(ပုံပို့ပေးသူ ကျေးဇူး)
၁၉၆၀ ဝန်းကျင်က
အပတ်စဉ်ထုတ် ကာတွန်းတစောင် ၁၀ ပြား၊
နောက်တော့ ၂၅ ပြား (တမတ်)။
နောက် တအုပ် ၁ ကျပ်။
လစဉ်ထုတ် မဂ္ဂဇင်း တအုပ် ၂ ကျပ်။
၂ ကျပ်ကျော်တဲ့ စာအုပ်ဆိုရင် ထူမယ်။ ဒါမှမဟုတ် အကိုးအကားအားထားစရာစာမျိုး။
မင်းကျော်ရဲ့ ငါတို့ခေတ်နဲ့အပြိုင် ၅ ကျပ်။
တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ၅ ကျပ်။
အင်္ဂလိပ်-မြန်မာ အိတ်ဆောင်အဘိဓါန် ၃ ကျက်။
တက်တိုးအင်္ဂလိပ်-မြန်မာ အဘိဓါန် ၉ ကျပ်။
ဆေးကျောင်းစာအုပ်တွေက ၇၀၊ ၉၀ ကျပ်။
အဲဒီခေတ်မှာ မြန်မာစာ စာလုံးပေါင်း မှန်။ အင်္ဂလိပ်စာ စပယ်လင် မှန်တယ်။
နောက်တော့
စာအုပ်ဈေးတွေ ကြီးကြီးလာတယ်။
၁၉၈၈ နောက်ပိုင်းကစပြီး အခုထိ စာအုပ်ဈေးတွေ ခေါင်ခိုက်လာပြီး
စာလုံးပေါင်းသတ်ပုံတွေ မမှန်တော့ပါ။
သတ်ပုံရော ဈေးနှုန်းပါ နိုင်ငံတော်မူ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment