Skip to main content

စေ့




ဆရာ မင်္ဂလာပါခင်ဗျား  စေ့စစ် တယ်လို့ရေးရင်မှန်ပါသလားဆရာ မြန်မာစာ အဘိဓာန် မှာတော့ စေ့စစ် ဆိုတာ မတွေ့ရလို့ပါ ဆရာ စေ့စပ်သေချာ လား စေ့စစ်သေချာလား ခင်ဗျား

ပြန်စာ

မြန်မာအဘိဓာန် အကျဉ်းချုပ်ထဲမှာ စေ့စစ် လို့ မပါ။

စကားအရာမှာတော့ -

ဆရာသည် ကျောင်းသားတွေကို စေ့အောင် (လူတိုင်းစေ့) စစ်တယ်။

စေ့

စေ့¹ – [ကြိ] / စေ့ / စီ / ၁။ အရေအတွက် ပြည့်စုံသည်။ “ရှင်မသားကို၊ ထင်ရှားမတွေ့၊ ယခုနေ့လျှင်၊ စေ့၏တလ၊ ကြာမြင့်စွာ။” ဘူလင် ၂၆၀။ ၂။ အကြွင်းအလပ် မရှိ။ “အိမ်ပေါက် စေ့ လိုက်ရောင်းစားပေါ့။” ငါးဦး။ ၃၃။ ၃။ (သတ်မှတ်သောအချိန်သို့) ရောက်သည်။ “အခါစေ့က၊ အောင်မြေ မှန်ရဲ၊ ဘွားကုန်းမြေသို့။” ပါမီ* ၄၃။ ၄။ အကြားအလပ်မရှိ ထိပ်သည်။ ယင်းသို့ ထိပ်စေသည်။ “မစေ့*ဟောင်းလင်း၊ လူခံတွင်းတွင်၊ ကျင်းကျင်းကျံကျံ၊ ချီးမွမ်းသံတည့်။” ပါမီ* ၁၅၅။ “တံခါးကိုမူ စေ့ထားလေသည်။” မိုးရိပ်။ ၄၂။ ၅။ စေ့စပ်သည်။

– [ကြိဝိ] / စေ့ / စီ / သေချာစွာ။

စေ့² – [န] / စေ့ / စီ / ၁။ သစ်သီးထဲရှိ မျိုးလောင်းဖြစ်သော အဆန်။ အစေ့။ ၂။ ယင်းအစေ့နှင့် သဏ္ဌာန်တူသော အရာမျိုး။ “စပါးတလုံး၊ ဆန်တစေ့မျှသော်လည်းကောင်း မသွင်းရအောင် စီရင်တော်မူ၏။” ကုလား၊ ဒု၊ ၂၀၂။ “မတ်စေ့ ကျပ်စေ့၊ မလေ့သောင်းပြောင်း၊ ရုပ်ပေါင်းထူးထွေ၊ ရွှေငွေ ပြားရွက်။” ကုသ* ၁၆၆။ ၃။ အန်ခတ်ကစားရသော အဆန်။ အန်စာ။ “မငြီးမငွေ့၊ အန်မှာစေ့၊ ခတ်၍တလေလေ။” ကဝိသတ်* ၁၆၅။

စေ့³ – [စည်း] / စေ့ / စီ / ဝန်ခံခြင်း၊ တိုက်တွန်းခြင်း၊ တောင်းတခြင်း စသည်တို့ကို ဖော်ပြရာတွင် ကြိယာနှင့်တွဲဖက်သုံးသော စကားလုံး။ (စေ့နှင့် အသုံးတူသည်။) “ပြန်ရပါစေ့မယ်။” မယ်ဖြူ။ ၄၆။

စေ့ – န / စေ့ / ဆင်ကို ခေါ်ရာတွင် သုံးရသော စကားလုံး။

“ဆင်မှာကားစေ့၊ ဝက်မှာလေ့၊ ခေါ်၍ကျွေးမွေးပေး။” ကဝိသတ်* ၁၅၄။

စေ့ကောက် – ကြိ / စေ့ဂေါက် / စိဂေါက် / သစ်သားစရွေးတံ ပြုလုပ်သည်။ စိကောက်သည်။

စေ့ကောက်လွှ – န / စေ့ဂေါက်လွှ / စရွေးလုပ်ရာတွင် အသုံးပြုသော လွှ။

စေ့ငှ – ကြိ / စေ့ငှ / ပြည့်စုံသည်။ နှံ့စပ်သည်။ စုံလင်သည်။ အကြွင်းအလပ် မရှိ။ “စေ့အောင်ဝယ်လို့၊ လှူစမ်းပါ။” မှူ၊ ပ။ ၁၄၁။

စေ့ငှ – ကြိ / စေ့ငှ / ၁၊ [ပေါ] စဉ်းစားသည်။ ဆင်ခြင်သည်။

၂၊ သိရအောင် ကြိုးစားသည်။ “မြန်မာ့အမှူ၊ မှတ်တခုဖြင့်၊ စေ့ငှရှာဖွေ၊ ရတတ်စေလော။” သံ* ၁၅၅။

၃၊ ပြည့်စုံသည်။ သေချာသည်။ တိကျသည်။ “ကောင်းစွာရှာဖွေ ကြည့်ရှုစေ့ငှပြီးလျှင်။” သင်နည်း။ ၁ဂ၄။

စေ့စေ့ – ကြိဝိ / စေ့စေ့ / စိစိ / အပြည့်အစုံ။ အကြွင်းမရှိပဲ။ သေသေချာချာ။ “ဤအရာကိုလည်း စေ့စေ့နှလုံးသွင်း၍ မိန့်တော်မူပါ။” သမန်း၊ ပ။ ၂၅၅။

စေ့စေ့ကြည့် – ကြိ / စေ့စေ့ကျိ / စိစိကျိ / သေသေချာချာ ရှုကြည့်သည်။

စေ့စပ် – ကြိ / စေ့ဇတ် / ၁၊ သဘောတူညီချက် ကျေအေးချက် ရရှိရန် တိုင်ပင်ဆွေးနွေး ဆက်သွယ်သည်။ “ပြည်တွင်းစစ် လမ်းစဉ်ကိုလိုက်နေတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေကို အစိုးရ ကခေါ်ပြီး စေ့စပ်ပါအုံး။” ဝဲလမ်း။ ၄။ ၂၊ ယောက်ျား မိန်းမတို့ မင်္ဂလာဆောင်ရန်အတွက် စကားအဆက်အသွယ် အစီအစဉ် လုပ်သည်။ ကြောင်းလမ်းသည်။ မြန်းသည်။ “မောင်သီဟနှင့်...အေးရင်တို့ လူကြီးချင်း စေ့စပ်လိုက်ကြပြီး။” မိုးမြေ။ ၁၇၃။ ၃၊ ယှဉ်တွဲသည်။ ပေါင်းဖက်သည်။ “အသက်မသင့်၊ မတင့်မအပ်၊ စေ့စပ်ဘယ်သို့၊ ပြုချေမြို့အံ့။” ဘူလင်* ၁၃၂။ ၄၊ သိပ်သည်းသည်။ ကျနသည်။ သေချာသည်။ “မြို့မည်သည်ကား...အင်္ဂတေအတိလည်း ချောမေ့ စေ့စပ်စွာ၏။” ရာကျော်။ ၂၅။ ၅၊ အမှုကိုစုံကို ညှိနှိုင်း ဆောင်ရွက်သည်။ “အမြန်သွား မီးရထားနှင့် လိုက်ရအောင် စေ့စပ်ပါ။” ပြင်သစ်မှတ်။ ၃ဂ။

စေ့စပ်ရေး – န / စေ့ဇတ်ယေး / သဘောတူညီချက် ကျေအေးချက် ရရှိရန် တိုင်ပင်ဆွေးနွေး ဆက်သွယ်ခြင်း။ “ငြိမ်းချမ်းရေးကိုသာ လိုလားပါသည်။ စေ့စပ်ရေး လုပ်လိုပါသည်။” နစ်ကျော်။ ၃။

စေ့ဆော် – ကြိ / စေ့ဆော် / ၁၊ အားပေးသည်။ တိုက်တွန်းသည်။ “မင်းကြီး။ စေတနာသည် စေ့ဆော်ခြင်းလက္ခဏာ ရှိ၏။” မိလိန့်။ ၉၅။ ၂၊ အားထုတ်သည်။ ကြိုးစားသည်။ “တအောက်မေ့မေ့ ညည့်နေ့ကြိုးစား၊ စေ့ဆော်ငြားလည်း.... ဈာန်မရမည် စိပ်စိပ်မထင်။” သံ* ၁။

စေ့မြေ့ – ကြိ / စေ့မျေ့ / ၁၊ သေချာကျနသည်။ သေသပ်သပ်ရှိသည်။ “အိမ်ထောင်ပစ္စည်း၊ ဆည်းသမျှကို၊ စေ့မြေ့သေဝတ်၊ စောင့်ရှောက်တတ်၏။” ကိုး* ၁၅၀။ “ကုန်သည် သားလျှင်၊ သိုထားပစ္စည်း၊ သိမ်းဆည်းစေ့မြေ့၊ ထုတ်၍ ရှုံးစု၊ ကုန်ရင်းပြုလျှက်။” ရာသီ* ၁၆။ ၂၊ ပီပီပြင်ပြင်ရှိသည်။ “မြို့သူမလေး၊ စေ့မြေ့ဟန်ပန်း၊ ဆင်းနတ်ကြန်းနှင့်။” ကုသ* ၅။

စေ့ရွက် – န / စေ့ယွက် / စိယွက် / သစ်စေ့မှထွက်သော အပင်ငယ်တွင် ပထမဆုံးဖြစ်သောအဓိကရွက်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ