Skip to main content

အခြေခံ ကဗျာရေးနည်း (၁၀)

(၁)

ဆောင်းဘွဲ့ လေးဆစ် 

သဉ္စာလီ ဗွေပြဒု မှာဖြင့်

ခင်သာကီ တမေပု ကိုလ

ဖေယခု ပိုက်လှဲ့ဆို။ ။

မလုံသေး နိုင်ဘု

တုန်အေးရှာ တင်တမေ ငဲ့

ရင်ရွှေကို လေပြေခ တယ်

သဲကြွစိမ့်ဖို။ ။

တသန်းတန် ရတီဖို့ သော်လဲ

ကြငှန်းပျံ ကတီမို့ မှာတော့

မဒီပျို့ ဆောင်းရိပ်ခို ငယ်

အချမ်းပို ပါလို့ ငိုချင်ဆဲ။ ။

ငွေနှင်း ငယ် ထန်

ချွေညှင်း တညံညံ နှင့်

ရေကင်းသံ တဖန်ကြား ရင်လ

လွမ်းအားတော် ပွေဗျာလှိုင် လို့

ကေညာခိုင် စုခင်လေး မှာ

(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။ ။

(အချုပ်တန်း ဆရာဖေ)

(၂)

တရားသိထင် ပြွမ်းပြွမ်းတည်း။ ။

မြုတေရောင်ဖိတ် ရွှမ်းရွှမ်းတည်း။ ။

ကြောင်းခြာ စွဲစွဲ လမ်းလမ်းတည်း။ ။

နဂိုရ် ချိုင့်ချိုင့် ဝှမ်းဝှမ်းတည်း။ ။

ဝှန်တက် ပြည့်ပြည့် လျှမ်းလျှမ်းတည်း။ ။

ကျယ်ဝန်း ခွဲခွဲ ခြမ်းခြမ်းတည်း။ ။

စုံပေါင်း ကြင်ကြင် ကျွမ်းကျွမ်းတည်း။ ။

တသ န္ဓေဓေ

တပေ လျဉ်းလျဉ်း

တညှင်း ဆိုးဆိုး

တညှိး လျလျ

တတ လွမ်းလွမ်း

တသမ်း ဟယ်ဟယ်

တတွယ် တာတာ

တဟာ လှိုက်လှိုက်

တရှိုက် ငင်ငင်

တပင် ပန်းပန်း

တဝန်း လျားလျား

ရဟတ်ချားသို့…

ရွှေစည် တီးတီး

ရွှေထီး ဆောင်းဆောင်း

ရွှေဗောင်း သွယ်သွယ်

ရွှေစလွယ်နှင့်

လူဝယ် လူထွက်… (ကိုးခန်းပျို့)

ရှေးစာကဗျာများ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ