကြောင်းလည်းပါသည်။

ဦးကြီး

- မောင်ကြီးတို့ပျော်စံရာ

- ယဉ်ပေ့တောသူ

- ဆယ်အိမ်မင့်စည်းစိမ်

- ဒြပ်ကြီးသည် သ္မီးပျိုခင်

- ပြုံးမိတယ်

ဦးဆောင်း

- ချဉ်ပေါင်ဖူး

- လက်ပံပွင့်

- တို့ရွာအလိုက်

ဦးကြော့

- ဒဟတ်ပန်း

- ပိတောက်ပန်း

- တပို့တွဲလဘွဲ့

ဦးရွှန်း

- မဟာဇနကပျို့သစ်

- ဥမ္မာဒန္တီပျို့ အပါအဝင် ရတု ဧချင်း ပျို့ ကျမ်းမှာ ၁၆ စောင်။

မြဝတီမင်းကြီးဦးစ 

- ဘုံပျံနေနန်း ဆောင်းဘွဲ့ပတ်ပျိုး

- စက်လဲပျော်ပါနိုင် အီနောင်ဇတ်ထွက် ယိုးဒယား

- ထောင်ရောင်နေကသာ ဘုန်းတော်ဘွဲ့ သီချင်းခံ

အနောက်နန်းမိဖုရား မမြလေး

- ချစ်သမျှကို (ပတ်ပျိုး)

- ရွှေဖီဇင်ဂေါ် (ပတ်ပျိုး)

- စိန်ချယ်ခြူးသန်း (ပတ်ပျိုး) မွန်သံသီချင်း၊

- သိင်္ဂါရွှေရောင် (ပတ်ပျိုး)

- နဝရတ်ကယ်ရောင်စုံ (ပတ်ပျိုး)

- ပြာပြာညိုရောင်မှိုင်းတလဲ့လဲ့ (ပတ်ပျိုး)

- ရှိစုံရွက်ကြာ (ပတ်ပျိုး)

လှိုင်ထိပ်ခေါင်တင်

- 'စိန်ခြူးကြာညောင်' ချီ ဘောလယ်

- ဝိဇယကာရီနှင့် ဣန္ဒာဝံသ နန်းတွင်းဇာတ် တော်ကြီး နှစ်စောင်

ဆရာဇော်ဂျီက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုကြည့်မြင် ခံစားပြီး ရေးဖွဲ့လေ့ရှိသည်။

- လှိုင်းကလေးသင်

- သင်သေသွားသော်

- ရွှေမောင်းသံ

- ညီသစ်ဆင်းကဗျာစု

- မဟာဆန်ချင်သူ

- ပလေးတိုးနိဒါန်း

- စိတ္တသုခအလင်္ကာ

- ပိတောက်ပန်း

- ဗေဒါလမ်းကဗျာစု

ဆရာမင်းသုဝဏ်က

- ပန်းနှင့်ပင်စည်

- ပျဉ်းမငုတ်တို

- ရေချမ်းစင်

- အင်းလျားကန်သို့ အိုကူးတို့

တင်မိုး

- ပန်းဈေးခင်း

- ပိတောက်မှသရဖီသို့

- စိမ်းလန်းသောအိပ်မက်

- ထီးကလေးနဲ့မနီ

- ပျိုးခင်းတေးသံ

- နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း

- ပုဂံကျောင်းက ခေါင်းလောင်းသံ

မောင်စွမ်းရည်

- စိတြကဗျာများ

- အနီနှင့်အပြာကဗျာများ

- ဟိုချီမင်အကျဉ်းထောင်က ပုလွေသံ

- မန္တလေးမြို့ရဲ့ မနက်ခင်း ကဗျာများ

- အမေ့ခေါ်သံကဗျာများ

စာဆိုများစာရင်းအစုံ မဟုတ်ပါ။ စုံလင်အောင်ရေးသားနိုင်သူရှိရင် ကောင်းပါမည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ