အိမ်လခက၊ မည်မျှမည်ရွှေ့။
ကြွေးဗလပွ၊ မည်မျှဆပ်မည်။
ဆီဘိုးဆန်ဘိုး၊ ခြိုးခြံတချို့။
ဪ ... အသက်ရှူပင် မဝ ...
တလတလ၊ စာရင်းချ၍
ဘောဂဗေဒ၊ တွက်ချက်ရနှင့်
ဘဝထွေထွေ၊ စားဝတ်နေရေး
အဖြေတွေးထုတ်၊ ဦးနှောက်ရှုပ်ရင်း
ကျွန်ုပ်ရူးသွပ်သွားပြီတည်း။
ရည်ညွှန်း
လျှို့ဝှက်သဲဖို ၁၉၆၉ ဖေဖေါ်ဝါရီ
Listener's Heaven Audiobooks - အသံစာအုပ် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment