ကူးယူတင်ပြပါသည်။
လှတောရွာထိပ်တွင် ဆိုင်းဘုတ်
စိုက်ထူဖို့ အလုပ်ရှုပ်နေကြသည်။
ဆိုင်းဘုတ်က..
"တဧက စပါးတင်းတရာ
အထက် ထွက်ရမည်" တဲ့ .. ။
လှတောရွာမှ လူအများ လာကြည့်ကြရင်း လှတောသားတယောက်က ဤသို့ဆို၏။
"ဆရာတို့ ..
ခင်ဗျားတို့ဆိုင်းဘုတ်က
စာတလုံး လိုနေတယ်ဗျ"
"မလိုပါဘူးကွာ အတိအကျ
ရေးထားတာပါ ဘာလိုလို့လဲ"
"လိုတာပေါ့ဆရာရယ် ..
ရှေ့ဆုံးမှာ “ဥုံ” ဆိုတာလေး
ရေးဖို့ ကျန်ခဲ့တယ်"
ကျေးဇူး။
“ဥုံ”
တဧက
တင်းတရာ
တောသားတယောက်
မှန်အောင် ရေးတတ်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment