လူသုံးကုန်၊ ဆေးနဲ့ ဆေး ပစ္စည်း ရှားတယ်။
ဝတ်စရာ ပိတ်စ ရှားတယ်။ ပိတ်စကို လျှောက်လွှာတင်ကြရတယ်။
လက်ဖြစ် မာလကျင်စသာ ဝတ်ကြရတယ်။
ပေါ်ပလင်စလည်း လူကြီးသားသမီးတွေသာ ဝတ်နိုင်ကြတယ်။
လုပ်သားပြည်သူ့နေ့စဉ် သတင်းစာနဲ့ မြန်မာ့ရုပ်မြင်သံကြားမှာတော့ မဆလ ငါးနှစ်စီမံကိန်း နေ့စဉ် အောင်မြင်နေပါသတဲ့။သမိုင်းမှန် ဖြစ်ပါတယ်။
နဝတ တက်လာပြန်တော့
နောက်ကြောင်း မလှန်နဲ့တဲ့။
သမိုင်းဘာသာရပ် သင်ချင်သူရှား။ သမိုင်းစာအုပ် မှန်တာရှား။
တတိယအကြိမ် စစ်အာဏာသိမ်းချိန်မှာ သမိုင်သိသူအတော်ကို ရှားသွားပြီ။
တွေ့ကရာ အဟုတ်မှတ်၊
ရေးသမျှ အဟုတ်ထင်သူတွေ ၉၆ နိုင်ငံအထိ ရောက်နေကြပြီ။
ရှေးကဟာတွေ လာမပြောနဲ့တဲ့။
သမိုင်းမှန်သိသူ အလွန့်အလွန်ရှား။
စာကို မှန်အောင်ရေး ရှေးတဲ့။
အမှန်တွေပြောရင် အမှားလို့သာ ထင်ကြသူတွေက ၉၆ နိုင်ငံမှာ အလုပ်လုပ်နေကြသည်။
မြန်မာစာနဲ့ မြန်မာစကားကိုတောင် အမှန်တွေ နားမလည်သူ များများလာနေသည်။
မျက်စိမှိတ်၊ ဦးနှောက်ပိတ်တွေသာ များပါသည်။
ပိတ်စ လျှောက်ကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment