(စ) မျက်စိဆရာ၀န် ရဲ့ CF ၁၀၀၀၀ ကျပ်။
သင်္ဘောသီး တလုံး ၁၀၀၀၀ ကျပ်။
သရက်သီး ၃ လုံး ၁၀၀၀၀ ကျပ် တဲ့။
ဘာမှားနေလဲ မသိဖူး။ (ဆုံး)
ကောက်ချက်
ယနေ့ခေတ်မှာ ဆရာဝန်ရတဲ့ တကြိမ်စမ်းသပ်ခသည် သင်္ဘောသီးတလုံး ဝယ်လို့ရ၏။
ကျွန်တော်ဆရာဝန်ဖြစ်စ ဆေးတလုံးထိုးပါက ပိုက်ဆံ ၅ ကျပ်ကနေ ၁၀ ရပါသည်။
အဲဒီခေတ်မှာ သင်္ဘောသီး၊ မာလကာသီး ဝယ်မစားကြရပါ။
တန်ဖိုးအပြောင်းအလဲများကား အံ့မခန်း။
သားသမီးတွေကို ဆရာဝန်ဖြစ်အောင် အားမပေးသင့်တော့ပြီလော။
သင်္ဘောပင်စိုက်ကြပါလေ။
စကားပုံလည်း ပြောင်းရတော့မည်။
"သင်္ဘောပင်စိုက် မိလိုက်ဖပါ"
"ငှက်ပျောပင်စိုက် မိလိုက်ဘပါ ဟူဘိသကဲ့သို့ လုပ်ရိုးလုပ်စဉ်ဖြစ်သော စပါးအလုပ်၊ ပဲအလုပ်စသည်တို့ကိုသာလျှင် လုပ်ကိုင်ကြလျက်..." [၁၂၈၁] သူရိယ၊ ၁၊ ၈။ ၆။
ငှက်ပျောပင် စိုက်လျှင် စိုက်သည့်မျိုးအတိုင်း အပင်ပေါက်သကဲ့သို့ သားသမီးတို့၏ စရိုက်သည်လည်း မိဘမျိုးရိုး၏ စရိုက်အတိုင်း ဖြစ်လာသည်။
အခြားဆိုလိုရင်းတခုမှာ ငှက်ပျောခြံ စိုက်ပျိုးလုပ်ကိုင်သူ၏ သားသမီးသည် ငှက်ပျောခြံ လုပ်ငန်းကိုပင် ဆက်လက် လုပ်ကိုင်သကဲ့သို့ မိဘ၏ အသက်မွေးမှုလုပ်ငန်းသည် သားသမီးများသို့ မျိုးရိုးစဉ်ဆက် ဆင်းသက်လိုက်လာသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment