ပို့ပေးသူ ကျေးဇူး။
တတ် နဲ့ တက် ကို မှန်အောင် မရေးတတ်သူ ထောင်ပေါင်းများစွာထဲက တယောက်။
ခေတ် ကိုလည်း မှန်အောင်မရေးတတ်သူ ရာပေါင်းများစွာထဲက တယောက်။
ကိုယ်တွေ အသုံး ပေါ်လာတာ သိပ်မကြာသေး။
ဆရာဝန်ကတော့ ကိုယ်တွေ ဆိုတာတွေ့ရ၊ ကြားရတိုင်းမှာ ခန္ဓာကိုယ် တခုမကလား တွေးမိပါတယ်။
ဥပမာ ရင်ချင်းဆက်အမြွှာ။
တွေ ထည့်လိုက်ရင် အများဖြစ်တယ်။
ဥပမာ
(၁)
တို့တတွေ ရေချမ်းအိုးကြီး
(၂)
"အသီးတရာ အညှာတခု"
လက်ချင်းယှက်ကာ ပြေးကာလွှားကာ
ကျောင်းတက်လာကြတာတွေ
မြှောက်ကာပင့်ကာ ပညာသင်ပေးတဲ့
ဆရာများရဲ့ ဂုဏ်ကျေးဇူးတွေ
တို့တတွေက တို့ ရွာမှာနေ
တောင်သူလယ်သမားအဖြစ်နဲ့ ကျန်ရစ်နေခဲ့ပေ
မင်းတို့တတွေက မြို့ကြီးတွေဆီမှာရောက်နေ
ဟေ့သူငယ်ချင်းရေ ဟေ့သူငယ်ချင်းရေ
ဟေ့သူငယ်ချင်းရေ စက်ရုံကြီးတွေဆီ
ကြည့်စမ်းပါဦးလားလေ
တို့အပေါင်းအသင်း ရောင်းရင်းတွေများပေ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment