Skip to main content

ဆုတောင်း

(၁)

အဆွေ၌မှာ၊ သက်တရာလျှင်

မနာ မဖျား၊ မြင်လိုငြား၍

လေးပါးဆုတွင်၊ ရှေးဦးတင်၍

အကြင်ဆုကို၊ ငါယူလိုသည်

ငြင်ငြို မရှိ ပေးဘွယ်တည်း။ ။ 

(ဦးရွှန်း၊ မဟာသုတသောမပျို့၊ ပိုဒ်-၁၁၇)

မှတ်ချက် - 

အကျွန့်ဆုတောင်းသည် သက်'တစ်ရာ'လျှင် မဟုတ်ပါ။

မယူလိုသူများ နေနိုင်ကြပါကြောင်း။

(၂)

ရသက၏ နောက်ဆုံးနေ့ 

တရံရောခါ၊ တနေ့မှာလျှင်

ရှာကာတောင့်တ၊ တယောက်မျှကို

မရသောအား၊ ပြန်လာငြားသော်

လူသားဘယ်မှာ၊ ချက်စရာဟု

ဆီးကာမေးမှ၊ ရသက ကို

ဤသို့ဆို၏၊ ထိုသည်လူသား

ရငြားလိမ့်မည်၊ အိုးသာတည်ဟု

မရှည် ခုပင်၊ ရမည်ပင်တည့်

ဆိုလျှင် ခဏ၊ ရသက လည်း

ကြောက်လှတုန်လျက်၊ ငါ့အသက်လည်း

ထွက်ရတော့အံ့၊ ကြာ မငံ့ဟု

ကြောက်ရွံ့ရွံ့စိုး၊ မျက်နှာညှိုးနှင့်

အပိုးခံလျက်၊ သားထိုးလက်တွင်

ဝက်၏ အသွင်၊ တုန်တုန်ယင်ဖြင့်

ပြင်ဆင် မအား၊ ကိုယ့်အသားကို

သူစားစရာ၊ 

ကိုယ်သာ မီးထိုး၊ ကိုယ်တည်အိုးဖြင့်

ကျိုးကျိုး နွံနွံ၊ မြောက်မြီးခံသို့

လုပ်ကြံစေမှ၊ ရသက ကို

ခဏတွင်ဖျက်၊ ကိုင်ငင်ချက်သည်

စားရက် မထောက် မညှာတည်း။ ။ (ပိုဒ်-၃၄)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ