ပြန်စာ
အဲလိုပြောတာမျိုး ခဏခဏဖတ်ရတယ်။
Boscia variabilis Collett & Hemsl. သည် Capparaceae (ကပ္ပါရီဆီအီး) မျိုးရင်းဝင် ပန်းပွင့်သော အပင်မျိုးစိတ်တမျိုးဖြစ်သည့် Hypselandra variabilis ၏ အမည်တူ (Synonym) ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူလပေါက်ရောက်သောအပင် ဖြစ်ပြီး ဒေသအခေါ်အားဖြင့် သမုန်း သို့မဟုတ် သမုန်းပင် ဟု ခေါ်ဆိုကြကာ ရာသီအလိုက် ခြောက်သွေ့သော အပူပိုင်းဒေသများတွင် ပေါက်ရောက်သည်။
အပင်၏ အချက်အလက်များနှင့် အမည်များ
မျိုးရင်း - Capparaceae (ကပ္ပါရီဆီအီး - caper family)
ဒေသအခေါ်အမည် - သမုန်း (မြန်မာ)
လက်ခံထားသော ရာဇဝင်ဝင် သိပ္ပံအမည် - Hypselandra variabilis (Collett & Hemsl.) Pax & K.Hoffm.
အမည်တူများ (Synonyms) - Boscia prunoides Gage၊ Bosciopsis variabilis (Kurz) B.S.Sun၊ နှင့် Niebuhria variabilis Kurz
အသုံးပြုမှုများနှင့် သုတေသနပြုချက်များ
ရိုးရာနှင့် ဆေးဖက်ဝင် တန်ဖိုး - မြန်မာနိုင်ငံတွင် ဤအပင်၏ အစိတ်အပိုင်းများ (ဥပမာ- ပန်းပွင့်များ) ၌ ဖလာဗိုနွိုက် (flavonoids) ဓာတ်များ ပါဝင်မှုနှင့် ရိုးရာဆေးဖက်ဝင် ဂုဏ်သတ္တိများကို လေ့လာစမ်းသပ်လျက်ရှိသည်။
ဇီဝကြွ အပင်တွင်းမှို/ဗက်တီရီးယားများ (Bioactive Endophytes) - Boscia variabilis အပင်တွင်းမှ ခွဲထုတ်ရရှိသော ဗက်တီရီးယား (ဥပမာ- Bacillus မျိုးကွဲများ) သည် ပြင်းထန်သော ဗက်တီရီးယားနှင့် မှိုသတ်ဓာတ်များ ပါဝင်သည့် ဒုတိယအဆင့် ဇီဝဒြပ်ပေါင်းများကို ထုတ်လုပ်ပေးကြောင်း သုတေသနများက ထောက်ပြထားပြီး၊ သဘာဝမှိုသတ်ဆေး (biofungicides) အဖြစ် အသုံးပြုနိုင်သည့် အလားအလာများကို ပြသနေသည်။
မှတ်ချက်
အပင်အမည်ရင်းက မြန်မာအဘိဓာန် အကျဉ်းချုပ်အရ သမုန်းပင် ဖြစ်ပါတယ်။
အရပ်ခေါ်ကို အမည်ရင်းလို့ မခေါ်သင့်ပါ။
ဥပမာ
သမုန်းပင်ကို အစွဲပြုလို့ "သမုန်းကုန်းရွာ" လို့ပေးကြတယ်။
ဒီရွာအမည်ကို "သမားမုန်းရွာ" လို့ မခေါ်သင့်ပါ။
နောက်တချက်
လူအများစားသုံးတဲ့ အသီး၊ အရွက်၊ အမြစ်၊ အပွင့်တိုင်းမှာ အာဟာရဓာန်တွေ ရှိတယ်။
သမုန်းပင်ကိုသာ အထူးပြုတာက ဆေးပညာအရ သင့်မှန်ခြင်းမရှိပါ။
နောက်တချက်
ရောင်းကုန်အမည်တွေကိုတော့ ရောင်းကောင်းအောင် အမည်ပေးတတ်ကြပါတယ်။ ရောင်းတဲ့သူကပြောတိုင်း မှန်ချင်မှသာ မှန်တယ်။
လူအမည်တွေကိုလည်း ကြိုက်တာပေးကြတယ်။
"မောင်ဖြူ" အသားညိုနိုင်တယ်။
"မလှ" ရုပ်မလှ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment