Skip to main content

ရော နဲ့ ကော



ဆရာရှင့် ပုံထဲကစာသားအတိုင်း post တခုတင်ပါတယ်။ ပြောချင်တဲ့အဓိပ္ပါယ်က ဂျုံတွေဖိတ်လို့ လူစားဖို့ရောကျန်သေးလား ပြောချင်တာပါ။ ဒါပေမဲ့ ဂျုံတွေဖိတ်လို့ဆိုတာကို ထည့်မရေးမိပဲ ပုံထဲကစာအတိုင်း'' တကယ်မသိလို့ မေးတာနော် အဲ့မုန့်က လူရောစားရရဲ့လား” ဆိုပြီး စ နောက်တဲ့သဘောနဲ့ ရေးလိုက်မိပါတယ်။ စာကိုဖြတ်တောက်ထားတာမျိုးမရှိပဲ ဆက်ရေးထားတာပါ။ အဲ့စာရဲ့အဓိပ္ပါယ်က မုန့်ရဲ့အရသာက လူစားလို့မရနိုင်လောက်အောင်ဆိုးလို့ပြောတဲ့သဘော ရောက်ပါသလား။ မြန်မာစာမှာ အဖြတ်အတောက်ပေါ်မူတည်ပြီး အဓိပ္ပါယ်ကွဲသွားတယ်လို့လည်းသိထားပါတယ်ရှင့်။ အငြင်းပွားစရာဖြစ်နေလို့ ကျေးဇူးပြုပြီး ဖြေပေးပါရှင့်။ စာလုံးပေါင်းမှားနေရင်လဲ ပြင်ပေးပါဆရာရှင့်။

ပြန်စာ

ခဏနေ ပြန်ပါမယ်။ ပုံကို ဖေ့စ်ဘွတ်က အလိုလို ဟိုဒ် လုပ်ပေးထားတယ်။ ကျွန်တော်လည်း အဲလိုပုံတွေကို သဘောမတွေ့ပါ။ ပြန်ပြီး ဟိုဒ် လိုက်မယ်။

- ဂျုံတွေ ဖိတ်ကုန်လို့ လူစားဖို့ရော ကျန်သေးလား။

- ဂျုံတွေ ဖိတ်ကုန်လို့ လူစားဖို့ရာ ကျန်သေးလား။

- ဂျုံတွေ ဖိတ်ကုန်လို့ လူစားစရာ ကျန်သေးလား။

- ဂျုံတွေ ဖိတ်ကုန်လို့ လူစားဖို့ကော ကျန်သေးလား။

- အဲဒီမုန့်က လူစားရရဲ့လား။

- အဲဒီမုန့်ကကော လူစားရရဲ့လား။

- အဲဒီမုန့်က လူစားကော ရရဲ့လား။

- အဲဒီမုန့်က လူစားလို့ရတာ ဟုတ်ရဲ့လား။

အဲ့ အသုံး မမှန်ပါ။

ရော နဲ့ ကော

၁။ ကျန်းမာရေး ဗဟုသုတ (ရော) မြန်မာ စာပေ အသုံးအနှုန်း (ကော) သတိထားရေးသားတတ်စေလို့ ကျေးဇူတယ်ပါတယ်ဗျ။ (ကော နှင့် ရော ကအဓိပ္ပါယ်ချင်း အတူတူ ပဲလားဗျ)

၂။ ဆရာ ရော နဲ့ ကော ရဲ့ သုံးနှုန်းပုံလေးတွေ ရှင်းပြပေးပါဦးခင်ဗျာ ငါရော ငါကော

ကော်

ကော်မူး၊ ကော်ကပ်သည်။ ကော်ပျဉ်း၊ ကော်ချော၊ ကော်ပြား၊ ကော်ပတ်၊ ကော်ဆီး၏၊ ကော်ဇော၊ ကော်ရင်ဂျီ၊ ကော်ပြန့်ကြော်၊ တုတ်ဖြင့်ကော်သည်။

ကော့

ကော့၍နေသည်၊ ကော့လန်၊ ကော့လိမ်၊ ကော့ယင်၊ ကော့လတ်ကော့လတ်၊ ကော့သောင်းမြို့။

ကော

လယ်ကော၊ ကောလိဝါတ်၊ ကောလာဟလ၊ ဤအပျိုကြီးကောနေပြီ၊ စကောတချပ်။

ကက်

ကက်ဖဲ၊ ကက်နေအောင် ဝသည်။ ကျီ (ကြ) ဖတ်ကက်၊ လှည်းကက်အိမ်၊ ကက်ကက်လန်။

ကိုက်

ကိုက်သည်၊ ကိုက်ဆုတ်၊ ကိုက်ဖွဲ့၊ ကိုက်ထိုးသည်။

ကော၁ — ကြိ / ကော /

၁။ မြစ်၊ ချောင်း၊ အင်း၊ အိုင် တို့တွင် မြေပို့လာ၍ ရေတိမ်လာသည်။ တိမ်သည်။

ပုံစံ — "စကားတပြောပြောနှင့် လယ်ကောရေမရ။"

၂။ တဖြည်းဖြည်း တစတစ ပျက်စီးသည်။ သုဉ်းဖျင်းသည်။

ပုံစံ — "မြန်စိုင်ခိုင်ဘုန်း၊ ထုံးစံမကော။" လျှောက်။

၂။ ၃။ အချည်းနှီးဖြစ်သည်။ အလဟဿဖြစ်သည်။

ပုံစံ — "အချစ်တော် မတူကြရင်ဖြင့်၊ ပူသမျှကောရပါတော့မယ်။" နေမိ။ ပ။ ၄၀။

— နာ ဝိ / ကော / အချည်းနှီးဖြစ်သော။ အလဟဿဖြစ်သော။

ကော၂ — ကြိ / ကော /

မာန်ထားသည်။ ပလွှားထောင်ထားသည်။ ကြွားသည်။ ဝင့်ဝါသည်။

ပုံစံ — "အဟံပုရိသေ၁၊ ငါကောဟူ ကောလျှင်လည်း၊ ချောချောပင်ကျတန်၏။" ပုဏ္ဏ။ ၁။ ၄၁။

ကော၃ — ပစ္စည်း / ကော /

၁။ ဧကန်မုချ ဖြစ်ပြီးသည့်သဘောကို ညွှန်ပြသောစကားလုံး။

ပုံစံ — "အမိန့်တော်မှတ်ပြီးပါ ပကော။" မှိုင်း။ ပ။ ၄။

၂။ နှိုင်းယှဉ်ပူးတွဲမေးမြန်းသော အမေးစကားများတွင် သုံးသောစကားလုံး။

ပုံစံ — "မောင်တင်အိုကော၊ ဘယ်လောက်ကြီးသေးလို့လဲ။" မှိုင်း။ ပ။ ၂၆။

— ပစ္စည်း / ရော /

၁။ အပါအဝင် ဖြစ်ကြောင်း ထင်ရှားစေရန် နာမ်၏နောက်မှ လိုက်သောစကားလုံး။

ပုံစံ — "ခဏမစဲ၊ ရုပ်ရော၊ နာမ် ရော၊ ရပ်တည်မရ။" ဘာဝနာ။ ၁၃၇။

၂။ စကားဆုံးတွင် ကြိယာနောက်၌ ဖြည့်စွက်ဆက်၍ အဆုံးသတ်ပြောဆိုလေ့ရှိသော စကားလုံး။

ပုံစံ — "ငါကတောင့်တလိုက်ရော၊ ဤသတ္တဝါတွေလဲရောက်လာရော။" ဇာလေ။ ၅၉ – ၆၀။

— အာ / ရော /

အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊ အံ့အားသင့်ခြင်း စသည်တို့တွင် ရုတ်တရက် မြွက်ဆိုသော စကား။

ပုံစံ — "သနားစဖွယ် ပြောလေလျှင်၊ ရော၊ ခက်ချည်ကရို့။" တင်မြှေ။ တ။ ၁၀၇။

ရော

၁။ အပါအဝင်ဖြစ်ကြောင်း ထငရှားစေရန် နာမ်၏နောက်မှ လိုက်သော စကားလုံး။

ခဏမစဲ ရုပ်ရော နာမ်ရော၊ ရပ်တည်မရ။

၂။ စကားအဆုံးတွင် ကြိယာနောက်၌ ဖြည့်စွက်ဆက်၍ အဆုံးသတ် ပြောဆိုလေ့ရှိသော စကားလုံး။

ငါက တောင့်တလိုက်ရော၊ ဤသတ္တဝါတွေလည်း ရောက်လာရော။

တရံရောအခါ

ရောနှော

လူရော နတ်ရော

ရော (အာမေဍိတ်သံ)

ရောကျော်စပါး

ရောစပ်

ရောပြွမ်း

ရောယှက်

ရောရိရောရာ

ရောဟဏီနက္ခတ်

ရေရောထားသည်

ရက်ရော

ကော

စကောတချပ်

တိမ်ကောပပျောက်

လယ်ကော

အပျိုကြီးကောနေပြီ (ဦးသာမြတ်သတ်ပုံ)

သူကောလာရဲ့လား (ဦးသာမြတ်သတ်ပုံ)

ကောဇာသက္ကရာဇ်

ကောဏာဂုံဘုရား

ကောလာဟလ

ကောလိပ်ကျောင်းသား

ကောသလမင်း

အရင်က ကောကို ဘန်းစကားအဖြစ်သုံးခဲ့တယ်။ ကောတယ်ဆိုတာ ရန်ထောင်တာ။ ဆူပူတာ။

ကော = မြစ်ချောင်းစသည်တို့တွင်မြေပို့၍ ရေတိမ်လာသည်။ စကားတပြောပြောနှင့် လယ်ကောရေမရ။

(၁)

ပန်းစရာ့ ဂနိုင်

ရော… သည်တခါ

ငါ ဖေဂျီ မြန်းခဲ့သည့်

ပန်းစရာ့ ဂနိုင်

ရွှန်းလို့သာ မြိုင်ရော့

မပြိုင် ဖော်ကွေ တကိုယ်တမ်းသူတို့

စိတ်ပန်းလို့ ပွေလောက်ကဲ့

စီးတွေတွေ ရေတံခွန်

ရေပြွန်နှင့် ရေပြွတ်

ကျောက်စက်နှင့် စိမ့်စမ်း

မိုးနွေလ မခန်း

ခင်တန်းက ကွေ့ဝိုက်မြှောင်

ဖိုးခေါင်က ကြော်ကြွေး

တအေးအေး ရင့်ရူ

သဲလို့သာ ဆူရော့

ကြိမ် ကျူ ဝါးရုံ

စေး ခြုံ နွယ်ခင်

တပင်က အခက်

တပင်မှာ ရောယှက်

အထက်ရှုပ် အောက်ခြေရှင်း

မြေတလင်း သဲမွေ့ရာ

နတ်လာလို့ ခင်းသည့်နှယ်

မြေခင်းလည်း သာပေ့

ကြောင်လျှာနှင့် နဘဲ

လက်ထုတ်နှင့် အော်လဲ

ရှင်ကစ္စည်းနှင့် ရှင်ဗာကူ

လဲလူ မ ဖို

ကုက္ကိုနှင့် ကုတ်ဟည်း

မန်ကျည်းနှင့် သနပ်

ဒဟပ်နှင့် သန်းထိမ်

ကျဉ်းဖြူနှင့် ပျဉ်းတော်သိမ်

လွန် လိမ် ဖလံ

သီးပေါင်ပဲ့ ဆီး ခံ

လက်ပံနှင့် လက်ခုပ်

ကြက်မအုပ် ကြက်မောက်

တောရှောက် ခပေါင်း

ထနောင်းနှင့် ထောက်ရှာ

ယင်းမာနှင့် ယင်းတိုက်

သည်မြေနယ်တခိုမှာ စာဆိုနှင့် စိုက်သည့်နှယ်

ပျော်ပိုက်စရာ့ တောပေပဲကဗျာ။   ။ (ဦးကြင်ဥ)

အုတ်အရောရော ကျောက်အရောရော၊ ရော-ယိမ်းလိုက်၊ ဘသား-ယိမ်းလိုက် လူမျိုးတွေ တွင်ကျယ်နေတဲ့ခေတ်။

အဲ့ လို့ ရေးနေကြတာ မမှန်ပါ https://burmese-spelling.blogspot.com/2023/08/blog-post_212.html

အိုက်၊ အာ့၊ အာလာ၊ အဲ့ အမှားများ https://burmese-spelling.blogspot.com/2026/07/blog-post_909.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ