Skip to main content

ရခိုင်စာ


(၁)

တရားသခင် ဗုဒ္ဓရှင်

ရွီးဖွဲ့ - ညီမောင် (သာကေတ)

ဆို - မိုင်

* မြတ်ဇိန အရဟံထွဋ်ရှာ ပူဇော်သက္ကာရကို ခံယူတော်မူကာ ကိလေသာကို ပယ်တော်မူကာ ကိုယ်တော်တိုင် သိမြင်လို့ရာ သမ္မာသမ္ဗုဒ္ဓ မြတ်ဘုရားရှင်တော်ပါ …

* ဝိဇ္စာစရဏ သမ္ပန္နဂုဏ် ပြီးပြည့်စုံထင်ရှားလို့ ဝပ်တွားကြည်ညိုကာ ကောင်းခြင်းစကား မြတ်တရားကိုရာ ဟုတ်တိုင်းမှန်ရာ ဟောကြားလို့ သုဂတောဂုဏ်နဲ့ ပြည့်စုံလို့ရာ လောကသုံးပါး မြတ်သားထင်စွာ သိမြင်တော်မူရာ လောကဝိဒူဂုဏ်ပါ ပြိုင်သူ အထီးဆုတ် အနုတ္တရောဂုဏ်ပါ မတုနိုင်စရာ မတုနိုင်စရာ လူနတ်ဗြဟ္မာ ပူဇော်ရာ တာဆူဆရာ သတ္ထာဒေဝ မနုဿာနဂုဏ်တော် မဟာ

* သုံးလူ့ခွင် တုမမြင်ဘုန်းရှင် အနန္တ မေတ္တာ စကြဝဠာမှာ သစ္စာလေးပါး မြတ်တရားကိုရာ ကိုယ်တော်တိုင် သိမြင်လို့ရာ သတ္တဝါများရဲ့ကို ဟောကြားလို့ ရွတ်တော်မူရာ မြတ်ဗုဒ္ဓ အရှင်မြတ်ရတနာ ဘုန်းခြောက်ဖြာ ထွန်းလျက် ညီညာ ပါရမီအရင်း ပွင့်တော်မူရာ အရှင်မြတ်ပုရမေ ဘဂဝါ …

(၂)

မွီးရပ်မြိသို့ တေးပဏ္ဏာ

ရွီးဖွဲ့ - လွမ်းဝေ(သံတွဲ)

ဆို - သိန်းစံ

* ဇာတ်ချက်ကြွီ မွီးရပ်မြီက ခွဲခွာလာခရ ကိုယ့်ဘဝအခြေအနေ

ကိုယ့်ရွာကိုယ့်ဌာနီ သာယာပါလီစ အဝီးရောက် ရခိုင်သားက

မှုန်းဆ တမ်းတရရေ တခေါက်တခါ လာချင်ဝေလေ့ဝေ …

တာဝန် အသွယ်သွယ်များလို့ နှစ်လကြာရှည် မရောက်နိုင်ခဂေလေ့ဝေ …

ဒေနှစ် မဖြစ်မနီ ရောက်အောင်လာလတ်မေ …

တေးထပ် … မွီးရပ်မြီ မောင်တောသို့ အလွမ်းစာပို့ တေးပဏ္ဏာ

ကျန်းရွာတချို့ အဂုအခါမှာ တိုးတက်ဗျာလ် နီလီလား

* (မျိုးဆက်နွယ် ရခိုင်သားရို့ လုပ်စားဂတ် ကျန်းရွာချေမှာ)၂ …

ဝမ်းစာကြွယ်ပေါပြည့်ဝ ဆန်စပါး (စပါး)၂ …

* (မှတ်မိပါသိရေဝေ … သတိရနီပါသိရေ)၂ … လယ်ကွင်းမှာ တတူပျော်

လောင်းချေလှော် အဖော်များနဲ့ ပျော်ပါးခ ဝတ်တေ မောင်တောမြို့ကိုလေ …

ကျေးဇူး။ 

မှတ်ချက်

ရခိုင်စာထဲက တဝမ်းပူသည် မြန်မာစာထဲက တဝမ်းပူတွေလို ကျိန်စာမသင့်ချေ။

ရခိုင်စာကို ရခိုင်လို

မြန်မာစာကို မြန်မာလို

မှန်အောင်ရေးရမည်။

အစိုးရပြောင်းတာနဲ့ စာကိုပြောင်းတာ ကမ္ဘာမှာ တနိုင်ငံတည်းသာရှိပါသည်။

ကူးရေးတာ မှားနေပါက ကျွန်တော့်တာဝန်သာဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ