ကျေးဇူးတင်ပါတယ်ဆရာ “သူသိပ်စေ့စစ်သေချာတာပဲ” လို့ ရေးရမလားဆရာ
စေ့စပ်သေချာ
(၂)
ကျေးဇူးတင်ပါတယ်ဆရာ သူသိပ်စေ့စစ်သေချာတာပဲ” လို့ ရေးရမလားဆရာ
တင်ထားတဲ့စာထဲမှာ စေ့စစေ့စစ်သေချာလို့မရှိပါကြောင်းပါတယ်။
ဘယ်သူတွေက စေ့စစ်လို့လုပ်နေကြသလဲ မသိပါ။
ဂျုံစေ့
စေ့ကုတ်
စေ့င
စေ့ငူ
စေ့စပ်သေချာ
စေ့စုံ
စေ့စေ့ကြည့်
စေ့ဆော်
စေ့ပွတ်
စေ့မြေ
ဆန်စေ့
တံခါးကိုစေ့ထားပါ
နှမ်းတစေ့နဲ့ ဆီမဖြစ်
နှမ်းတစေ့နဲ့ ဆီမဖြစ်
ပဲစေ့၊
မျိုးစေ့
ရွေးစေ့
သစ်စေ့၊
အကြွေစေ့၊
အဲဒီအစေ့တွေကို ရေတွက်စစ်ဆေးတာဆိုရင်တော့ ရွေးစေ့စစ်နေသည်။ ပဲစေ့စစ်နေသည်။
(၃)
ပြောတဲ့အသံကတော့ စေ့စပ် လို့ထွက်တာပါပဲဆရာ သို့သော် စေ့စပ် လို့အသံထွက်ပြောနေတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကအကျန်မရှိစေရအောင် အလှပ်မရှိရအောင် စီစစ် စီမံတယ်လို ဆိုလိုတာ ဆိုတော့ စေ့စစ်ရေးတာ ပိုအဓိပ္ပါယ်ရှိပြီး မှန်မလားလို့ပါဆရာ
၂ ခါတိတိဖြေထားပြီး။
လူကြီးမင်းသဘောသာဖြစ်ပါသည်။
ခေတ်ကတော့ လွဲလေ၊ မှားလေ၊ လိမ်လေ အလုပ်ဖြစ်လေ။
ပိုက်ဆံရှာ၊ လူရှာလို့လည်း ရသတဲ့။ (ကန်တော့)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment