Skip to main content

ဖူး၊ ဘူး၊ ဗူး






ကွန်ပါဘူးလား ဗူးလားဆရာ

ဖူး၊ ဘူး၊ ဗူး စာ အခါ ၂၀ တင်ပြပြီး။

နွယ်ပင်တမျိုး

ဗူးပင်တမျိုး

စုဗူး၊ ဆေးဗူး၊ ပေါင်ဒါဗူး၊ မီးခြစ်ဗူးစသည်

မရှိဘူး၊ မသွားဘူး၊ မလာဘူးစသည်

ပန်းဖူးပုံအနက်ရောင်အပွင့်တမျိုး

ပြောင်းတမျိုး

ဗူးဘုရား ဖူးဘူးသလား

ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဘဲ

သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင်

ဘယ်လိုပြောပြော ဗူးဆို ဖရုံမသီး သမားသာများ၏။

အမေမှာတဲ့ဆန်တခွဲ သုံးစိတ်နဲ့မလဲ သမားသာများ၏။

ဘူးခံ သမားသာများ၏။

ဗူးလုံးနားမထွင်း သမားသာများ၏။

ဗူး။   ။ ခံဗူးရွာ။ ခံဗူးကုန်း။ ဗူးပင် ဗူးညွှန့်။ ဗူးသီး။ ဗူးဆို့။ ဗူးဘုရား။ ဗူးသွင်းသည်။ ဗူးတောင်း။ ရေဗူး။ ဗူးခါးရေ။ ဗူးလုံးနားမထွင်း။ ဗူးလေးရာ-မရှိဆင့်။ လူဗူးတောင်း။ ဗူးတလုံးဆောင်=ဗူးသီးတလုံးဆောင်။   ။

ဘူး။   ။ မမြင်ဘူး။ မကြားဘူး။ မရောက်မလာဘူး။ ဘူးကွယ်သည်။ ကြားဘူးနားဝ။ နဘူးနွယ်ပင်။ ဘုရားဖူးဘူးသည်။   ။

ဗူး

ဗူး¹ – န / ဗူး / ချက်ပြုတ်စားသောက်ရသည့် အသားပြည့်သော၊ အများအားဖြင့် လည်တိုင်ခေါင်းရှိသော အသီးကြီးများသီးသည့် နွယ်ပင်တမျိုး။

ဗူး² – န / ဗူး / ၁။ ထည့်သိုရန် အသုံးပြုရသော ဗူးသီးခြောက်

အခွံ။ ၂။ ထည့်သိုရန် အသုံးအပိတ်ဖြင့် ပြုလုပ်ထားသော ကြုတ်ခွက်။ (စုဗူး၊ ဆေးဗူး၊ ပေါင်ဒါဗူး၊ မီးခြစ်ဗူးစသည်အသုံးပြုသည်။)

ဗူး³ – န / ဗူး / အပင်လုံး။ ဗူးသွင်း – ကြိ၊ လည်းရှု။

ဗူးခါး – န / ဗူးဂါး / အထူးသဖြင့် အသီးခွံကို ဗူးတောင်းပြုလုပ်လေ့ရှိသောအသီး အရသာခါးသည့် ဗူးပင်တမျိုး။

ဗူးစင် – န /ဗူးဇင်/ အပင်နွယ် တက်ဖြန့်တင်နေစေရန် ထောက်ခံထားသောစင်။

ဗူးဆို့ – န / ဗူးဇို့ / ဗူး၊ ပြုန့်၊ ပုလင်း စသည်တို့၏ အပေါက်ကို လုံအောင်သွင်းပိတ်သော အရာ။

ဗူးဆင်စွယ် – န / ဗူးဆင်ဇွယ် / အသီးရှည်လျားသော ဗူးပင်တမျိုး။

ဗူးတား – န / ဗူးဒါး / ပိုင်းငင်ရာ၌ ရစ်ခေါင်းဝင်ရိုးတွင် ရစ်သွင်းသော ချည်မျှင်များ ကျော်လွန်ရစ်ပတ်မသွားစေရန် အရင်းဘက်မှဝင်ရိုးကိုစွပ်၍တားကန့်ထားသော အဝိုင်းပုံဗူးတောင်းခွံ အပြားငယ်။ (အုန်းခွံကိုလည်းပြုလုပ်သည်။)

ဗူးတောင်း – န / ဗူးဒေါင်း / အများအားဖြင့် ရေထည့်ဆောင်ယူလေ့ရှိသော ခေါင်းပွဗူးသီးခွံ။

ဘူး

ဘူး – စည်း / ဗူး / ၁။ တားမြစ်ခြင်းပယ်ကြောင်းပြ ကြိယာနှင့် တွဲ၍သုံးသော စကားလုံး။ (မရှိဘူး၊ မသွားဘူး၊ မလာဘူးစသည် အသုံးပြုသည်။) ၂။ ဖူး³ – စည်း၊ ရှု။

ဘူးကွယ် – ကြိ / ဗူးကွယ် / မသိ၊ မဟုတ်၊ မမှန်၊ မပြု စသည်ဖြင့်ငြင်းဆိုသည်။

ဘူးခံ – ကြိ / ဗူးခန် / ငြင်းပယ်စကားကို မလျှော့တမ်း အခိုင်အမာဆိုသည်။ တင်းမာစွာ ငြင်းပယ်နေသည်။

ဘူးမှုတ် – ကြိ / ဗူးမှုတ် / ဗူးမှုတ် – ကြိ၊ ရှု။

ဘူးလုံးနားမထွင်း – ကြိဝိ / ဗူးလုန်းနားမထွင်း / ဗူးလုံးနားမထွင်း

– ကြိဝိ၊ ရှု။

ဖူး¹ – ကြိ / ဖူး / ၁။ ဘုရားပုထိုးနှင့် ရဟန်းသံဃာ စသည်အား ရှိသေစွာဦးနှိမ်ပျပ်ဝပ်ပူဇော်သည်။ ၂။ ဘုရား၊ ပုထိုး၊ ရဟန်းသံဃာ စသည်ကို ရှိသေစွာလက်အုပ်ချီလျှက် ရှုမျှော်သည်။

ဖူး² – ကြိ / ဖူး / ၁။ နဂိုမျက်နှာပြင်ထက် ဖောင်းကြွ၊ စူမို့ ရောင်ရမ်းသည်။ ၂။ အပင်အညွှန့်များမှ အပွင့်ဖြစ်ရန် စူမို့ဖောင်းပြည့်သော အဖုအလုံး စတင်ပေါ်ထွက်သည်။

– န / ဖူး / ၁။ အငုံအပွင့်ဖြစ်ပေါ်လာစေမည့် ပွင့်လောင်း

အဖုအလုံး။ ၂။ ဖဲချပ်တွင် ဖော်ပြရိုက်နှိပ်ထားသည့် အပွင့် လေးမျိုးအနက် ပန်းဖူးပုံအနက်ရောင်အပွင့်တမျိုး။

ဖူး³ – စည်း / ဖူး / ကြုံတွေ့၊ သိမြင် ဖြစ်ပျက်ခဲ့ပြီးကြောင်း ထင်ရှားစေသည့် ကြိယာပစ္စည်းစကား။ “ရှေးဖြစ်ဖူးသောပုဂ္ဂိုလ်၏အမည် ဖြစ်၏။” ဝေ၊ ပ၊ ၂၂၁။

ဖူးစက္ကူ – န / ဖူးစက္ကူ / အလျား ၁၅ လက်မမှ ၁၇ လက်မနှင့် အနံ ၁၂ လက်မမှ ၁၃ လက်မခွဲအထိရှိသော စာရေး

စက္ကူအရွယ်အစား။ [ လိပ် ]

ဖူးစာ – န / ဖူးဇာ / ဖိုနှင့်မတို့ ချစ်ခင်နှစ်သက်မှု၊ အတုံ့အပြန် တူညီအပ်စပ်မှုရှိခြင်း။ ဖို မ နှစ်ဦးနှစ်ဝအတွက် အိမ်ထောင်ပြုရန် အလားအာလာ၊ အခွင့်အလမ်း။

ဖူးစာဆုံ – ကြိ / ဖူးဇာဆုန် / ဖိုနှင့်မတို့ အိမ်ထောင် ပြုရန်အကြောင်းညီညွတ်သည်။

ဖူးစားပြောင်း – န / ဖူးဇားပြောင်း / အဖူးမှအစေ့ကို စားသုံးရသော ပြောင်းတမျိုး။ (အနှံမှအစေ့ကို စားသုံးရသော နှံစားပြောင်းနှင့် ခွဲခြားခေါ်သည်။)

ဖူးဖူးထ – ကြိ / ဖူးဖူးထ / ဖောင်းမို့ ရောင်ကြွသည်။

သို့သော်

လူကြီးမင်းများသဘော။ ကျွန်ုပ်မှာ အာဏာမရှိ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ