Skip to main content

စာ နဲ့ စကား၊ စကား နဲ့ စာလုံးပေါင်း၊ ဒေသသုံးစကား ယောစကား

ကွန်မင့်တခု = သထုံဘက်ကသူတွေက မလုပ်တတ်ဘူးပြောချင်တာကို၊ လုပ်မတတ်ဘူးလို့ပဲပြောကြတာ သတိထားမိတယ် ဆရာ။ 

ဟုတ်။

တခြားမြို့အမည်တွေကိုလည်း အဲလိုပြောကြတယ်လို့ ရေးလာကြပါတယ်။

မှတ်ရန်

ဒေသိယ ခေါ် ဒေသအလိုက်အသုံးစကားတွေ ရှိတယ်။

ပြောစကား ဆိုတာ စာလုံးပေါင်းသတ်ပုံစာရင်းထဲ မထည့်ရပါ။

ခေတ်သုံးစကားလည်း စာလုံးပေါင်းသတ်ပုံစာရင်းထဲ မထည့်ရပါ။

ခေတ်ပျက်အသုံးတွေကိုလည်း စာလုံးပေါင်းသတ်ပုံစာရင်းထဲ မထည့်ရပါ။

ဘန်းစကားတွေပါ စာလုံးပေါင်းသတ်ပုံစာရင်းထဲ မထည့်ရပါ။

ဒေသိယအသုံးများအကြောင်းလို့ သီးသန့်ဖေါ်ပြနိုင်ပါတယ်။

ခေတ်သုံးစကားလို့ သီးသန့်ဖေါ်ပြနိုင်ပါတယ်။

ခေတ်ပျက်အသုံးတွေလို့ သီးသန့်ဖေါ်ပြနိုင်ပါတယ်။

ဘန်းစကားတွေလို့ သီးသန့်ဖေါ်ပြနိုင်ပါတယ်။

ဥပမာ လှသမိန်ရေးတဲ့ ဘန်းစကားများစာအုပ်။

အညာဒေသတချို့မှာ ၇ အသံထွက် ခွင်၊ လွင် အသံထွက် လွန်။

ယောစကားတွေကို ယောစကားများလို့သာ စုစည်းထားသင့်တယ်။ မှတ်သားစရာတွေ အများကြီး။

ကုန်သည် = ကုန်သယ် (ယောသံ အောက်သံ တူညီပါသည်)

စည်ကား = စယ်ကား (ယောသံ “ယ”သတ်ဖြင့် ဖလှယ်၍ပြောပါသည်)

ထင်းစည်း = ထင်းစဲ (ယောသံက နောက်ပစ်သံဖြင့် ဖလှယ်၍ပြောပါသည်)

မလုပ်ချည်နဲ့ = မလုပ်ချေန (သဝေထိုးသံဖြင့် ပြောပါသည်။

မင်းကောင်မလေး သိပ်ချောပါလား၊ သိပ်ချောလှချည်လား ဆိုသည်ကို ယောသံဖြင့် “မင်းကောင်မလေး သိပ်ချောပါတကား၊ သိပ်ချောလှပါတကား”

“ငါနေမကောင်းဖူး၊ ထမင်း စားချင်ဇိတ်လဲမရှိဖူး၊ ပြန်ဂြဒေါ့မလော၊ နောက်လာခဲ့ဘာအုံး”

“တတ်ပါ့ တတ်နိုင်လွန်းတယ်”

"အရီလေး အိမ်၀င်း၀ယ်တာ ညားခဲ့လော"

"ဒယ်ပဆိုးန ငါန မညားဘူး"

''နွားဖြူန နွားနီန မညာပကား"

ယောစကား = ဗမာစကား

အဘ၊ အဖ = အဖေ

အမဲ့ = အေမ

မအဲ၊ မအဲလေး = သမီး

မောင်အဲ၊ မောင်အဲလေး = သား

အပေါင် = အဖွား

အဘအို၊ အဖအို = အဘိုး

ဘကြီး၊ ဘလတ်၊ ဘလေး = ဦးကြီး၊ ဦးလတ်၊ ဦးလေး(အဖေဘက်မှ တော်စပ်သူ)

အုန်းကြီး၊ အုန်းလတ်၊ အုန်းလေး = ဦးကြီး၊ ဦးလတ်၊ ဦးလေး(အမေဘက်မှ တော်စပ်သူ)

အရီးလေး = ဒေါ်လေး(အဖေဘက်မှ တော်စပ်သူ)

မိလေး = ဒွေးလေး(အမေဘက်မှ တော်စပ်သူ)

(ဃ) လုံး၀ကွဲပြားသော ဝေါဟာရများ

ယောစကာ = ဗမာစကား

ကလိပ်ထိုး = ကလိထိုး

ကောက်နှဲဆန် = ကောက်ညှင်းဆန်

ကျေး = ကြက်တူရွေး

ကျိပ်ဖူ: = ပြောင်းဖူး

ကြေးစေ = ကြေးစည်

ကြက်အင်ခါးသီး = ကြက်ဟင်းခါးသီး

ကြောင်ညှာသီး = ကြောင်လျှာသီး

ကင်ပေါင်း = အပေါင်းကြော်

ခွေးစားကျား = ကျားသစ်

စပ်သီး = ငရုတ်သီး

စက်ကဲ = ဘုတ်စိုက်

ဆရက် = ဆက်ရက်

ညားသည် = တွေ့ကြုံထိတွေ့သည်

ညဲညူ = ညည်းညူ

ဇွန်းသားလေး = ဇွန်းငယ်လေး

တောက်စလင်း = ကိုယ်တုံးလုံး

တောက်ဆိတ် = ပုစွန်ဆိတ်

တင်းတိမ် = စောင်(ငါးစပ်စောင်)

တမြတ်စဲ = တံမြက်စည်း

ထွမ်း = ပလိုင်း

ထပိုးကျဲ = ထမ်းပိုးကျည်း

နှီနေတယ် = မှီနေတယ်

နေကောင်းရဲလော = နေကောင်းရဲ့လား

ဒန့်တင် = ရေတံခွန်

ပေါင်သည် = ကူညီသည်

ပလောရွက် = ပီလောရွက်

ဖူးသီးကင်ပေါင်း = ဘူးသီးပေါင်းကြော်

ဖရုံမွဲသီး = ကျောက်ဖရုံသီး

မကျဲသီး = မန်ကျည်းသီး

မိုးသီးတယ် = မိုးသည်းတယ်

မွှမ်းပင် = ပိုးစာပင်

မှန်ခလာသီး = မာလကာသီး

မရောက်ကျင်ဖူး = မရောက်မိဘူး

ရဲစား = ရည်းစား

ရှပဲ = ပဲပုတ်

ရုံးပလေသီး = ရုံးပတီသီး

ရန်စရှယ် = ရန်စရှည်

ရှပ် = ရစ်(ဗိုင်းငင်သောရစ်)

လတ်သီး = အိမ်ဦးခန်း

လဟောရွက် = ဆူးပုပ်ရွက်

ဝမ်းပါးသည် = နှစ်သက်သည်

သလိုမလုပ်န = ဒီလိုမလုပ်နဲ့

သလဲ = သဲ

သောင်သာ = သက်သက်သာသာ

ဟင်းခွပ်ပင် = သခွပ်ပင်

ဟုတ်စနိုင်းနိုင်း = ဟုတ်လိမ့်နိုးနိုး

အဖိုးအပေါင် = အဖိုးအဖွား

အမြဲမြဲတယ် = အမြည်းစားတယ်

အရှဲ့ရှဲ့ = အတူတူ

အခွံနွေးသည် = အခွံနွှာသည်

အုန်းကြီးအုန်းလေး = ဦးကြီးဦးလေး

အမဲ့ = အမေ

အဲပါ(အဲဗား) = အေးပါ

အဟုတ်ကြီးပါတကား = အဟုတ်ကြီးပါလား

သြ။သြော်။သြော့ = ရှင်။တော့( ထူးသံ)

ပေါက်ဆိန်ဒူး = ပုစဉ်း

ဒုတ်မီး = ဓာတ်မီး

ခါကျင်ကောင် = ပုရွတ်ဆိတ်

တောက်ဆိတ် = ပုဇွန်ဆိတ်

ဆောင်မှီးခါးရသည် = နှာစေးသည်

ဘဇွန် = ဂဏန်း

ဖက်၀င်ပင် = နံနံပင်

ရှပ် = လင်းကွင်း

အိုးစရယ် = ထမင်းရေ

ဒန့်တင် = ရေတံခွန်

ရာဇူ = ချိန်ခွင် 

အလေးမူ = ဂရုစိုက်

၀မ်းပါး (နှစ်ခြိုက်၀မ်းပါး၊ မြင်မိငြားလည်း၊ ရပ်ခြားလူ့ရွာ၊ မကျွမ်းပါသော်၊ ချင်းရာစိမ်းဆွဲ၊ မေတ္တာလဲခဲ့) = နှစ်သက်

မာလဖျင် = မျက်နှာကျက်

လဟော်ရွက် (လေဟော်ရွက်) = ဆူးပုတ်ရွက် 

ပေါင်သည် = ကူညီသည် 

အခွံနွေး = အခွံခွာ(နွှာ)

အရပ်အရှဲ့ရှဲ့ = အရပ်တူတူ 

ထမင်းလှုံ့ = ထမင်းကြော်

အရွေ့လုပ်သည် (အရွေ့တမင့်လုပ်သည်) = တမင်လုပ်သည် 

အရွေ့စသည် (နောက်သည်) = အလကားစသည် 

တောက်စာလင်း = ကိုယ်တုံးလုံး

(လုံချည်မပါခြင်း) = (လန်ကွက်တီ) 

အိမ်းမှုသည် = နှုတ်ဆက်

မာကြောလော = နေကောင်းကြလား

စက်ကလိပ်မွှေး = ချိုင်း (ဂျိုင်း)မွှေး

သရော်သည် = နောက်ပြောင်ပျက်ရယ်ပြုသည်

ပွန်သည် = ပလိသည် 

မွှန်းပင် = ပိုးစာပင် 

ငံ့သည် (ငံ့လင့်သည်) = စောင့်ဆိုင်းသည်

စိတ်ဆိုး၍ဟိုထုဒီထုဖြင့်ကြမ်းနေသည် = ကလ၀င်းသည် (ကလွင်းသည်)

ရှာဖွေစုစည်းတင်ပြချက် ဖြစ်ပါတယ်။ ကွဲလွဲချက်ရှိနေရင် ကျွန်တော့်တာဝန်။

Photo: Yaw Land - ယောမြေ's Post

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ