Skip to main content

စ နဲ့ ဆ အတော်ကိုမှားနေကြတယ်

မေးခွန်းတခု = စိတ်အပျက်ဆုံးက အစာစားနေတာကို ဆွဲနေပြီလား ဆွဲ ဆွဲ ပြောခံရတာ အမုန်းဆုံး။ကိုယ်က ထမင်းသုံးဆောင်ပါအုံး ပြောတာတောင် တဖက်က ဆွဲ ဆိုတော့ အလွန်စိတ်ဓာတ်ကျတယ်

စ နဲ့ ဆ အတော်ကိုမှားနေကြတယ်။

စွဲ ဆွဲ

စာ ဆာ

စုံ ဆုံ

စီ ဆီ

စိုး ဆိုး

ပျိုးခင်းတေးသံ (ကလေးကဗျာ) တင်မိုး 

=> စ -

စလုံး စလုံး

ချိုပြုံးပြုံး

တခါတုန်းက စပယ်ကုံး

ဟော… သည်လိုပြုံး။

=> ဆ -

ဆလိမ် ဆလိမ်

ဦးသုံးကြိမ်

ကျောင်းတက်ခေါင်းလောင်း ထိုးတဲ့ချိန်

ဆလိမ်ဆိုတာ ဆိုဆုံးမ

တခါတုန်းက ဆရာမ

ဟော… သည်လိုဗျ။

စ - စပယ်ဖြူ၊ မွှေးကြူကြူ။ (စ သေးသေးတင် မပါရ)

ဆ - ဆရာကြီး၊ ခေါင်းလောင်းတီး။

ကကြီး ခခွေး - သျှိုးလိုက်ရတု

က-ကြီး တသွယ်၊ ခ-ခွေးဝယ်နှင့်

ဂ-ငယ် ဃ-ကြီး၊ င-တသီးမှာ

အပြီး စ-လုံးသာ။

ဆ-လိမ် ဇ-ကွဲ၊ ဈ-မြင်ဆွဲနှင့်

ည-လည်း အဝင်ပါတည်း။ … သျှိုး


1. Sushi ဆူရှီး လား စူရှီး လား https://burmese-spelling.blogspot.com/2024/05/sushi.html

2. ကူးစက် ကူးဆက် https://burmese-spelling.blogspot.com/2022/09/blog-post_297.html

3. စ နှင့် ဆ https://burmese-spelling.blogspot.com/2024/08/blog-post_863.html

4. စ နဲ့ ဆ အမှားတွေ https://burmese-spelling.blogspot.com/2024/04/blog-post_572.html

5. စ နဲ့ ဆ အမှားတွေ အများကြီး ရှိသေးတယ်။ တခြားအမှားတွေလည်း အများကြီး။ အခုမှ စာဖတ်သူတွေက တ နဲ့ တစ်သာပြောနေတယ်ဆိုပြီး မတရားပုဒ်မ တပ်နေကြတယ်။

6. စက် ဆက် https://burmese-spelling.blogspot.com/2022/11/blog-post_490.html

7. စဉ် စင် ဆင် https://burmese-spelling.blogspot.com/.../blog-post_559.html

8. စမ်း နဲ့ ဆမ်း မှားရေးသူတွေ များများ များများလာတယ် https://burmese-spelling.blogspot.com/2022/10/blog-post_937.html

9. စလုံး ဆလိမ် https://burmese-spelling.blogspot.com/2023/10/blog-post_203.html

10. စလုံး နဲ့ ဆလိမ် မှားရေးနေတာတွေ အများကြီး https://burmese-spelling.blogspot.com/2025/02/blog-post_662.html

11. စလုံးနဲ့ ဆလိမ် သားလေးစာဖတ်ချိန် https://burmese-spelling.blogspot.com/2024/03/blog-post_85.html

12. စွယ် ဆွယ် စာ ဆာ https://burmese-spelling.blogspot.com/.../blog-post_597.html

13. စွဲ ဆွဲ https://burmese-spelling.blogspot.com/2022/08/blog-post_39.html

14. စွဲ နှင့် ဆွဲ https://burmese-spelling.blogspot.com/2023/09/blog-post_18.html

15. စာ ဆာ အဆာသွတ် အမှားများ https://burmese-spelling.blogspot.com/.../blog-post_115.html

16. စာ နဲ့ ဆာ https://burmese-spelling.blogspot.com/2024/05/blog-post_391.html

17. စိမ့် နဲ့ ဆိမ့် https://burmese-spelling.blogspot.com/.../blog-post_48.html

18. စို ဆို https://burmese-spelling.blogspot.com/2023/04/blog-post_34.html

19. စိုး နဲ့ ဆိုး မှားရေးတဲ့မေးခွန်းတွေ နေ့တိုင်းဖတ်နေရ https://burmese-spelling.blogspot.com/.../blog-post_982.html

20. စီ နဲ့ ဆီ မှားရေးတာတွေ များတယ် https://burmese-spelling.blogspot.com/2023/06/blog-post_564.html

21. စုံ နဲ့ ဆုံ https://burmese-spelling.blogspot.com/2023/02/blog-post_947.html

22. ဆပ် ဆက် https://burmese-spelling.blogspot.com/2023/10/blog-post_82.html

23. ဆား နဲ့ စား မှားနေသည် https://burmese-spelling.blogspot.com/2025/08/blog-post_806.html

24. တွန့်စရာ တို့စရာ တို့ဆရာ ဒို့ဆရာ https://burmese-spelling.blogspot.com/2025/12/blog-post_18.html

25. ရေဆက် နဲ့ ရေစက် https://burmese-spelling.blogspot.com/2025/03/blog-post_79.html

26. သောက်ဆမ်းလို့ ရေးရ https://burmese-spelling.blogspot.com/2026/05/blog-post_5306.html

27. အဆာသွတ်လို့ ရေးရတယ် https://burmese-spelling.blogspot.com/2022/09/blog-post_115.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ