Skip to main content

ရွှေသွေးဂျာနယ် စာမူမှစာစောင်အဖြစ်သို့


ရွှေသွေးကလေးတို့အတွက် ရောင်စုံကာတွန်းများ ဖြစ်လာပုံမှာ အဆင့်များစွာရှိသည်။ စာရေးဆရာများ၊ ပန်းချီဆရာကြီးများက စာမူများ၊ ရုပ်ပုံများ ပေးပို့သကဲ့သို့ စာရေး၊ ပုံဆွဲဝါသနာပါသူ လုပ်သား ပြည်သူ၊ ကျောင်းသူကျောင်းသားများကလည်း ပေးပို့ ကြ၏။
ရရှိလာသော စာမူများ၊ ပုံများ၊ ဒီဇိုင်းများကို စာတည်း(အယ်ဒီတာ)အဖွဲ့က ညှိနှိုင်းတည်းဖြတ် ရွေးချယ်ရပါသည်။ ယင်းတို့ လက်ခံအတည်ပြု၍ တည်းဖြတ်ပြီးသော စာမူများကို ပုံနှိပ်တိုက်ဘက်သို့ ပေးပို့ရသည်။ ပုံနှိပ်တိုက်သို့ရောက်လျှင် စာစီရမည့် အပိုင်းများ စာစီရန်၊ ပုံနေရာအထားအသို သရုပ်ဖော်ပြုပြင်ပေးရန် ပုံနှိပ်တိုက်ရှိ ပန်းချီဆရာများက ပြုပြင်ပေးရသည်။
စာစီပြီးရလာသော စာမျက်နှာများနှင့် ပုံများ နေရာတကျ ဟပ်မိအောင် မျက်နှာအလိုက် စက္ကူချောဖြင့် ပုံနှိပ်ပြီး စာတည်းဌာနသို့ ပြန်ပို့ရ၏။ စာတည်းအဖွဲ့က အမှားသန့်စင်အောင် စစ်ဆေးပြီး ပုံနှိပ်ဌာနသို့ ပြန်ပို့ရသည်။
ရရှိလာသော စာစီပုံနှိပ်ပြီး စာမူအချော၊ ဒီဇိုင်းအပြည့်အစုံကို ကင်မရာကြီးများဖြင့် ဖလင်ရိုက်ယူရပါသည်။ ရရှိသော ဖလင်မှ လုပ်ငန်းအဆင့်ဆင့်အတိုင်း အရောင်ခွဲရသည်။ ယခုရိုက်နှိပ်နေသောဤစာစောင်မှာ လေးရောင်ရိုက်ရသဖြင့် ဝါ နီ ပြာ နက် ဟူ၍ အရောင်လေးခါခွဲရသည်။ စက္ကူလိပ်အလိုက် ခေတ်မီစက်များပေါ်တင်လျှင်လည်း ဝါ နီ ပြာ နက် ကို တရောင်ပြီးတရောင် တပြိုင်နက် ရိုက်ရသည်။ စက္ကူလိပ်မှ ခေါက်ပြီး ဖြတ်ပြီး ထွက်လာသော ကာတွန်းစာစောင်သည် အဝါပြီးအနီ၊ အနီပြီးအပြာ၊ အပြာပြီးအနက်ဟူ၍ တဆင့်ပြီးတဆင့် ဖြတ်သန်း ပုံနှိပ်ခံပြီး၊ ခေါက်ပြီး ထွက်လာခြင်းဖြစ်သည်။
ခေတ်မီစက်ကြီးများမှာ တနာရီလျှင် တသောင်း နှစ်သောင်း ပုံနှိပ်နိုင်သော စက်ဖြစ်သဖြင့် နာရီပိုင်း အနည်းငယ်အတွင်း ပုံနှိပ်ပြီး၊ ဖြတ်ပြီး၊ ခေါက်ပြီး အဆင့်ဖြင့် ထွက်လာခြင်း ဖြစ်သည်။
ထွက်လာသော စာစောင်ကို သက်ဆိုင်ရာဖြန့်ချိ သူများက မြန်မာတနိုင်ငံလုံးရှိ မြို့နယ်များစွာသို့ စာတိုက်ကြီးမှတဆင့် မီးရထား၊ မော်တော်ကား၊ လေယာဉ်ပျံများဖြင့် ပို့ဆောင်ပေးရသည်။
ထို့ကြောင့် ရွှေသွေးစာစောင်များ အနယ်နယ် အရပ်ရပ်ရှိ အရောင်းဆိုင်များတွင် တပြိုင်နက် ရောင်း ချနိုင်ခြင်း ဖြစ်သည်။
ရွှေသွေးဂျာနယ် အတွဲ ၁၊ အမှတ် ၁ ကို ၁၉၆၉ ခု၊ ဇန်နဝါရီလ ၄ ရက်နေ့ (မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့) တွင် စတင်ထုတ်ဝေခဲ့သည်။
ယခုအခါ ပရိသတ်၏ အားပေးမှုကြောင့် အပတ် စဉ် စောင်ရေ တသိန်းနှစ်သောင်း ပုံနှိပ်ထုတ်ဝေနေရပြီ ဖြစ်သည်။
မှတ်ရန်
နေရာတကျ
တရောင်ပြီးတရောင်
တပြိုင်နက်
တဆင့်ပြီးတဆင့်
တနာရီလျှင်
တသောင်း နှစ်သောင်း
မြန်မာတနိုင်ငံလုံးရှိ (AI ပို့တာမှာ တ ကို စ သတ်ထားတယ်)
စာတိုက်ကြီးမှတဆင့်
တပြိုင်နက်
ရွှေသွေးကို ဖတ်ခဲ့သူတွေ အသက်ကြီးကုန်ကြပြီ။ ရွှေသွေးစာစောင်တွေမှာ မြန်မာစာကို မှန်အောင်ရေးပါတယ်။
အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းကြသူတွေထဲမှာ ရွှေသွေး မပါ။ မြန်မာစာ ပါသွားပြီ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ