ငါမသိလည်း
သူသိလေခဲ့
မေတ္တာဖွဲ့သည်
ဆိုးနွဲ့ ဘို့ပင် စေသလော။
ငါမှတ်မိလည်း
မသိလေဟန်
သူဆောင်ပြန်၏
ပေါ်ယံလောက
သူ့ဘဝသည်
ဆန္ဒရှိမှ ဖြေသလော။ (ဂုဏ်ဝင်း)
(ရှုမဝမဂ္ဂဇင်း ၁၉၆၂ ဒီဇင်ဘာလ)
မှတ်ရန်
လည်း နဲ့ ဘို့ အသုံးများ။
လဲ နဲ့ လည်း
ဖို့ နဲ့ ဘို့ တရားသေမှတ်ယူလို့ မရတတ်ပါ။
အခုခေတ်မှာ မြန်မာစာကို တချက်လွှတ်အမိန့်ပေးနည်းတွေနဲ့ သင်ပေးနေကြတယ်။ ခြွင်းချက်တွေ၊ မူကွဲတွေရှိတယ်။ မူပျက်တွေ များတယ်။
သင်ယူသူတွေကလည်း အထက်အမိန့်နာခံကြရသလို စဉ်းစားတွေးခေါ်မှု လုပ်လေ့မရှိသူကသာ များနေတယ်။
မှားရေးလည်း အမှတ်ပေး၊ ဂုဏ်ထူးပေးတဲ့ခေတ်။
ဆရာဆရာမတွေကလည်း အထက်အမိန့်ကို ကျိန်စာလိုမှတ်ယူနေကြတယ်။
ခေါင်းမိုးမလုံတာ ကြာပြီ။
နံရံကိုသာ ထုံးသုတ်နေကြတယ်။
ယနေ့ခေတ်မှာ ပညာဆိုသာ အပေါ်ယံသာတည်း။ အနှစ်သာရ ကင်းမဲ့၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment