Skip to main content

သီချင်းစာသားတွေ

စာလုံးပေါင်း၊ သတ်ပုံနဲ့ ဝေါဟာရအဓိပ္ပါယ်အတွက် သီချင်းစာသားတွေကိုလည်း ရှာရပါတယ်။

လက်ထဲမှာ စိုင်းခမ်းလိတ်သီချင်းများစာအုပ် တအုပ်သာရှိတယ်။ အဲဒီစာအုပ်မှာ ၈၅% လောက်ကတော့ မှန်တယ်။

ကျန်တာတွေကို အွန်လိုင်းမှာ လိုက်ရှာရတယ်။

Cherry နဲ့ သီချင်းစာသားတွေက သတ်ပုံတွေ မူရင်းအတိုင်း မှန်တယ်။

Pho Kyaw လည်း မှန်တယ်။

Lyrincs, Smule, YouTube တွေမှာ မှန်တာ ၁၀% လောက်သာတွေ့ရတယ်။

အဆိုတော်အမည်ကိုလည်း မူရင်းအမည်တွေမသုံး၊ မနေ့တနေ့ကမှ သီချင်းတက်ဆိုသူအမည်တွေထည့်။

ကိုယ်တိုင်ရေးတဲ့သီချင်းမဟုတ်ဘဲ သတ်ပုံကို ထင်သလိုပြင်နေကြတယ်။ 

အဲဒီနေရာတွေက သီချင်းသားတွေရေးကြတာ သင်္ကေတအမျိုးမျိုးကို မျက်စိနောက်နေအောင် ထည့်ထားကြတယ်။

သာယာတဲ့သီချင်း နားထောင်နေစဉ် လင်းကွင်းကြီး လွတ်ကျသလိုဘဲ။ (ခွက်ခွင်းကို လင်းခွင်းဟူ လည်းကောင်း ၊ လင်းကွင်းဟူ လည်းကောင်း ရေးစပ်ခေါ်ဝေါ်ကြ၏။)

"ချစ်တာတခုတည်းသိတယ်"

(စိုင်းခမ်းလိတ်ရဲ့ သီချင်းစာအုပ်ထဲက သတ်ပုံ)

(၁)

ဘာကြောင့်လဲ ဘာအတွက်လဲ ကိုယ်ကချစ်နေမိတာ

မေးရန်လွယ်ပေမယ့် အဖြေခက် သိသလိုမသိသလိုပါပဲ

ပန်ချင်သူမရှိလဲ အချိန်တန်ရင်ပန်းကတော့ ပွင့်နေမှာပဲ

အပိုတွေကိုမဆိုတတ်ဘူး သာမန်လူတယောက်မို့လေ

တကယ်ပါမေရယ် ကိုယ်ကတော့ ချစ်တာတခုတည်းသိတယ်....

(၂)

ဘယ်လောက်လဲ ဘယ်အထိလဲ ကိုယ်က ချစ်နေရတာ

မေးရန်လွယ်ပေမယ့် အဖြေခက် သိသလို မသိသလိုပါပဲ

ပင်လယ်ဘယ်လောက်ကြီးကြီး အိုင်ငယ်ဘယ်လောက်သေးသေး

ရေ....ရေချင်းတော့တူ အပိုတွေကို မဆိုတတ်ဘူး

သာမန်လူတယောက်မို့လေ တကယ်ပါမေရယ်

ကိုယ်ကတော့ ချစ်တာတခုတည်းသိတယ်

(၃)

ဘယ်ကစလဲ ဘယ်မှာဆုံးမလဲ ကိုယ်က ချစ်နေမိတာ

မေးရန်လွယ်ပေမယ့် အဖြေခက် သိသလို မသိသလိုပါပဲ

နေရာဟာ မတည်ငြိမ်ချင်း အချိန်ဆိုတာ မတည်မြဲခြင်းလို့

ယူဆကြရင် အပိုတွေကို မဆိုတတ်ဘူး

သာမန်လူတယောက်မို့လေ

[တကယ်ပါမေရယ် ကိုယ်ကတော့

ချစ်တာတခုတည်းသိတယ်] ၄

မှတ်ချက်

အခုခေတ်မှာ 

ချစ်တာတခု မရှိစေရတဲ့။

မုန်းတာတခု မရှိစေရတဲ့။

ကြိုက်တာတခု မရှိစေရတဲ့။

မကြိုက်တာတခု မရှိစေရတဲ့။

တတ်တာတခု မရှိစေရတဲ့။

မတတ်တာတခု မရှိစေရတဲ့။

မှန်အောင်ရေးတတ်တာတခု မရှိစေရတဲ့။

ပုံ သတ်ပုံလွဲအောင်ပြင်အဖွဲ့ကြီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ