တခါတခါ စိတ်မရှည်ပါ။
စိတ်မရှည်ချိန်မှာလာတဲ့ ကွန်မင့်တချို့ကို ဟိုဒ်၊ ဒီလိဒ် နဲ့ ဘလော့လုပ်ပါတယ်။
ကွန်မင့်တွေကလည်း အမျိုးမျိုး
တချို့က ကျွန်တော့ကို အကောင်းပြောကြပြီး တချို့ အဆိုးဆိုကြတယ်။
အဆိုးထဲမှာ ဆဲရေးတိုင်းထွာတာတွေလည်း ပါတယ်။
ဆဲတာတွေ့တိုင်း ဘလော့တယ်။ သူ့နေရာနဲ့သူတော့ ဆရာကြီး၊ ဆရာမကြီးတွေ ဖြစ်နိုင်တယ်။
အကောင်းကလည်း တခါတခါလွန်ကဲတယ်။
တော်၊ တတ် သာမက ပြည့်ဝ၊ သီလ စတာတွေအထိ ပါတယ်။
အမှန်က ကျွန်တော်က ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပါ။
အမှားမပါ ဒေါက်တာတင့်ဆွေမဟုတ်လို့ကလည်း အခါ ၂၀ လောက်ရှိပြီ။
ကောက်ချက်
ဘယ်သူ့ကိုမဆို အကဲဖြတ်တာ မစောသင့်၊ မလွန်ကဲသင့်ပါ။
လူတိုင်းဟာ အခုမိနစ်ပိုင်းမှာ စိတ်ကောင်းဝင်နေပေမဲ့ နောက်တနာရီ ပြောမရ။
စကားတခွန်းတည်း
စာတကြောင်းတည်း
တခါမြင်တာနဲ့
တနှစ်လောက်သိတာနဲ့
ဆယ်နှစ် အနှစ်ဆယ်လောက်သိတာနဲ့တော့
ဘယ်သူ့ကို ဘယ်သူကမှ အကုန်မသိနိုင်ကြပါ။
ဒီနေ့တဝက်မှာ ၂ ယောက်လောက်ကို ဘလော့လိုက်ပါတယ်။
ကွန်မင့်တွေများတဲ့ ပို့စ် တပုဒ်ကို အမှိုက်ပုံးထဲ ထည့်လိုက်ရတယ်။
လူများပြီဆိုရင် သတိသာထားပေတော့။
တချို့က လူများတာကို အကောင်းမှတ်နေကြတယ်။
စိတ်ရိုင်းရှိသူတွေ များလာသလား မသိ။
စာကိုမှန်အောင်မရေးတတ်သူတွေများလာချိန်နဲ့ ထပ်တူကျတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment