Skip to main content

အများစုက တကယ်ကို မှန်အောင်မရေးတတ်ကြတာ

ကွန်မင့်တခု = "တသတ်နဲ့ "ကသတ်" ရေးနေကြတာတွေ အများကြီးတွေ့နေရတယ်ဆရာရေ၊ အဆန်းထွင်ပြီး ရေးနေကြတာလားမသိတော့ပါဘူးဆရာရယ်

ပြန်စာ

ကျွန်တော် ဆိုရှယ်မီဒီယာနဲ့ ပြန်ထုတ်စာအုပ်တွေထဲက မြန်မာစာအရေးအသားနဲ့ အသံထွက်တွေကို သတိထား လေ့လာပြီး ဆန်းစစ်မှုအထိလုပ်နေတာ ၁၅ နှစ်ရှိပြီ။

အများစုက တကယ်ကို မှန်အောင်မရေးတတ်ကြတာဖြစ်ပါတယ်။

ထောက်ပြတဲ့အခါ

• တချို့က အလွယ်ရေးတာနေမှာပါ

• တချို့က ကီးဘုတ်၊ ဖေါင့်ကြောင့်ထင်တယ်

• တချို့က အမြန်ရေးလို့နေမှာ

• တချို့က တိုင်းရင်းသားထင်တယ်

• တချို့က ပညာနည်းလို့

• တချို့က ဒေသိယ

• တချို့ အဆန်းထွင်

စသဖြင့် မှားတဲ့သူတွေဘက်ကနေ အခမဲ့ ရှေ့နေတွေကလည်း ထောင်နဲ့ သောင်းနဲ့။

တရားခံရှေ့နေတွေရဲ့ လျှောက်လွဲချက်တွေလည်း တခုတလေမှ မမှန်ပါ။

အများစုက တကယ်ကိုမှန်အောင်မရေးတတ်ကြတာ။ မတတ်ကြတာဖြစ်ပါတယ်။

အမှားအများဆုံးစာလုံးနဲ့ အသံထွက်တွေက သူငယ်တန်းအဆင့်။

အခြေအနေကတော့ အတော်ကို မကောင်းပါ။

- မှားလို့ မှားမှန်းမသိ

- အမှန်ထောက်ပြလည်း မပြင်

- ဆရာတင်ခံရသူတွေကိုယ်တိုင်က မှား

- မှားလေ လူကြိုက်များလေ

- လိမ်လေ ပိုက်ဆံရလေ

- မမှန်အောင်ရေးလေ ရောင်းကောင်းလေ

- အမှန်ထောက်ပြပေးသူတွေ အဆဲခံကြရတဲ့ခေတ်။

- သူငယ်တန်းအဆင့်ကစ မှားနေတာ

- နိုင်ငံတော်အဆင့်မှာကို မှားနေတာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ