ဆို ကိုတင်ထွဋ်
နှစ်ကိုယ်တူ ချစ်သောဘ၀၀ယ်
ထာ၀စဉ်မခွဲ
အသည်းမှဖွင့်လှစ်ရရင်ကွယ်
ရွှေပင်လယ် ကာဆီးလို့
ချောက်ကမ်းပါးတွေလည်း
ခြားပါစေကွယ်
ကျောက်သားကျောက်ပွင့်မမာ
မေတ္တာဆိုတာလည်း ခိုင်မြဲနိုင်ရမယ်
တဦးဘ၀ တဦးရယ်
နားလည်သော်လည်းကွယ်
သိုင်း ဝိုင်း ရံရွေအလယ်
တင့်တယ်ဟန်ရေး
အစဉ်ပေးမှ ချစ်ဘ၀တွေမှာ
သာယာမယ်
ဘ၀ချင်းခြားစရာ
မေ မတွေးဝံ့တယ်
ဆွေးတသက်သက်
ဝေး ရမယ့် အဖြစ်ဆိုတာရယ်
သောကမုန်တိုင်း ပုံနှယ်..
တယောက်တလမ်းမခွဲလိုတယ်
မိုးမြင့်မှငွေကြယ်
ဆွတ်ချူမှန်းဆ
တမ်းတမနေ့နဲ့ကွယ်
လှရာရာ ကိုယ်တိုင်ရွေးလို့
သစ္စာပွင့်ပန်း လန်းရာမြေ၀ယ်
နှောင်တွယ်ချစ်မြဲ ချစ်ခါရယ်
ဆုံးဘ၀တိုင် မုန်းရမှာကို
မလိုလားတယ် . .
အချစ်စစ်ဆိုတာရယ်
တဦးပေါ် တဦးမှာ
ယုံကြည်မှုနဲ့ရယ်
ထာ၀စဉ်လက်တွဲ
ဆုံးဖြတ်ရဲရမယ်
သြော်အချစ်စစ်ဆိုတာရယ်
တဦးပေါ်တဦးမှာ
ယုံကြည်မှုနဲ့ရယ်
ထာ၀စဉ်လက်တွဲ
ဆုံးဖြတ်ရဲရမယ်
နှစ်ဦးသားရဲ့ အနာဂတ်ဘ၀တွေများရဲ့
နောင်တချိန်၀ယ်
တင်ကြိုတွေးဆကာ
ဝေး ရမယ့်အဖြစ်ကို
ကိုယ်မလိုတယ်...
နှစ်ကိုယ်တူ ချစ်သောဘ၀၀ယ်
ထာ၀စဉ်မခွဲ
အသည်းမှဖွင့်လှစ်ရရင်ကွယ်
ရွှေပင်လယ် ကာဆီးလို့
ချောက်ကမ်းပါးတွေလည်း
ခြားပါစေကွယ်
ကျောက်သားကျောက်ပွင့်မမာ
မေတ္တာဆိုတာလည်း ခိုင်မြဲနိုင်ရမယ်
တဦးဘ၀ တဦးရယ်
နားလည်သော်လည်းကွယ်
သိုင်း ဝိုင်း ရံရွေအလယ်
တင့်တယ်ဟန်ရေး
အစဉ်ပေးမှ ချစ်ဘ၀တွေမှာ
သာယာမယ်
ဘ၀ချင်းခြားစရာ
မေ မတွေးဝံ့တယ်
ဆွေးတသက်သက်
ဝေး ရမယ့် အဖြစ်ဆိုတာရယ်
သောကမုန်တိုင်း ပုံနှယ်..
တယောက်တလမ်းမခွဲလိုတယ်
မိုးမြင့်မှငွေကြယ်
ဆွတ်ချူမှန်းဆ
တမ်းတမနေ့နဲ့ကွယ်
လှရာရာ ကိုယ်တိုင်ရွေးလို့
သစ္စာပွင့်ပန်း လန်းရာမြေ၀ယ်
နှောင်တွယ်ချစ်မြဲ ချစ်ခါရယ်
ဆုံးဘ၀တိုင် မုန်းရမှာကို
မလိုလားတယ် . .
အချစ်စစ်ဆိုတာရယ်
တဦးပေါ် တဦးမှာ
ယုံကြည်မှုနဲ့ရယ်
ထာ၀စဉ်လက်တွဲ
ဆုံးဖြတ်ရဲရမယ်
သြော်အချစ်စစ်ဆိုတာရယ်
တဦးပေါ်တဦးမှာ
ယုံကြည်မှုနဲ့ရယ်
ထာ၀စဉ်လက်တွဲ
ဆုံးဖြတ်ရဲရမယ်
နှစ်ဦးသားရဲ့ အနာဂတ်ဘ၀တွေများရဲ့
နောင်တချိန်၀ယ်
တင်ကြိုတွေးဆကာ
ဝေး ရမယ့်အဖြစ်ကို
ကိုယ်မလိုတယ်။ ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment