၁။ ဆရာ ခန နဲ့ ခဏ က ဘယ်ဟာကသတ်ပုံအမှန်ပါလဲ ဗျ
၂။ ခန ခဏ ခနခန
ခဏခဏ ဘယ်ဟာမှန်လဲဆရာ
၃။ ခနကအမှန်လား
ခဏကအမှန်လားဆရာ
၄။ ခနနေရင်
နှစ်သစ်ကူးအထူး - ခဏလို့ ရေးရ။
၅။ ခနကအမှန်လား
ခဏကအမှန်လားဆရာ
ခန မရှိပါ။
ခဏ၊
ခဏခဏ၊ တခဏ၊ မကြာခဏ ရှိတယ်။
(၁)
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)
·
ခဏ
– န / ခနာ့ / တိုတောင်းလှစွာသော
အခိုက်အတန့်။ လက်ဖျစ်ဆယ်တွက် သို့မဟုတ် လျှပ်ဆယ်ပြက် သို့မဟုတ်
မျက်စိဆယ်မှိတ်နှင့် ညီမျှသော အခိုက်အတန့်။ [ပါ]
– ကြိဝိ /
ခနု့ / ခဏတဖြုတ်။ [ပါ]
·
ခဏကြီး – န /
ခနာ့ဂျီး / ခနဂျီး / [အဘိဓမ္မာ] ခဏငယ် သုံးခုပေါင်း အခိုက်အတန့်။
·
ခဏချင်း
– ကြိဝိ / ခနာ့ဂျင်း / ချက်ချင်း။
အလျင်အမြန်။
·
ခဏငယ်
– န / ခနာ့ငယ် / ခငယ် / [အဘိဓမ္မာ]
မျက်တောင်တခတ်ကာလကို ကုဋေသုံးသိန်းစိတ်၍ တစိတ်ခန့်သော အခိုက်အတန့်။ (ဖြစ်ဆဲခဏငယ်၊
တည်ဆဲခဏငယ်၊ ပျက်ဆဲခဏငယ် ဟူ၍ ခဏငယ်သုံးမျိုးရှိသည်။)
·
ခဏတဖြုတ်
– န / ခနာ့တဗျုတ် / မကြာသော
ကာလအပိုင်းအခြား။ တိုတောင်းသော အခိုက်အတန့်။
·
ခဏပန်း
– န / ခနာ့ဗန်း / လက်ရှိ အခိုက်အတန့်။
တည်ဆဲခဏ။
(၂)
သူခိုးကြီး
ငတက်ပြား လှူထားခဲ့သည်ဆိုသော မရှိခဏ (မဟီယင်္ဂဏ) စေတီတော်။
(၃)
"ခဏခဏ
မကြာမကြာ ပြောဖူးပါတယ်"
မောင့်ကိုသာ
အချစ်ဆုံးကွယ်
အသည်းလှိုက်
အူလှိုက် စကားလုံး ကြွယ်
အမြဲကြိုက်
မူအလိုက် အများသုံးတယ်
အခုလည်း
ပြောရအုံးမယ်နောင်ကိုလည်း ပြောရအုံးမယ်
ကမ္ဘာ
အဆက်ဆက် သံသရာ အဆက်ဆက် ဘဝ ဘဝတွေများဝယ်
မောင်ရယ်
မောင်ရယ် အချစ်ဆုံး ပါကွယ်။
(၄)
"ကဗျာမုန်းသူ
မောင့်ချစ်သူ"
ခဏ
နမ်းရုံနဲ့
တဘဝလွမ်းလောက်ကဲ့
မာနလျှမ်းမောက်ပြီး
ပြန်လှည့်ကာ
မသွားပါနဲ့
အချစ်ရယ်…
ကဗျာပန်းကောက်ပြီး
ပန်လှည့်ပါလား။ (တင်မိုး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment