ပဲ/ဘဲ
လက်လှန်းမမှီ/မမီ
နှင့်/နဲ့ အသုံးအနှုန်းတွေကိုလည်း သိချင်ပါတယ်ဆရာ
ပြန်စာ
လင့် တွေ ပို့လိုက်တယ်။
လဲ နဲ့ လည်း https://burmese-spelling.blogspot.com/2026/02/blog-post_192.html
ပဲ ဘဲ ဖဲ https://burmese-spelling.blogspot.com/2025/07/blog-post_15.html
မီ နှင့် မှီ https://burmese-spelling.blogspot.com/2026/04/blog-post_708.html
နှင့် နဲ့ နင့် https://burmese-spelling.blogspot.com/2026/06/blog-post_64.html
လှမ်း လှန်း https://burmese-spelling.blogspot.com/2025/12/blog-post.html
မေးခွန်းပါ စာလုံးတွေကို တခွန်းတည်း၊ ဝါကျတကြောင်းတည်း၊ စာပိုဒ်တခုတည်းနဲ့ ဖြေမရနိုင်။
စာ၊ သုတ၊ ပညာဆိုတာ အချိန်ယူပြီး လေ့လာဆည်းပူးကြရပါတယ်။
အခုခေတ်မှာတော့
အထက်အမိန့်တခုတည်း
ကွန်မင့် တခုတည်း
သူများပြောစကားတွန်းတည်းနဲ့
အပြီးအပိုင် အတည်၊ အမှန်၊ အဟုတ် မှတ်ယူနေသူတွေကသာ များတယ်။
မြန်မာစာသင်တယ်ဆိုသူတွေကလည်း မှားနေရင် အနီရောင်၊ မှန်တာကို အစိမ်းရောင် သင်္ကေတနဲ့ ပြနေကြတယ်။
သူတို့သင်တာထဲမှာ
စံကိုက်
မူကွဲ
မူလွဲ
မူမှားတွေ မပါ။
ကျွန်တော်အသက်ကြီးပေမဲ့ အခုထိ သင်ယူ၊ လေ့လာနေရတုန်း။
မနေ့က မသိခဲ့တာ ဒီနေ့မှာ သိလာတာမျိုး ရှိတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment