အမှားဆို အနီခြစ်၊ အမှန်ဆို အစိမ်းခြစ်
အမှားဆို အစိမ်းခြစ်၊ အမှန်ဆို အစိမ်းခြစ်
လာလာတင်ကြတယ်။
မှန်တာရယ်လို့ တခုတလေမှ မတွေ့ရ။
နောက်တခါလာတင်သူတိုင်းကို ဘလော့ ပါမည်။
ကွန်မင့်မှာ
ပြုတ်ရည် မှား
ပြုပ်ရည် မှန်လို့ လာတင်သည်။
လူကြီးမင်းတင်တာ မှားပါသည်။
ပြုတ် နဲ့ ပြုပ် အတော်ကို မတူပါ။
ပြုပ် – န / ဗျုတ် / အဖုအပြောက်ငယ်အစု။
ပြုပ်ဆတ်ဆတ် – ကြိဝိ / ဗျုတ်ဆတ်ဆတ် / အဖုအပြုပ်များဖြင့်
အပြင်ကြမ်းလျက်။ (ပြုပ်ရှုပ်ရှုပ်ဟူ၍လည်း သုံးသည်။)
ပြုပ်ထ – ကြိ / ဗျုတ်ထာ့ / အဖုအပိမ့်များ အစီအရီ စုပြုံ့
ပေါ်သည်။
ပြုပ်ရှုပ် – ကြိဝိ / ဗျုတ်ယုတ် / အထိအတွေ့ ကြမ်းတမ်း
ခက်ထန်စွာ။ အဖုအထူးငယ်များ ထိပွတ်လျက်။
ပြုပ္ပဘလဂုဏီနက္ခတ် – န / ဗျုပ္ပဗာ့ဖလဂုနိန်နက်ခတ် / ညောင်
စောင်း၏ရှေ့ခြေသဏ္ဌာန် ကြယ်နှစ်လုံးပါဝင်သော နက္ခတ်။
(ဥတ္တရဗလဂုဏီ တွဲလျက် လေးလုံး၊ ညောင်စောင်းသဏ္ဌာန်
ရှိသည်။ ပြုဗ္ဗာဖလဂုဏီဟူ၍လည်း ရေးသည်။) [သ]
ပြုပ္ပဘဒြဗုဒ်နက္ခတ် – န / ဗျုပ္ပဗာ့ ဗာ့ဒရဗိုက်နက်ခတ် / ညောင်
စောင်း၏ ရှေ့ခြေသဏ္ဌာန် ကြယ်နှစ်လုံးပါဝင်၍ တော်သလင်း
လတွင် စန်းယှဉ်ပြည့်သော နက္ခတ်။ (ဥတ္တရဘဒြဗုဒ်နှင့်
တွဲလျက် လေးလုံး၊ ညောင်စောင်းသဏ္ဌာန် ရှိသည်။ ပြုဗ္ဗာ့
ဘဒြဗုဒ်ဟူ၍လည်း ရေးသည်။) [သ]
ပြုပ္ပာသဠ်နက္ခတ် – န / ဗျုပ္ဗာသန်နက်ခတ် / ဆင်စွယ်သဏ္ဌာန်
ကြယ်နှစ်လုံးပါဝင်သော နက္ခတ်။ (ဥတ္တရာသဠ်နှင့်
တွဲလျက်လေးလုံး၊ ဆင်မခြေလှမ်းဟန်ရှိသည်။ ပြုဗ္ဗာသဠ်၊
ပြုဗ္ဗာသတ်ဟူ၍လည်း ရေးသည်။) [သ]
ပြုတ်၂ – ကြိ / ပျုတ် / တစုံတရာကို ရေ သို့မဟုတ် အရည်တွင်
ထည့်၍ မီးအပူတိုက်သည်။။
ပြုတ်၃ – ကြိ / ပျုတ် / အရွယ် အော်ဟစ်သည်။။ “ကြံ့ကဟောက်ရုတ်၊
ပြုတ်သည်အရွယ်၊ ချေငယ်က ဟောက်။” န ဝ ဒေး ရတု၊
၆၇။ ၁။
ပြုတ်ကြော် – န / ပျုတ်ကျော် / ၁၊ ဆီရောရေပါ တပေါင်းတည်း
ချက်ပြီး ရေခမ်းသည့်အခါ ဆီကျန်နှင့်မွှေထားသောစားဖွယ်။
၂၊ ပြုတ်ပြီးနောက် ဆီပူထိုးထားသော စားဖွယ်။ ၃၊ ကြော်
ပြီးနောက် ရေအတန်ငယ် ထည့်၍ ချက်သော စားဖွယ်။
ပြုတ်ချက် – န / ပျုတ်ချက် / အရည်ရွှမ်းစွာဆီကျန် ရေကျန်
ချက်ထားသည့်ဟင်း။
စာလုံးတွေမှာ -
- စံကိုက်စာလုံး
- မူကွဲစာလုံးမှန်များ
- မူလွဲများ
- မူပြင်များ နဲ့
- မူမှားတွေလို့ ရှိတယ်။
မြန်မာစာက တခွန်းဆိုင် မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment