ပြန်စာ
လက်ရွေးစင်၊ ခေါင်းစဉ် ကသာ မှန်တယ်။
ဉ ကို ဥ လို့ပြင်လိုက်ပါတယ်။
ဖတ်ရှု မှာ အောက်မြင်အပို မလိုအပ်ပါ။
တလုံး လို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
ဘူး နဲ့ ဖူး မှားနေတယ်။
လကိုမြင် ကြယ်စင်ဟုတ်ဘူး
ဒီးဒုတ် - ဦးဘချို
မြန်မာပြည်ကြီးသည် ရှေးက မကြုံခဲ့ မကြုံခဲ့ရဘူးသော စစ်ဘေး ဗုံးဘေးကြီးနှင့် ပက်ပင်းပါကြုံရသောအခါ ဆန်ကောအတွင်းတွင်ထည့်၍ လှိမ့်သော ဆီးဖြူသီးတို့ကဲ့သို့ ဆောက်တည်ရာ ရပ်တည်ရာမရကြဘဲ၊ စစ်ဘေးဗုံးကြောင့် အလုပ်အကိုင် အိုးအိမ်ကို စွန့်လွှတ်ပစ်ခွာ၍ ပြေးကြရကုန်သည်။ စစ်ပြေးများအနက် ဒီးဒုတ်မှာလည်း တဦးအပါအဝင်ဖြစ်သဖြင့် အညာတခွင်ပြဲပြဲစင်အောင် စစ်လမ်းရှေ့ကချည်း ပြေးပြီးနောက်မှ အောက်ပြည်အောက်ရွာသို့ ပြန်လည်ရောက်ရှိ လာသောအခါ လူကတွံတေးမှာ၊ စာအုပ်စာတမ်း မှတ်စုပရပိုက်တွေက ရွှေဘိုဆိပ်ခွန်မှာ၊ ဤကဲ့သို့ လူနှင့်စာအုပ်များ အိုစားကွဲနေတော့ ...
မှတ်ချက်
မြန်မာစာသတ်ပုံမှန်ခေတ်က ဖြစ်ပါသည်။
မြန်မာစာသတ်ပုံပျက်ခေတ်မှာ ဘူး၊ ဖူး နဲ့ ဗူးကို သင်ပေးတာကိုက မှားနေတယ်။
မြန်မာစာပြဿနာ တ နဲ့ တစ် သာ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment