Skip to main content

ရှားစောင်းလက်ပတ် ရှားစောင်းပြာသဒ်

ပုံနဲ့အတူ တင်ထားသူ = အညာစာလေး ပဒုမ္မာဖူးလို့လည်း ခေါ်ကြတဲ့ တဇောင်းပြဿဒ် (ရှားစောင်းပြဿဒ်)ပွင့်တွေက မြင်းခြံဘက်ကရွာတွေမှာ သိပ်ပေါတာ။ ခြံစည်းရိုးတွေမှာ ဖွေးနေအောင် ပွင့်ကြတယ်။

အမည်အခေါ်တွေက တယောက်တမျိုး၊ တရပ်နှစ်မျိုး၊ တနယ်သုံးမျိုး။

အဘိဓာန် လှန်ရပါတယ်။

တစောင်း၁ – ကြိဝိ / ဒဇောင်း / ၁။ နံပါးဖြင့် လျောင်းလျက်။ “မြင်းနံစောင်းဝယ်၊ ဘယ်ညာ တစောင်း၊ တဖျဉ်ပြောင်းလျက်။” တန်ရ* ၂ (၃)။ ၂။ တည့်တည့်မတ်မတ်မဟုတ်။ တူရူ မဟုတ်။ ခပ်ရွှေရွှေ။ ခပ်ရွဲရွဲ။ “ချုံစပ်ပတ်ချောင်း၊ တစောင်းငဲ့ကြည့်၊ လည်လှည့်လာသွား။” ဘလ္လာ* ၇၂။

တစောင်း၂ – န / ဒဇောင်း / ရှားစောင်း–န၊ ရှု။

တစည် – န / ဒဇီ / တံစည်–န၊ ရှု။ “စောင်းထောင်ကြည့်စိန်း၊ ရဲဝဲထန်းတို့၊ ကြောက်မိန်းမူးဝေ၊ တစည်ရွှေသော၊ မဲသေတတ်လျှင်း၊ အစိုးကြွင်း၍။” ရာသီ* ၁၂၇။

တစည်တလုံး – ကြိဝိ / ဒဇီတလွန်း / ညီညီညွတ်ညွတ် ပူးပေါင်းလျက်။ “တပဲ့များစွာတို့က ဆရာကြီးနှင့် တစည်တလုံး ပေါင်းရုံးမကွေ.... အမြဲဆည်းကပ် နေထိုင်ပါမည့်အကြောင်းနှင့် ခွင့်တောင်းကြပြီးခါ။” ဒေါင်းသစ်။ ၈၅။

တစိမ့် – န / ဒဇိမ့် / ၁။ လေးပုံလျှင် တပုံရှိသော ပမာဏ။ ၂။ ပဆစ်ပစ်ရာတွင် ကြွေတစေ့မှောက်၍ ငါးစေ့လန်သော အနေအထား။

တစိမ့်တဒေသ – န / ဒဇိမ့်ဒဒေသ / အနည်း အကျဉ်း။ အချို့။ “ထိုဒေသနာစကားသည် တစိမ့်တဒေသ အားဖြင့် မှန်ပေ၏။” သာသမ်။ ၃၀၄။

တစိမ့်တမ်းတည်း – ကြိဝိ / ဒဇိမ့်တန်းဒဲ / သဘောချင်း ထပ်တူထပ်မျှ။ စိတ်တူသဘောတူ။ တသဘောတည်း။

ရှားစောင်းချဉ် – န / ယှဇောင်းဂျင် / လေးမြှောင့် သဏ္ဌာန် ရွက်လက်များ အဆစ်လိုက်ပြာထွက်၍ ချဉ်ဖန်ခါးသောအရာ သာရှိသည့် ဟင်းချက်စားရသော ရှားစောင်းတမျိုး။

ရှားစောင်းပြာသဒ် – န / ယှဇောင်းဗျတ်သတ် / ရွက်လက်များ အဆင့်ဆင့်ပွားထွက်၍ အလွန်မြင့်သည့်တိုင် ကြီးရင့်ပေါက်ပွားတတ်သော၊ ခြံစည်းရိုးအဖြစ် စိုက်လေ့ရှိသည့် ရှားစောင်းတမျိုး။ (ရှားစောင်းကြီးဟူ၍လည်း ခေါ်သည်။)

ရှားစောင်းမြင်းနား – န / ယှဇောင်းမျင်နား / အမျှားဝိုင်း၍ မြင်း၏နားရွက်သဏ္ဌာန် ပင်စည်ပွားရွက်လက်များ၊ ပင်စည်၏ ဝဲယာနှစ်ဖက်မှ ပြာထွက်လေ့ရှိသော ခြံစည်းရိုးအဖြစ် စိုက်လေ့ရှိသည့် ရှားစောင်းတမျိုး။

ရှားစောင်းလက်ညှိုး – န / ယှဇောင်းလက်ညှိုး / ပင်စည်ပွား ရွက်လက်မှာ လုံး၍ရှည်ပြီး၊ အဆင့်ဆင့်ပြာထွက်လေ့ရှိသော၊ အရည်ကို နားကိုက် ပျောက်စေရန် အသုံးပြုရသော ရှားစောင်းတမျိုး။

ရှားစောင်းလက်ပတ် – န / ယှဇောင်းလက်ပတ် / ခါးသော အနှစ်သားကို မုန့်ခါးအဖြစ် ပြုပြင်အသုံးပြုရသော၊ အခြေမှ ရွက်ချွန်းများ ပတ်လည်ပြာထွက်သော ရှားစောင်းတမျိုး။

ရှားပါး – နဝိ / ယှာဗား / ၁။ ရနိုင်ရန်ခက်ခဲသော။ ၂။ အလွန်နည်းသော။ “ဒုဗ္ဘိက္ခ။ ငတ်မွတ်ရှားပါးသောအခါ၌။” နရ။ ၁၅၆။ ၃။ ဈေးကြီးမြင့်သော။

ရှားပါးစရိတ် – န / ယှာဗားဇရိတ် / ကုန်ဈေးနှုန်း မြင့်တက်သည့်အခါမျိုးတွင် လစာ၊ အမှုထမ်းများ၏ သက်သာချောင်ချိမှုအတွက် ဖြည့်စွက်ပေးသော ငွေ။

ရှားဖြူ – န / ယှားဗျူ / ချဉ်ဖန်သောအရာသာရှိသည့် အသီး၊ အသီးလုံးငယ်များသီးသည့်၊ အပူပိုင်းဒေသ သစ်တောများတွင် ပေါက်ရောက်သော ပင်စောက်တမျိုး။ (ဆီးဖြူ၊ သဘောၤဆီးဖြူ၊ သျှိသျှား၊ ရေသျှိသျှား စသည်ဖြင့်လည်း ခေါ်သည်။)

ရှားမီးကျ – ကြိ / ယှားမီးဂျ? / [ဗေဒင်] မိမိ ဇာတာအရ အကျိုးပျက်စီးအံ့သောအခါနှင့် တိုက်ဆိုင်သည်။

ရှားရောင် – န / ယှားယောင် / ရှားစေး၏ အရောင်ဖြစ်သော နီညိုရောင်။

ရှားရည်ပါးရည် – ကြိဝိ / ယှားယေပါးယေ / ၁။ ဈေးနှုန်းကြီးမြင့်စွာ။ ၂။ ရနိုင်ခက်ခဲစွာ။ “ရှားရည်ပါးရည် ဖြစ်နေသောကြောင့် တောင်းသမျှပင်ပေး၍ ဝယ်ခဲ့ရ၏။” မျက်ပွင့်၊ ၂။ ၁၅၃။

"မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း"

တန်ဆောင်းပြာသာဒ် ကျောင်းဇရပ်တွေနဲ့

ကောင်းမြတ်မနသီ ရွှင်ကြည်မနောဝယ်

ရေကြည်လျှံမြ ကန်အလှဝယ်

ညနေညို နှမမေပျို ရေချိုခပ်တယ်

အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်ညောင်းလို့ရယ်

တန်ဆောင်း နဲ့ ပြာသာဒ် ကို မှားရေးနေတာတွေ တွေ့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ