ဆို။ ။ မဉ္ဇူမြင့်
မေတယောက်ထဲ လမ်းလျှောက်မယ် × ကမ်းခြေနဘေးသဲသောင်ပြင်ဝယ် × စာရေးမယ် ဘတ်ကြမှတ်ကြကွယ် × ညွန်းတေးဖွဲ့လို့ အမြဲလွမ်းနေရတယ်။
ဇင်ယော်ကလေး မဝေးနဲ့ကွယ် × သဲပြင်တလွှား မနားပျံစေကွယ် × သဝဏ်ပါးမယ် ဝေးရပ်ခြားသို့ကွယ် × ပြောလိုက်စမ်းပါ အလွမ်းကဗျာလေးရယ် × အဖေါ်မပါဘဲ သူများတွေလှောင်ရယ် × သဲသောင်ကမ်းနားတလျှောက်ဝယ် တယောက်ထဲငေးထိုင်နေတာရယ် × ရူးသလား နှမ်းသလား ဆန်းပြားလွန်းလှတယ်တဲ့ × ဝိုင်းပြောကြတယ် × လှိုင်းတကျော့အစဝယ် ခဏခဏပျက်တော့ ခဏခဏရေးရအုံးမယ်ကွယ်။
မေတယောက်ထဲ လမ်းလျှောက်မယ် × ကမ်းခြေနဘေးသဲသောင်ပြင်ပေါ် × စာရေးမယ် ဘတ်ကြ မှတ်ကြကွယ် × ညွှန်းတေးဖွဲ့လို့ အမြဲလွမ်းနေရတယ် × အသဲစာရေးတော့ အသဲမှာဆွေးပေါ့ အတွေးစမ်းတဝါးဝါးကွယ် × မောင်လာလမ်းကို မှန်းလှမ်းလင့်တယ် × သဲစယမုံနာဝယ် × အမြဲဆုံကြတယ်။
မှတ်ရန်
သတ်ပုံမှန်ခေတ်က
တယောက်ထဲ ကို တယောက်ထဲ
တလွှား ကို တလွှား
တလျှောက် ကို တလျှောက်
လို့ တတိုင်းတပြည်လုံးမှာ ရေးကြတယ်။
အခုတော့ မေတယောက် သဲစယမုံနာမှာ မဆုံရရှာတော့ပါ။
ကောင်းရာ လားပါစေသတည်း။
ရူးသလား နှမ်းသလား ဆန်းပြားလွန်းလှတယ်တဲ့ မြန်မာစာရယ်။ (ကန်တော့)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment