Skip to main content

ရခိုင်စာမှာ ဖစ်နိုင်တယ်လို့ ရှိပါသလား

ကွန်မင့်တခု = မြန်မာစာမှာ မိဖရေးလား မေဖေရေးလား ကြည့်ပါ မာတာပီတမိနှင့် ဖဘဲရှိတယ် မေဖေမရှိဘူး ဒါကြောင့် ယခုသင်နေတဲ့စာက ရခိုင်စာဘဲ ဖစ်နိုင်တယ်စဉ်းစားကြပါ

မှတ်ချက်

အထောက်အထားများစွာနဲ့တကွ တင်ပြထား။ ဒါပေမဲ့ လူကြီးမင်းသဘော။ 

ဖစ်နိုင်တယ် ကတော့ မြန်မာစာမှာ မရှိပါ။ 

ဦးဖစ်၊ ဒေါ်ဖစ်နဲ့ ဖစ်လမ်းလို့သာ ရှိတယ်။

ရခိုင်စာမှာ ရှိ မရှိ မသိပါ။

အသိ ရခိုင် ၂ ယောက်ကို မေးကြည့်&တယ်။

၁။ မရှိပါ

၂။ မရှိပါဆရာ .ဖြစ် လို့ပဲ ရှိပါတယ် .အသံထွက်ရင်တော့ ရရစ်သံနဲ့ ဖြိုက် လို့ ထွက်ပါတယ်

ကျေးဇူး။

မြန်မာစာမှာတာ့ 

- ပြီ ကို ပီ၊ 

- ပြီး ကို ပီး၊ 

- ပါပြီ ကို ပါပီ၊ 

- ဖြစ် ကို ဖစ် လို့ရေးနေကြပြီ။ 

"မြန်မာစာ" သည် "မန်မာစာ" ဖြစ်သွားရရှာပြီ။

၂၃၄                         ကဝိဓဇသတ်ပုံကျမ်း။

ညွှန့်ဖက်ဖူးရောင်။ ဖက်စိမ်း။ ဖက်ယားပင်။ ဖက်စပ်သည်။

                    ဖက်သကပ်ရောဂါ။ ဖက်၍ထားသည်။ ဖက်ယမ်းနမ်းရှုပ်။

                    ဖက်သချာ။ ဖက်သန်းပင်။ ဖက်ခွက်နှာ။ ဖက်ခွက်စား။ ဖက်

                    ခြောက်။ ဖက်စို။ ဖက်မွှေးလျှော်ပင်။ ဖက်သကပ်ပင်။ ဖက်မ

                    သောက်။ သွားဖက် လာဖက်။ ပေါင်းဖက်။ ဆန့်ကျင်ဖက်။

                    ကမ်းတဖက်။ တဖက်ကန်း။ ဖက်ယှဉ်ဖက်တွဲ။ ဖက်ရှင်းဝတ်

                    သည်။ တဖက်တလမ်း။ ရှမ်းဖက် လိပ်။ လက်ဖက်ခြောက်

                    လက်ဖက်စို။ လက်ဖက်ပင်။ ဖက်ကတော့။     ။

ဖစ်။     ။ ဖစ်လမ်း။ ဖစ်သခင်။ ဖစ်ရှားလမ်း။ ဝါဖစ်လေး။ ဦးဖစ်။     ။

[ ဖတ် - ဖသ် - ဖပ် ] ။

ဖတ်။     ။ ဖတ်ဖတ်ကျ။ ဖတ်ဖတ်မော။ ကွမ်းဖတ်။ အရည်အဖတ်။ အ

                    မွှေးစုတ်ဖတ်။ လောင်ပုဆတ်ဖတ်။ ဝါဂွမ်းဖတ်။ ရွတ်ဖတ်။ အနန်

                    ဖတ်။ အဖတ်တင်။ ချဉ်ဖတ်။ နှမ်းဖတ်။ ပေါက်ဖတ်ကောင်။

                    ဟင်းဖတ်။ ကျိုင်းတုံ ကျော်ဖတ်မြို့။ နံ့သာဖတ်။ ဖတ်လတ်

                    ဖတ်လတ်နေသည်။ စာအံစာဖတ်။ နိမိတ်ဖတ်။   ။

ဖသ်။   ။ ဖဿစေတသိက်။     ။

ဖပ်။     ။ ဖပ်ဖပ်တုန်။ နုနုဖပ်ဖပ်။ ပျိုပျိုဖပ်ဖပ်။ ဖြူဖပ်ဖပ်။ ဖြူဖပ်ဖြူယော်။

                    သွေးဖပ်ဖပ်ယိုသည်။ ရွှန်းဖပ်။ မုန်းဖပ်ဖပ်။ ချွေးဖပ်ဖပ်။

1. Dear Puppy I Miss You ပါပီရှင့် https://burmese-spelling.blogspot.com/2025/12/dear-puppy-i-miss-you.html

2. P ပါပီ ဖစ် တေ မာ ကင်ဆာ https://burmese-spelling.blogspot.com/2023/01/p.html

3. Puppy ပါပီ ခေါ် ခွေးကလေးအား ရိုသေလေးစားကြသူများ https://burmese-spelling.blogspot.com/2025/01/blog-post_4.html

4. Puppy ပါပီ စိုး နဲ့ ဆိုး https://burmese-spelling.blogspot.com/2022/09/puppy.html

5. ကင်ဆာနဲ့ မာ ဖစ် တေ ပီး နက် ဂ ဘ အမျိုးတော်ကြသလား https://burmese-spelling.blogspot.com/2022/12/blog-post_287.html

6. ပြီးပါပြီ (၂) https://burmese-spelling.blogspot.com/2022/08/blog-post_66.html

7. ပြီးသွားပါပြီ https://burmese-spelling.blogspot.com/2022/10/blog-post_736.html

8. ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://burmese-spelling.blogspot.com/2022/08/blog-post_782.html

9. ပါပီ ဖစ် တေ မာ ကင်ဆာ https://burmese-spelling.blogspot.com/2022/12/blog-post_685.html

10. ဖစ် နှင့် ကင်ဆာ အမျိုးတော်ပါသည် https://burmese-spelling.blogspot.com/2022/09/exclusive-club.html

11. မာ ဖစ် တေ ပီး နက် ဂ ဘ နဲ့ ကင်ဆာအမျိုးတော်ကြသလား https://burmese-spelling.blogspot.com/2023/03/blog-post_237.html

12. ရရစ်မပါ မြန်မာစာ https://burmese-spelling.blogspot.com/2026/06/blog-post_954.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ