Skip to main content

နိုင်ငံရေး သင်ပုန်းကြီး

တင်ထားတဲ့စာ = ပုံတောင်ခြေက စေတီ

ကွန်မင့်တခု = ကျွန်းပင်ဝါးပင်တွေတော့ ခုထိစိမ်းစိမ်းစိုစိုရှိနေပါတယ်ဆရာ လမ်းခရီးကတော့ ပုလဲ မင်းတိုင်ပင်လမ်းကြောင်းက သွားမရတော့ပါ။

မှတ်ချက်စာ = ဆင်သွား လမ်းဖြစ်။ 

နိုင်ငံရေး ငါးပါးမှောက် လူသွားလမ်းပျောက်။

ကျွန်တော်က ချင်းတွင်းမြစ်အနောက်ဖက်မှာရှိကြတဲ့

ပုလဲနယ်နဲ့ ပုလဲနဲ့ဆက်စပ်နေတဲ့ ယင်းမာပင်၊ ဆားလင်းကြီး။ ဆက်သွားရင် ရေစကြို၊ မြိုင်၊ ပခုက္ကူ။

အနောက်ဖက်ဆက်သွားရင် ယောနဲ့ ဂန့်ဂေါ စတဲ့နေရာဒေသတွေကို ကောင်းကောင်းသိပါတယ်။

အမျိုးတွေ၊ မိတ်ဆွေတွေ၊ လူနာတွေနဲ့ ၁၉၉၀ တုန်းက မဲပေးခဲ့ကြသူတွေ။

၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ အထိလည်း အဆက်အသွယ် ကောင်းပါတယ်။

၂၀၂၁ ကစပြီးတော့လည်း မြေပြင်အခြေအနေတွေကို လက်လှမ်းမီတယ်။

သိချင်တာရှိ လှမ်းခေါ်လို့လည်း ရတယ်။ စိတ်ချရသူတွေ များတယ်။

ပုလဲနဲ့ ထိစပ်နေတဲ့နေရာက သတင်းတွေ အမျိုးမျိုးတင်နေကြတယ်။ တချို့ အတော်များများက မမှန်ပါ။

လာလာပြောကြတယ်။ ပုလဲနဲ့ ယင်းမာပင်မှာ ဘာတွေဖြစ်နေပြီတဲ့။

ကျွန်တော့်မူက နိုင်ငံရေးမှာ သိတိုင်းလည်း မပြောရပါ။

ခေတ်ကတော့ မှန်မှန် မှားမှား အပြောသမား၊ အပြောများတာကို သဘောကျနေကြတယ်။

အပြောကောင်းသူတွေက သူရဲကောင်း။ 

အဖြေကောင်းသူတွေက အာဇာနည်။ 

လှည့်ပတ်ပြီး စွာတာတာ ချွဲတဲတဲ ပြောတတ်သူတွေက ဆဲလီ ခေတ်။

သတင်းလုပ်လို့တော့ ကောင်းပါရဲ့ နိုင်ငံရေးလုပ်တော့ ကမောက်ကမဖြစ်စေတယ်။

၅ နှစ်လောက်ကြာတော့ သဘောပေါက်လာသူ နည်းနည်းတော့ ရှိလာပုံရတယ်။

ဘယ်အရာကိုမဆို အခြေခံကျတာ၊ မြေပြင်နဲ့ထိစပ်နေတာကသာ အဖြစ်မှန်နဲ့ နီးစပ်တယ်။

ပညာနဲ့ စာလည်း အတူတူဘဲ။ သူငယ်တန်းစာမကျေဘဲ မိုးပြောလေပြော၊ ရသပြော၊ မော်ဒန်ပြော၊ ဟိုက်ပါပြော။

နိုင်ငံရေးမှာပါ သင်ပုန်းကြီးကျေညက်ရပါမယ်။

ကျောက်သင်ပုန်းခေတ်ကနေ အိုင်ဖုန်းခေတ်။ နည်းပညာတော့ တိုးတက်ကောင်းမွန် မြန်ဆန်လာပါရဲ့ ကျောက်တံနဲ့ မြေဖြူတံတွေ ကျိုးကုန်ပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ