ယတိ (မြန်မာ) = ပြောဆို ရေးသား ရွတ်ဖတ်ရာ၌ စကားအားလျော်စွာ ရပ်တန့် ခြားဖြတ်ရသောအပိုင်းအခြား။
ယတိဘေဒ (ပုဒ်ဖြတ်, ပုဒ်ရပ်) စသည်။
ယတိဘေဒ ခေါ် မြန်မာစာရေးနည်း မြန်မာစာရေးနည်း အကျဉ်းမှတ်ဖွယ် သံခိပ် နိယံ (၁) ကွက်လပ် ( ) ဝိဘတ်တလုံး၊ ဆုံးခဲ့တုံမှတ်၊ ပုဒ်နောက်ရပ်၊ 'ကွက်လပ်' ခြားရမည်။ ၄၁။ သင်္ချာကိန်းများ၊ သုံးလိုငြားက၊ ငါးလုံးတဖြာ၊ သုံးလုံးမှာ၊ ထားပါ 'ပုဒ်
ယတိ – န / ယဒီ / ပြောဆိုရေးသား ရွတ်ဖတ်ရာ၌ စကားအားလျော်စွာ တန့်ရပ်ခြားဖြတ်ရသော အပိုင်းအခွား။ “လင်္ကာ ယတိ၊ စောင်းသို့ ညှိ။” ဘူလင်* ၄၄၅။ [ပါ]
ယတိပြတ် – ကြိဝိ / ယဒီဗျတ် / အပြီးအပိုင် ပိုင်းခြားသတ်မှတ်လျက်။ ပြီးပြတ်စေလျက်။ “တခုခုကို ယတိပြတ် ဆုံးဖြတ်ထားပြီး။” မြတ်နိုး။ ၃၁၅။
ယတိမှတ် – န / ယဒီမှတ် / ယတိကို သိသာထင်ရှားစေသည့် အရေး သို့မဟုတ် ပုံနှိပ်အမှတ်အသား။ (အပြောက်စက် . ၊ တုံးတို – ၊ ခရေပွင့်* စသည်ကို ဖြစ်စေ၊ ပုဒ်အဆုံး၌ နေရာလပ်ခြားခွာ၍ဖြစ်စေ ဖော်ပြလေ့ရှိသည်။)
၂။ ဆရာခင်ဗျ။ တစ်ခု(တခု)လောက် မေးချင်လို့ပါ။ ဝတ္ထုရေးသားတဲ့အခါမှာ ကျနော်တို့ စာရေးသူတွေက စကားပြောကို "...." ဒိုင်ယာလော့ သင်္ကေတအတွင်းမှာ ထည့်သွင်းရေးသားလေ့ ရှိကြပါတယ်။ ကျနော်သိချင်တာက "မောင်မောင် ကျောင်းကို သွားပြီလေ။ခုလောက်ဆို ကျောင်းရှေ့ရောက်လောက်ပြီ။" ဆိုတာနဲ့ မောင်မောင် ကျောင်းကို သွားပြီလေ။ ခုလောက်ဆို ကျောင်းရှေ့ရောက်လောက်ပြီ" ဆိုတဲ့နှစ်ခုမှာ နောက်ဆုံးဝါကျမှာ "။ "ချခြင်းက မှန်သလား"။ "မချခြင်းက မှန်သလား သိချင်တာပါ။
" - " နဲ့ ' - ' တွေက မြန်မာစာရဲ့ မူလအသုံး မဟုတ်ပေမဲ့ အသုံးလည်းများလာ စနစ်လည်းပါလို့ သုံးသင့်ပါတယ်။
ယတိဘေဒ ကို မြန်မာစာကို အသက်မွေးမှုအရ ရေးသာနေသူတချို့လောက်ကသာ ရှိမှန်းသိကြမယ်ထင်ပါတယ်။ အယ်ဒီတာတွေထဲမှာလည်း တချို့လောက်သာ ရှိမှန်သိကြပါလိမ့်မယ်။
အဖြတ်အတောက် စတဲ့ ယတိဘေဒစည်းမျဉ်းတွေကို လိုက်တာသူဦးရေ နည်းပါတယ်။ ကိုယ့်အယူအဆနဲ့ကိုယ် ရေးနေကြတာက များတယ်။
နည်းပညာသစ်တွေကလည်း တိုးလာတော့ သင်္ကေတတွေကလည်း တမျိုးတမည်ဖြစ်လာတယ်။
အဲဒါကြောင့် မှန်တယ်၊ မှားတယ် အပြောရခက်တယ်။
ကျွန်တော်လည်း ကိုယ်မူနဲ့ ရေးပါတယ်။
၃။ ဗေဒကို ဗေဒ လို့ ရေးသင့်လား ဘေဒ လို့ ရေးသင့်လား ဆရာ။ ဓာတုဗေဒ၊ ရူပဗေဒ အားလုံးမှာ 'ဗ' သုံးကြပြီး အခုဆရာ့ ပို့စ်ထဲက ယတိဘေဒမှာ 'ဘ' သုံးတာ သတိထားမိလို့ပါ။ ကျေးဇူးပါ ဆရာ။
ယတိဘေဒ
ယတိ (မြန်မာ) = ပြောဆို ရေးသား ရွတ်ဖတ်ရာ၌ စကားအားလျော်စွာ ရပ်တန့် ခြားဖြတ်ရသောအပိုင်းအခြား။
လင်္ကာယတိ စောင်းသို့ ညှိ၍။
ယတိပြတ် (မြန်မာ) = အပြီးအပိုင် ပိုင်းခြားသတ်မှတ်လျက်။ ပြီးပြတ်စေလျက်။ တခုခုကို ယတိပြတ် ဆုံးဖြတ်ထားပြီး။
ယတိမှတ် (မြန်မာ) = ယတိကို သိသာထင်ရှားစေသည့် အရေး သို့မဟုတ် ပုံနှိပ်အမှတ်အသား။ (အပြော က်စက် .၊ တုံးတို -၊ ခရေပွင့် စသည်ကို ဖြစ်စေ၊ ပုဒ်အဆုံး၌ နေရာလပ် ခြားခွာ၍ဖြစ်စေ ဖော်ပြလေ့ရှိသည်။)
ဘေဒ (ပါဠိ) = ကွဲပြားခြင်း။ ပျက်စီးခြင်း။ အပြား။ အထူးအပြား။
ယတိ (ပါဠိ) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ စောင့်စည်းခြင်း။ ချုပ်တီးခြင်း။
မြန်မာစာရေးနည်း အကျဉ်းမှတ်ဖွယ် သံခိပ် နိယံ
(၁) ကွက်လပ် ( )
ဝိဘတ်တလုံး၊ ဆုံးခဲ့တုံမှတ်၊ ပုဒ်နောက်ရပ်၊ ‘ကွက်လပ်’ ခြားရမည်။
၄၁။ သင်္ချာကိန်းများ၊ သုံးလိုငြားက၊ ငါးလုံးတဖြာ၊ သုံးလုံးမှာ၊ ထားပါ ‘ပုဒ်ကန့်’ တည်း။
၄၃။ မျိုးတူ မည်ကွဲ၊ တကြောင်းထဲ၌၊ တွဲစပ် ရေးလျှင်၊ ဝင်လေ ‘ပုဒ်ကန်’့ တည်း။
(၉) မီးပြကလေး (‘ ‘)
၄၆။ တဆင့်ပြောဟန်၊ ကြံစည်ဟန်ကို၊ ရေးရန် ကြုံက၊ ‘မီးပြ’ ကြီး အတွင်း၊ ‘မီးပြ’ ကလေး ကိုသွင်း။
(၁၃) တဘက်ကွင်းရှည် - }
၅၆။ အရေးကြီးလာ၊ ကြောင်ခြင်းရာကို၊ ပေါင်းကာ စုကြ၊ ‘တဘက်ကွင်းရှည်’ ကို ပြ။
(၁၈) ချန်ကွက် ( … )
၆၁။ တမင်ချန်လျက်၊ အညွှန်းဆက်၊ ‘ချန်ကွက်’ ကိုသာ သုံးလေတည်း။
ယတိဘေဒ ခေါ် မြန်မာစာရေးနည်း https://burmese-spelling.blogspot.com/2023/12/blog-post_366.html
Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://burmese-spelling.blogspot.com/2023/11/punctuation.html
ယတိဘေဒ https://burmese-spelling.blogspot.com/2023/11/blog-post_144.html
ယတိဘေဒ ခေါ် မြန်မာစာရေးနည်း https://burmese-spelling.blogspot.com/2023/10/blog-post_213.html
Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://burmese-spelling.blogspot.com/2023/11/punctuation.html
ယတိဘေဒ အဆက် https://burmese-spelling.blogspot.com/2024/12/blog-post_632.html
စာရိုက်နည်း သံခိပ် https://burmese-spelling.blogspot.com/2024/09/blog-post_383.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment