Skip to main content

သခင်ကိုယ်တော်မှိုင်း ၏ အလံဒေသသနာ




မေတ္တာ လက်ဆောင်

ရေးသူ - သခင်ကိုယ်တော်မှိုင်း ယောဂီဆရာကြီး

လောကီတခွင်၊ ကောလီမြင်သည့်၊ ယောဂီရှင်ပင်၊ သခင်ကိုယ်တော်မှိုင်း၊ ဟုတ်တိုင်းမှန်ရာ၊ မေတ္တာဆက်ဆံ၊ အလံတရား၊ ဟောကြားတော် မူလိုက်သည်၊ ဤမည် ထိုမည်သော ရန်သူပန်တိုနှင့်၊ မာန်အစုံကြုံ ရသော၊ ရန်ကုန်မြို့တက္ကသိုလ်ဝယ်၊ မိုဃ်းခိုလျက်တက်ကြမည်၊ သမုဒ္ဒဥက္ကဋ္ဌ၊ မောင်ဘကြမ်းနှင့်တကွ၊ တောင်မြန်မာ့ကြဌာန၏ ကောင်းကျိုးမျှော်ကြသည့်၊ ဒေါင်းအိုးဝေ၊ ငှက်သဘင်မှ၊ မရွှေဇင် အယ်ဒီတာ၊ ဒါယကာကလေးမောင်ညိုမြတို့။

ဟိုသမယ ဟိုအခါ၊ မဟာသမတ၊ ကမ္ဘာစက၊ ပြဗြဟ္မာမျိုးရုင်၊ ကိုယ်မင်းကိုယ်ချင်း၊ ဗမာမင်းတို့၊ နန်းခင်းစိုက်ထူ၊ စံတော်မူရာ၊ အညာတည်ဟောင်း၊ ပြည်တကောင်းကစ၍၊ ဥဒေါင်းငှက်အမှန်၊ တံခွန်အောင်လံစိုက်ပြီး၊ အမင်းမင်းကန်တော့ခံခဲ့ကြသည်ကား၊ အခြားမဟုတ်ပေ။ (နေ) တည်း ဟူသော သုရိယစက်ဝန်းအတွင်း၊ ဥဒေါင်းမင်းပုံတံဆိပ်နှင့်၊ ဂုဏ်ဟိတ်ပြသခြင်းပင်ဖြစ်တော့သည်။

ဤကဲ့သို့ (နေ)၌ ဥဒေါင်း။ (လ) ၌ ယုန်ရေးတံဆိပ်ရှိ မရှိအကြောင်းကို၊ တကောင်းမန်လည်၊ ရှမ်းတို့ပြည်၊ မန်လည်ဆရာတော်ဘုရား၊ ရေးသားသော မေးခွန်းပုစ္ဆာမှာ အောက်ပါအတိုင်း ဖြစ်တော့သည်။

မန်လည်ပုစ္ဆာ၊ ကဗျာကြီးချိုး

စန္ဒာမှာ ငွေယုန်ရေးကိုလ၊ ဟိုရှေးက ဇာတ်တော်မှာ၊ ကျမ်းန်ပါတ်လာ။ ။ သို့အဝင် အမြင်သားမို့၊ ထင်ရှားပ၊ သည့်အရာ၊ ကမ္ဘာလုံးမော်ကွန်း။ ရွှေဗိမာန်၊ နေဝန်းငယ် သူရကန်၌၊ ဘယ်ပုရဏ် ဘယ်စာကောင်းငယ်က၊ ဒေါင်းရုပ်ရှိညွှန်း။

၎င်းအထက်ပါ မေးခွန်းသီချင်း၏ လိုရင်းအဓိပ္ပာယ်ကား။ (လ)မှာ ယုန်တံဆိပ်ရှိကြောင်း၊ စာကောင်းနိပါတ်များ၌ ထင်ရှားပါ၏။ (နေ) မှာ ဒေါင်းရုပ်ရှိကြောင်းကိုမူကား ဘယ်ကျမ်းများမှာ ပါရှိပါသနည်းဟု လိုသည်။

ဤသို့သော မေးခွန်းပုစ္ဆာကို အညာဇေယျပုရတိုင်း၊ စစ်ကိုင်းမင်းကွန်းဆရာတော်ကလေး၊ ပြန်ကြား ဖြေဆိုတော်မူသည်မှာလည်း အောက်ပါအတိုင်းပင် တမုံ့။ ။

မင်းကွန်းဝိသဇ္ဇနာ၊ ကဗျာခွေးချိုး

လ၊ ဗိမာန်ရွှေယုန်ရုပ်ကိုလ၊ ကျမ်းထွက်သို့ ထင်ရှားစွာ၊ ကမ္ဘာလုံးမော်ကွန်း။ ။ ရွှေဗိမာန်၊ နေမင်းသူရကန်၌၊ ဘယ်ပုရဏ် ဘယ်စာကောင်းကမျှ၊ ဒေါင်းရုပ်မညွှန်း။

၎င်းမင်းကွန်း ဝိသဇ္ဇနာ၏ လိုရာ အဓိပ္ပာယ်ကား၊

အိုးဝေ၏ ရွှေရတုသဘင်လက်ရွေးစဉ် | ၁၀၅

(လ)ယုန်ရုပ် ရှိကြောင်းကား ထင်ရှားပေးသည်။ (နေ)၌ ဒေါင်းရုပ်ရှိကြောင်း။ ဘယ်စာဟောင်း ဘယ်ကျမ်းစာမှာမှ မပါမိဟူ လိုသည်။

အနှီသော အခါဝယ် မန်လည်ဆရာတော်၏ မိန့်ခွန်းမှာ မင်းကွန်းဆရာတော်ကလေး ကျမ်း မနွဲ့၍၊ အမြန်းအဟန်များပုံများကို မိန့်ကြားတော် မူသည့်ပြင်၊ ယခင် ဗေဒါကမ္ဘာပြည်မှာ၊ ကျစွာမင်း လက်ထက်တော် တွင် မှ ပေါ် ပေါက် လာ သည့် ‘အာဒိကပ္ပလင်္ကာရ’ မည်သော ကျမ်းဟောင်း ဝယ်၊ ဒေါင်းရုပ်ပုံသည်၊ ဤမည်သောကေဒသ၊ အန္တရကပ်မှာ ပါရှိကြောင်း၊ ၎င်းမန်လည်ဆရာ တော် စီရင်တော်မူရာ၊ မဟာသုတကာရီမည်သော မဏ္ဍိုင်လက်ကျမ်းကြီး၌၊ တသီးတဖုံ ရေးပြန်တုံ သည်မှာလည်း အောက်ပါအတိုင်းပင်ဟူ လိုတယ်၊ အဘယ်ကဲ့သို့လိုဟူပါသနည်းဆိုသော်။

(နေ)၌ ဒေါင်းရုပ်ရှိကြောင်း

အာဒိကပ္ပ၊ အမည်ရသား၊ ကမ္ဘာ့ကျမ်းလာ။ နေ၊ လ၊ မှာလျှင်၊ ကမ္ဘာဦးက၊ အစဉ်စွဲ၍၊ အန္တရ တိုင်း၊ အပိုင်းမလွန်၊ တမန္တန်တမျိုး၊ ပေါ်ရိုးထပ် ထပ်၊ ရုပ်စပ်ဘဲ၊ တကယ်တုံ၊ ထင်တုံ ရေးဆွဲ၊ ခြောက်ဆဲ့ လေးရပ်၊ သင်္ချာချပ်၏၊ ဥပရူပွန်၊ ဝတ္တ မာန်၌၊ ဤအန္တရ၊ ကောဒက၊ လ၊ မှာယုန်ရုပ်၊ နေ ဒေါင်းရုပ်တည်း။ ။ဟူ၍ ဖော်ပြ ပါရှိလေသည်။

ဤသို့သော ဒေါင်းရုပ်နေဝန်း ပေါ်ထွန်း သော ဟိတ်ဂုဏ်ကို အာရုံပြုကာ မြန်မာပြည်ကြီး သခင် ဘုရင်မင်းတရားတို့၏ မင်းခမ်း မင်းနား ဆင်ယင်ကျင်းပဟန် အလံ ၇ မျိုးတို့၏အကြောင်း ကိုလည်း ရှေးဟောင်းကထုတ်သည့် မုဒ္ဓဘိသေက မော်ကွန်း၌ ဖော်ပြသည်မှာ အောက်ပါအတိုင်းပင် တမုံ့။

အလံ ၇ မျိုး၊ အကိုးလင်္ကာ

ခမ်းနားမင်းဘွယ်၊ ဆန်းတကြွယ်လျှင်၊ တင့် တယ်စိုက်ထူ၊ လူလူလျှာလျှာ၊ တံခွန်လျား၊ မှုမှုထွား မရုပ်၊ ပေါ်လှုပ်ဗျောက်ရုပ်၊ ရေးထုလုပ်လျက်၊ မြူချုပ်မကွေ၊ အရွှေတံခွန်၊ သဏ္ဌာန်ကြီးပွား၊ မြေ နာဂါးကို၊ လျှင်လျားသုန်သုန်၊ ဘမ်းနိုင်ဟုန်နှင့်၊ ဂဠုန်အတု၊ အပြုတံခွန်၊ လွန်စွာသွေးသား၊ စား တတ်သောကျား၊ စွယ်ဖြူဖြူနှင့်၊ ဘီလူးရုပ်ပါ၊ အဝါတံခွန်၊ ဟန်ပန်တင့်လျော့၊ ရောင်ကျော့ကျော့ နှင့်၊ ဃောရညွတ်ပျောင်း၊ ဥဒေါင်းပြက်ပြက် မညှိုး နက်တံခွန်၊ အားအင်ကြီးမြောက်၊ မုန်အာသောက် သား၊ ဆင်ပေါက်တပ်၊ နိုင်စိုးကဲသည်၊ သားရဲ အချုပ်၊ ခြင်္သေ့ရုပ်ကို၊ ပြုလုပ်ဖယ်သိမ်း၊ အစိမ်းတံခွန်၊ ကြန်လက္ခဏာ၊ စုံလင်စွာလျှင်၊ နာဂမာတင်၊ ဆင် ရုပ်ရှုအိ၊ မာန်ပိဖိတင့်၊ အနီတံခွန်၊ ပြင်းဝှန့်မာန်စောင်း၊ တန်ခိုးဆောင်းသား၊ တထောင်တိတိ၊ ပါးပျဉ်းရှိ သည်၊ အဟိမျိုးမွန်၊ နန္ဒောပနံ၊ ရုပ်ရေးသားလျက်၊ လျာလျာကြောင်းကြော၊ အဖြူတံခွန်၊ မင်းပွဲမွန် တွင်၊ ဝေဖန်တင့်တင့်၊ စိုက်ထူလွှင့်က၊ ကြီးမြှင့် တန်ခိုး၊ အကျိုးစီးပွား၊ များခြင်းမက္ကာ၊ ချမ်းသာ ကြီးထူး၊ ရန်သူအောင်မြင်၊ များပြင်ခြံရံ ၊ ကျော် စောသလည်း၊ နိုင်ငံကြေညာ၊ ရေသို့ဖြာသည်။ ။ မျက်နှာရှစ်ရပ် နစ်မွန်းတည်း။

ဤကား နန်းစဉ်မင်္ဂလာ မဟာမင်းခမ်းတော် အချီး၊ အမျိုးသားတို့ဗမာတို့၊ တို့အခါတို့ခေတ်၌၊ တို့အစစ်အောင်ရန်၊ အောင်လံ၏ အကိုးအကား ပေတည်း။

ဤမှတပါး ကုလားတို့နေကြတဲ့ မဇ္ဈိမဒေသ တည်းဟူသော အိန္ဒိယနိုင်ငံ၌ စိုးစံတော်မူကြသည့် သမတရာဇ်၊ အမင်းမင်းတို့လည်း စစ်ဆင်ချီတက် တော်မူရာ၌ ရှေးဖျားက သမ္မုတုမြဲခဲ့သော ကမ္ဘာဦးဒေါင်းလံနှင့် ကြောင်းမဟန် ခွင့်သာပြီး၊ ဝင်ဝံ ပုံများကို ထိုမည်သော ဒကနိပါတ် ပလာ ယိတဇာတ်မှာ မြတ်စွာဘုရား ဟောကြားတော်မူ သည်မှာ....

ရှေးသရောအခါ ငါတို့ ဘုရားလောင်းသည် ဗာရာဏသီပြည်အတွင်း၌ မင်းပြုတော်မူရာ ပညာ

ဗဟိုတက္ကသိုလ်တိုင်း၌ ရိုင်းစိုင်းစွရန်ရှာ၍ စတတ်သော ဂန္ဓရတိုင်းကြီးရှင် ဘုရင်မင်းသည် ယင်းသို့သော ဗာရာဏသီပြည်တရိုက်ကို တိုက်ခိုက်လုယူမည်ဟု ကြံမည် ထိုမည်သော စစ်မတ်အင်္ဂါလေးမျိုးနှင့် စစ်ထိုးမည် ချီလာသမို့၊ မြို့ကိုဝန်းရံ ပြီးခါ မိမိတို့ဗိုလ်ပါစစ်သားတို့ကိုကြည့်ကာကြည့်ကာနှင့် ကြွား ဝါ ဝင့် မောက် တော် မူ ပုံ မှာ လည်း အောက်ပါအတိုင်းပင်ဟူ၏။

ဗေပရိမိတံ အနန္တပါရံ၊

ဒုပ္ပသဟံ စ ကောသိသာရံ ဝါ၊

ဂိရိံ မိဝအနိလေန ဒုပ္ပသေယျော၊

ဒုပ္ပသဟောအဟမေတောဒ္ဒိသေ။

“ရထေသွာ၊ စစ်၏ခွန်းအား၊ မြင်းရထားတို့၌၊ မေဓရစ္ဆေဒေ၊ ဒေါင်းတောင်တို့ကို၊ ထပေတွာ၊ စိုက်ထူ၍။ မေ မေမေဝ၊ ကြွားကြွားမြင့်မြင့်။ လွှားဝင့်ဗာန်စောင်း။ ထောင်အပ်သောတံခွန်အလံသည်ပင်လျှင်။ အပရိမိတံ၊ မနှိုင်းရှည့်နိုင်။ ပြည့်လှိုင်ပေါ်များ၏ စသည်ဖြင့် ပါရှိသည်။

အနိမ္မတပါး နဂါးနီ မောင်နုတို့ သျှိုပြီးတခါ မြန်မာနိုင်ငံလုံးဆိုင်ရာ များစွာ သောင်းသောင်းကျောင်းသားအပေါင်းတို့၏ သမဂ္ဂအချုပ်၊ ဥက္ကဋ္ဌ၊ ဗိုလ်အောင်ဆန်းတို့၊ အနုပြီးတချက် “တက်ဘုန်းကြီးကာတွန်းရုပ်နှင့်၊ စာလုပ်မှာ ကျော်ကြားပြီး၊ အစောတန်းများဘဲ ထင်ရှားတဲ့ တပဲ့ မောင်သိန်းဖေတို့။ တိုင်းပြည်၏အကျိုးကို သယ်ပိုးဘို့ရာနှင့် တို့ဗမာတက္ကသိုလ်က အဆောက်ပြောင်းစေလိုသော ယောနိသောမနသိကာရနှလုံးဖြင့် နိဂုံးအုပ် ကဗျာတပုဒ်နှင့်၊ အချုပ် ဖော်ပြလိုသည်ကား အောက်ပါအတိုင်းဘဲ ပါရှိလေ၏တည်း။

တက္ကသိုလ်သမဂ္ဂအသင်းနှင့် ဒေါင်းအိုးဝေ မဂ္ဂဇင်းဘွဲ့ အလင်္ကာမင်္ဂလာလေးချိုးကြီး

ဪ....အထက်နိဂုံးက၊ ပျက်ပြိုုလို့ ကျခဲ့တဲ့....ကနကံဗဟိုရ်ပလ္လင်လက်ထဲ စင်ကြွင်းဗေဒေင့်၊ တက္ကသိုလ်သမဂ္ဂ၊ သမဂ္ဂအသင်းဆီက၊ အဆက်သဝေ၊ သတင်းတွေနဲ့၊ ကြွေးငြာစောင်းဟေ့လို့၊ အကွက်ကျကျနှင်းနှင်းပြီး။ ခက်သမျှရှင်းပေးမည့် သတင်း “ဒေါင်းအိုးဝေ”။ ။ (ဪ) ဆရာအထူးကြီးက မဖွဲ့၊ ကမ္ဘာဦးတရားမှာတော့။ “ဗမာ”အနွယ်များစွာ ပေါ်လာဟန်နှင့်၊ လျော်စွာမှူသဏ္ဌာန် ကမ္ဘာ့အသရေထွန်းစေဘို့၊ သော်တာ၊ သူရကန်၊ (လ) (နေ)အဝန်းတို့မှာဖြင့်၊ လေးကျွန်းအကုန်ဝေမည့် ယုန်နှင့်ဒေါင်းပ၊ အလံစံနစ်ဓမ္မဓဇမျိုးရဲ့ဖြင့် မန္ဓာတ်မင်းဘုရင်ဧရာ အလင်္ကာပျို့ရယ်နှင့်၊ မင်္ဂလာတမျိုးရဝေစုံတင့်မှ၊ ပရမေဥဂ္ဂါ ရီဇေယျတို့၊ မရှိဗေသမို့ လဲ။ သတိမပြေလို့ မှန်းရပါတဲ့ ရွှေရတု အဓိပတိ၊ ဗေဿပန်းဆီက။ ရေမုဒ္ဓါဘိသေကျမ်းကိုလ၊ တပည့်တွေ လွမ်းစရာ စာအရှိပြပြီး....(ဪ)သမာဓိနှင့် ပါရမီဖြည့်ပေတဲ့၊ ဆရာကဝိရယ်ကနှော။ သတ္တဝါရှိသမျှ ကပ်ကမ္ဘာမှာ၊ အရပ်ရပ်အရှာရှာနှင့် တကွ၊ နတ်ဗြဟ္မာတို့ ပြောလောက်အောင်၊ ပလာယိတ၊ ဇာတ်အလာ ထပ်ခဲ့တလောသာပ။ နေညိုညိုရွှေဘိုကလဲ မေတ္တာမိုး တောရဂုံ အနေမှာနော်ကွယ်။ လောကအလိုက်၊ သဘောကျလျှင်လဲ၊ ကြိုက်ကြစေရုံလို့၊ ဟောပြလိုက်ပေ။ ။နုပ်နုပ် သေးသေးတေတွေ မကြံစမ်းနဲ့၊ ကြံရော့သလား၊ ဥစ္စာဌေးအထွေထွေ အပြည်ပြည် ကြီးပြီးတော့၊ ပထဝီဒီလုံးက အဆီတံ၊ အရာစားချိန်မို့၊ အရှုပ်ကလေးတွေ ပြည်ပုံးချကာထားသော်လဲ၊ ညိုတုန်းသမယ အခါများရယ်က၊ ကမ္ဘာ့ကမ္ဘာကြားခဲ့တဲ့၊ ဗမာ့ဗမာသားတွေရဲ့၊ တို့ဗမာမြေ၊ တို့ဗမာအမွေပေမို့ ၊ အနိုင်မယူပေဝကောင်း။ (အိုကွယ်)တို့ဗမာမြေမှာဖြင့် တို့သာနေမယ်လို့ ၊ မဆီဆိုင်သေတွေမောင်း။ ။ဆရာ့အဖြစ်မှာ ဘဝနိဗာန်ဘို့ ၊ မြန်မာ့ခေတ်သမယနှင့်အညီ၊ ဗမာ့ ကျောင်းမှာထားပြန်သမူ့၊ ကျောင်းသားသူငယ် လူမမယ်ဖလေး၊ ပေး၊ အမေ၊ မောင် ထေရ်ရဟန်းတို့နှင့်၊ ပြည်ပန်း စာပေသင်တော့်သာသနာ၊ မြေပလ္လင် အသရေလှပေတဲ့၊ ရွှေမြေတောင်သာတဲ့ဗျာ။

တိုက်ဆီက၊ (နေ)(လ)နှစ်ဆောင် ပါတော်မူတဲ့ အခိုက်ကိုဖြင့် ကြည့်စမ်းမော်လိုက်ရပုံ က။ ပုခုံးထွက် တဲ့ပြီး။ အကြမ်းအတမ်း ဖက်ကရောမဟဲ့လို့၊....။ ငန်းငန်းတက်သရေယုံအောင် နမ်းဆက် အမေကို လဲ မုန်းမိတဲ့ပြင်။ ကမ္ဗုဌာန်း၊ သတိနဲ့၊ မဆင်ခြင်း မမြင်ခင်မှာ ဘရက်ကဘရက်နှင့်၊ နောက်ပျက် ပျက်အရူးလိုပ၊ အနောက်ဖက်ကားခါ တောင်စဉ် စစ်ကဲးလင်ပြင်၊ ချောင် မြင်တိုင်းမှာ မောင်ရင် မှိုင်းကြီး ဗိုလ်ဝင်ခံလို့ မို့ ၊ ဟိုအရင်ယမန် မက်မိ သည့် သမတာမျိုးပေးပ၊ ဗိုပုလ္လင်ပျံ မှာ အဂ္ဂိရ ဇက်ရှိသမျှထိုးရာက အမျိုး၊ ဘာသာ၊ သာသနာ ဝဲ ဝေသည်၊ တပဲ့သခင် ‘လေးမောင်’ ‘ဗစိန်’ ကလေး တို့ နဲ၊ မြန်မာ့အချိန်ရွေးကားအောင် မြေနင်းမဟေ့ လို့ ၊ တောင်ခြေအဆင်းမှာ (နေ) မစောင်းမိပ၊ ရွှေဒေါင်းအိုးဝေ မဂ္ဂဇင်းဆီက၊ အသက်မင်းတဲ့ သံသာဗျာမှာ၊ တပဲ့အရင်းရဲ့ စံဗမာ ရှယ်ရည်ရှာရော့ စင်၊ အယ်ဒီတာမောင်ညိုမြရဲ့ပြင်။.... (ဩ)ဗမာ အတွက်၊ မရသမျှ ပက်မက္ကဆိုတဲ့၊ သမဂ္ဂ ဥက္ကဋ္ဌ မောင်ဘကြမ်းတို့ ဘို့ ၊ ဇေဂုသုတ်အရာ ဩေဘာဖျူ မန်းရာက၊ အောင်ဇေယျ ပန်းညှောင်သပြေ နုံချိန် မ တော့၊ နောင်မြန်မာ့စတမ်း မောင်ရွှေနှယ်လို့ ၊ အောင်ဇေယျတု မြွက်မဆုံးနိုင်မဲ့ ပြင် “တက်ဘုန်းကြီး” ဆရာ သိန်းဖေကလေးတို့ကိုဖြင့်။ ယိမ်းမသွေ ကိန်းသေရွေးလိုက်တဲ့၊ အရေးရှိလျှင် အရာပေ၇ ကြ ရော့၊ ဆရာအကျော်အမော် ယောဂီကဝိရယ်က၊ ကမ္ဘာ့မှာသော် အဟောသီ၏။ မညီ၏ တောဆီက ကြည့်လိုက်တော့၊ မြန်မာမနော် ကောလိမ္မိချိန်မို့ ၊ ဇောဝိထိတကွက်မမှိန်မှောင် မညှို့ မူ၍၊ လောကီ၏ ပြက္ခဒိန်မှာပြောင်သဗျို့ သာပ၊ (အို....ဖေမောင်တင် ရဲ့) အောင်မျိုးတလဲ့ အထက်ကိုယခင်ကဲ့သို့၊ ကနက် ဗဟိုရ်၊ ပလ္လင်ပြောင်းရမှာက။ ....နှောင်သို့တကဲ့ အောင်ဘို့တပည့်တွေနဲ့၊ (ဩ) မောင်တို့ရဲ့ တက္ကသိုလ်သင်ကျောင်း။ ။

မှတ်ချက်

ပုံနှိပ်မူရင်းနဲ့ တိုက်ပြီး စိစစ်ရန် အနည်းငယ်လိုအပ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ