စာအုပ်တွေဖတ်လို့ သိတာလည်းပါတယ်။ ကိုယ်တိုင်ကြုံခဲ့တာတွေလည်းပါတယ်။
လွတ်လပ်ရေးမရခင်ကတည်းက စစ်အေးကာလကြီးအတွင်းမှာ လက်ဝဲယိမ်းသူအုပ်စုနဲ့ လက်ယာယိမ်းသူအုပ်စုကြီး နှစ်ခုရှိခဲ့တယ်။
လက်ဝဲယိမ်းက သိသိသာသာ အသာစီးရတယ်။
စာတွေ၊ ကဗျာတွေ၊ ဘာသာပြန်တွေ၊ မိန့်ခွန်းတွေ၊ ပြောစကားတွေမှာ လက်ဝဲ လက်ဝဲ လက်ဝဲ။
လက်ဝဲကလည်း တမျိုးတည်း မဟုတ်။ ဆိုဗီယက်၊ ယူဂိုဆရာဗီးယား၊ တရုပ်။
တရုပ်မှာလည်း မော်စီတုန်းကစပြီး နောက် နောက် နောက်။
အယူအဆ ခေါ် အိုင်ဒီယော်လော်ဂျီတွေကလည်း ကွဲသေးတာ။
ဟိုချီမင်းကို သခင်ကိုယ်တော်မှိုင်းထက် ကြည်ညိုသူတွေရှိတယ်။
ချေဂွေဗားရားကို ဆရာစံထက် အားကျသူတွေရှိတယ်။
ဗေါ်ရဂါဖြစ်ရေကို ဧရာဝတီဖြစ်ရေထက် နှစ်သက်သူတွေ ရှိတယ်။
ယန်စီမြစ်ကို ချင်းတွင်းမြစ်ထက် ချစ်တဲ့သူတွေ ရှိတယ်။
လက်ယာသမားတွေကတော့ လူမသိသူမသိ ချမ်းသာကြတယ်။
ခေတ်က ပြောင်းလာတယ်။
လူမြင် အဘခေါ်ကြတော့ အဖွားတွေ ကာတွန်းထဲကလို ဖြစ်ကုန်ရော။
ကိုယ့်ကိုယ်ကို သားတဲ့။ သမီးတဲ့။
လူပျိုကြီး၊ အပျိုကြီးတွေကို အထင်မှားကုန်ကြရော။
ခေတ်က ပြောင်းလာတယ်။
လူမမြင်ရတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အဘတဲ့၊ သားတဲ့၊ သမီးတဲ့။ အမျိုးတဲ့။
အကုန် ခက်ကုန်ရော။ အိမ်ထောက်ဘက်တွေ များကုန်ရော။
လူမမြင်ဘူးတဲ့ အဝေးကြီးကဆရာဝန်ကိုလည်း အဘတွေ၊ သားတွေ၊ သမီးတွေက များလိုက်တာ။
အခုတော့
နိုင်ငံရေးမှာ လက်ဝဲတွေ လက်ယာတွေ မဟုတ်တော့ပါ။
၉၆ ပါး။
၉၆ မျိုး။
၉၆ နိုင်ငံမှာ နေထိုင်ကြတယ်။
ငြိမ်းချမ်းရေးဆိုတာကလည်း ၉၆ ခါရှိပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment