ပြန်စာ
လေ့လာပြီး တင်ပြထားတယ်။
မသိဘဲ မှားရေးသူက ၉၀% ရှိတယ်။
အထင်ကြီးခံချင်လို့ရေးတာ ၁၀% သာရှိတယ်။
အမြန်ဖြေလိုက်ပြီးပြီ။ နည်းနည်း အသေးစိတ်ဦးမယ်။
ကျွန်တော်က ဆရာဝန်လုပ်ခဲ့တာကြာပြီ။ လူနာတွေပြောစကားတိုင်းကို ဆန်ကာ (စကာ) စစ်သလို စစ်ရလေ့ရှိတယ်။
ဖြစ်တယ်ဆိုတာက ဘယ်နေရာမှာ၊ ဖြစ်နေတာ ဘယ်လောက်ကြာ စသဖြင့် မေးရတယ်။ နာတယ်ဆိုပြန်လည်း ၁ ကနေ ၁၀ အထိ အမှတ်ပေးရင် နာတာက ဘယ်နှစ်မှတ်လောက်ပါလဲ။
ဆရာဝန်အလုပ်မလုပ်တော့တဲ့နောက်မှာ ကျန်းမာရေးမေးတာတွေကို ဖြေပါတယ်။ မေးခွန်းပေါင်း သောင်းဂဏန်းရှိပြီ။ မေးခွန်းတွေကိုလည်း အထက်ကနည်းအတိုင်း ပြန်မေးရတတ်တယ်။
အခုတခါ မြန်မာစာအပါအဝင် ဆေးပညာမဟုတ်တဲ့အကြောင်းအရာတွေကို ရေးနေတာကလည်း ၁၅ နှစ်။
စာကိုမှန်အောင်မရေးသူတွေကို လေ့လာဆန်းစစ်မှုတွေ မကြာခဏ လုပ်ပါတယ်။ ဘာ့ကြောင့် မှန်အောင်မရေးကြ၊ မရေးတတ်ကြသနည်းစာကို ၃-၄ ခါ တင်ပြထားပါတယ်။
အခုစာမှာ အကြောင်းခံ
မှန်အောင်မရေးခြင်းအကြောင်းခံတွေ မတူပါ။
၁။ တကယ်ကို အမှန်မရေးတတ်ခြင်း၊
၂။ အဆန်းလုပ် အတုခိုးကြခြင်း၊
၃။ မသိတသိစာလုံးကို လက်တန်းရေးကြခြင်း၊
နောက်တမျိုး
၁။ တစ်တွေနဲ့ နာမည်ကြီးလာသူတွေ၊
၂။ တစ်ဘက်ကနေ အသေခံတော့မဲ့သူတွေ၊
၃။ တစ်လို့ရေးနေခဲ့ရာကနေ မှန်အောင်ပြင်လိုက်ရင် အထင်ကြီးမှု၊ စာအုပ်ရောင်းရမှု၊ ဖေါ်လိုလုပ်သူ၊ တပည့်တပန်းတွေ နည်းမှာကို စိုးရိမ်သူတွေ ပါတယ်။
ရာခိုင်နှုန်းတွက်ပြလို့ရနိုင်ပေမဲ့ အချိန်မရှိပါ။
ကျွန်တော့်မှာ
- တပည့်တပန်း မရှိ။
- စာအုပ်ရောင်းစရာ မရှိ။
- ကုန်ပစ္စည်းရောင်းစရာလည်း မရှိ။
- ဖေါ်လိုဝါနည်းမှာကို မစိုးရိမ်။
အကြံပြုချက်ကတော့ "လူကြီးမင်းတို့သဘော"
ဒေါက်တာတင့်ဆွေ

Comments
Post a Comment