ရေး။ ။ စန္ဒရားငွေစိုး
ဆို။ ။ ကိုမောင်မောင်
စပယ်တကုံးဖြင့် သူ့ကို ပန်ပေးချင်တယ်၊
ကိုယ်ကိုယ်တိုင် ရွေးလို့သီမယ်။
မေးပါရစေ ပျိုခင်သက်ထားမျက်ခြယ်၊
ငြင်းပယ်မှာလား ချစ်သူရယ်။
ဖြူလွလွ ပန်းငွေစပယ်ကုံးသွယ်၊
ကြည်လင်ပျံ့မွှေး အေးကြူတယ်၊
ကိုယ့်မေတ္တာ စေတနာမိုးကကြွယ်၊
ချစ်ဦးသူအတွက် ပန်ပေးမယ်။
ဆံမြညှာ အထက်မှာကွယ်၊ ချစ်စရာ့ ငွေစပယ်ကုံးနဲ့ရယ်၊
ရင်ထဲမှာ ချမ်းမြေ့ဘွယ်၊ ပန်းအလှတကုံးနဲ့ သူတင့်တယ်။
စပယ်တကုံးဖြင့် - - - ချစ်သူရယ်။ ။
မှတ်ရန်
စပယ် မှာ သေးသေးတင် မပါ။
တကုံး မှာ စသတ် မပါ။
မျက်ခြယ် သည် မျက်ချယ် မဟုတ်။
ချင် သည် ခြင် မဟုတ်။
ချမ်းမြေ့ဘွယ် သည် ချမ်းမြေ့ဖွယ် မဟုတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment