ပြန်စာ
ပဌမ အရေးအသား = အစား။
ဒုတိယ အရေးအသား = ကစား။
စာရေးတဲ့အခါ -
စာလုံးပေါင်း သတ်ပုံနဲ့ စာအထားအသို မှန်ရမယ်။
ယတိဘေဒ (အဖြတ်အတောက်) ခေါ် အင်္ဂလိပ်လို ပန်ကျူယေးရှင်း မှန်ရမယ်။
သဒ္ဒါ မှန်ရမယ်။
ဝိဘတ် မှန်ရမယ်။
စကားပြော၊ စာဖတ်၊ သတင်းဖတ်၊ သီချင်းဆိုတဲ့အခါ စကားလုံး အနိမ့်အမြင့်၊ အဖြတ်အတောက်၊ လေယူလေသိမ်း၊ အတက်အကျ မှန်ရတယ်။
ချွဲချွဲနွဲ့နွဲ့၊၊ မပီကလာပြောတာကို အဟုတ်မှတ်မနေနဲ့။
မနက်က ကစားတဲ့ပွဲမှာ ဒိုင်လူကြီး ခေါက်ဆွဲစားသလားဟု သံသယရှိ၏။
ကစားပွဲကို လာကြည့်သူတွေ သွားရည်စာ စားနေကြသည်။
မေးခွန်းရေးတာမှာလည်း -
ကစားသွားတဲ့နဲ့ ပုဒ်ထီး ခေါ် ပုဒ်ကလေးကြားမှာ တကွက် မခြာရပါ။
ပုဒ်ထီး၊ ပုဒ်မတွေရှေ့မှာ တကွက် စသည် မခြာရ။
ပုဒ်ထီး၊ ပုဒ်မတွေနောက်မှာ တကွက်ခြာရမည်။ တကွက်ထက် ပိုရန် မလို။
ခြာ = ခြားသည်။
မြန်မာစကားနဲ့ စာဆိုတာ အပေါစား မဟုတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment