Skip to main content

ရှေးခေတ်မြန်မာနိုင်ငံစာပေဆုများ




- ၁၈၃

စာပေသမိုင်း တလျှောက် ထင်ရှားသော မြို့စား-ရွာစား စာဆိုအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဥက္ကာပျံ.... စိန်တင်ရွာစား။

ပဒေသရာဇာ.... မန်ကျည်းရုံရွာ၊ စုဂွမ်းမြို့။

နဝဒေး-မင်းရာဇာ.... မြင်းခွာရွာစား။

ဒု-နဝဒေး.... ရွာဝေးရွာ၊ ဝက်မစွတ်မြို့။

စိန္တကျော်သူကျော်ထင်.... ယင်းတော်မြို့။

ဦးဖျော်.... ပုလိပ်ရွာ၊ ကျောက်ရင်း၊ တောင်သာမြို့။

ဦးပေါ်ဦး.... ယောမြို့၊ ဆောမြို့။

ဓမ္မသီရိကျော်ထင်.... ချောင်းဦး ၁၀ ရွာစား။

ဦးစ.... မြဝတီမြို့စား။

ဦးသာအောင်.... တောင်ခွင်မြို့စား။

မောင်နဂါး.... ပြင်စည်မြို့။

ဦးခိုင်.... ရွှေကျင်မြို့စား။

ဖိုးသူတော်ဦးမင်း.... စာမုန်းကြီးရွာ။

မောင်ဘဲကြီး.... မြန်အောင်မြို့၊ ပုသိမ်မြို့။

လူဦးမင်း.... ကန်ပြင်ရွာ။

ဦးရွှန်း.... ဆီးမီးခုံရွာ၊ သာထွန်းရွာ၊ ငနန်းရွာ၊ မြစ်ကိုင်းရွာ။

ဦးရွှေခြည်.... ဇလွန်မြို့၊ မဲဇလီရွာ။

၁၈၄ ရှေးဟောင်းစာပေသုတေသီဦး၏

ဦးပုည.... ရွာစည်ရွာ။

ဦးယမ်.... မကွေးမြို့။

ဦးကောင်း.... သပြေငါးရွာ။

ဦးလှိုင်.... ယင်းတော်မြို့။

ဦးစိ.... စဉ့်ကူးမြို့၊ ဆောမြို့။

ဦးချိမ့်... မြှောင်လှမြို့။

.... .... ....

ထင်ရှားသော ဘွဲ့ရစာဆိုအချို့မှာ အောက်ပါအတိုင်းပင် ဖြစ်ပါသည်။

အနန္တသူရိယ....

စတုရင်္ကဗလ.... သီရိမဟာ စတုရင်္ကဗလ။

နဝဒေး.... မင်းလင်္ကာ။

လှေလှော်မှူး၃၀၀၀-မှူး.... တောင်ငူနဝဒေး၊ ရာဇဗလ၊ ရာဇဗာဟု၊ ရာဇဒေဝ။

မင်းဇေယျရန္တမိတ်....

ပဒေသရာဇာ.... လင်္ကာရွှေတောင်၊ တုရင်ကျော်သူ၊ မင်းရဲ မင်းလှကျော်ထင်၊ နတ်သျှင်နောင်၊ သုန်းတော်မြတ်၊ ပဒေသရာဇ်။

ရွှေတောင်နန္ဒမိတ်....

လက်ဝဲသုန္ဒရ.... မဟာသီဟသူရ။

ရှေးခေတ်မြန်မာနိုင်ငံစာပေဆုများ - ၁၈၅

လက်ဝဲနန္ဒရထာ.... လက်ဝဲသုန္ဒရ၊ စည်သူကျော်ထင်၊ နေမျိုးသီရိဇေယျကျော်ထင်၊ နေမျိုးမဟာကျော်ထင်၊ နေမျိုးမဟာသင်္ခယာကျော်ထင်၊ မင်းကြီးကျော်ထင်၊ ရတ္ထကျော်စွာ၊ ပျံချီကျော်ထင်။

စွန်းသင်းမင်းကြီး ဦးထွန်းညို.... စိန္တကျော်သူ.... မဟာသင်္ခယာမဟာစည်သူ။ ဦးဩ ရွှေတောင်ရာဇကျော်၊ မဟာဇေယျသင်္ခယာ။

ဦးယာ.... နေမျိုးမင်းလှကျော်သူ၊ ဒေဝသီရိကျော်ထင်။

ဦးဖျော်.... မင်းရဲရာဇ၊ သီရိပက္ကတံ။

ဦးနု.... ဒုနဝဒေး၊ ကျော်ထင်ဇေယျသူ၊ မဟာသင်္ခယာစည်သူ၊ မဟာသီရိစည်သူ၊ ဥတ္တမသီရိမဟာသင်္ခယာ။

ဦးပေါ်ဦး.... မဟာဇေယျသင်္ခယာ၊ သတိုးမင်းကြီး မဟာမင်းလှနန္ဒရထာ၊ သီရိမဟာနန္ဒသင်္ကြံ။

ဦးစ.... နေမျိုးဇေယျသူရ၊ မဟာသီရိဇေယျသူ၊ မင်းကြီးမဟာသီရိသူရသူ။

မောင်နဂါး.... မင်းရဲသီဟ၊ မင်းရဲသီဟကျော်၊ သတိုးမင်းရဲနရာ။

ဦးမင်း.... မင်းထင်သက်ရှည်၊ စိန္တကျော်ထင်။

၁၈၆ ရှေးဟောင်းစာပေသုတေသီဦး၏

ဦးရွှန်း.... နန္ဒကျော်ခေါင်၊ မဟာ မင်းလှမင်းခေါင်။

မောင်ဘဲကြီး.... မင်းရဲကျော်ခေါင်၊ မဟာဓမ္မရာဇာ။

ဦးရွှေခြည်.... သီရိရာဇသူ၊ နေမျိုးစည်သူ၊ မင်းလှရာဇကျော်ထင်။

ဦးချိန်.... မဟာဇေယျသင်္ခယာ။

ဦးပုည.... မင်းလှသင်္ခယာ။

ဦးယမ်.... မဟာသီရိဇေယျသူ။

ဦးကောင်း.... မင်းလှသင်္ခသူ၊ မဟာစည်သူ။

ဦးလှိုင်.... မင်းလှစည်သူ။

ဦးချိမ့်.... နေမျိုးဇေယျသူ၊ မင်းလှ ဇေယျသူ၊ သီရိမဟာဇေယျသူ။

အဲလိုမှတ်တမ်းမျိုး ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်အတွက် ပညာရှင်များစာရင်း မရှိသေးပါ။

#ရှေးစာကဗျာများ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ