ပြန်စာ
ဟုတ်။
အဲလိုအကြောင်းပြချက်မျိုးတွေကို အခါ ၂၀ လောက်ရပါတယ်။
ထပ်ပြောပါရစေ။
၁။ မန္တလေး လို့ရေးချင်ရင် ၅ ချက်တိတိလှုပ်ရှားရတယ်။
၂။ မန်းလေး လို့ရေးချင်ရင် ၇ ချက်။
၁။ စာလုံးရိုက်ချက် အရေအတွက် နှိုင်းယှဉ်ချက်
မန္တလေး (၅ ချက်လှုပ်ရှားရုံဖြင့် ရနိုင်ပါသည်)
၁။ မ
၂။ န္ (နသတ်ကို ပါဌ်ဆင့်ရန် shift သို့မဟုတ် ဆင့်ခလုတ် နှိပ်ခြင်း)
၃။ တ
၄။ လေ (ေ + လ)
၅။ း (ဝစ္စပေါက်)
မန်းလေး (၇ ချက်အထိ လှုပ်ရှားရပါသည်)
၁။ မ
၂။ န
၃။ ် (အသတ်)
၄။ း (ဝစ္စပေါက်)
၅။ ေ
၆။ လ
၇။ း (ဝစ္စပေါက်)
ထို့ကြောင့် လွယ်အောက်၊ လွယ်လို့ မဟုတ်။
၃။
(က) ဖုန်းညံ့သလား၊
(ခ) မြန်မာဖေါင့်ညံ့တာလား၊
(ဂ) လူညံ့တာလား မသိပါ။
၄။ အမှား၊ အလွဲ၊ အပျက် နဲ့ အခက်အခဲတွေဘက်ကနေ အခမဲ့ရှေ့နေပေါင်း ၁၀၀ (တရာ) လောက်ဆီကစာတွေ ဖတ်ရပါတယ်။
၅။ ဖေ့စ်ဘွတ်မှာ သေ၊ သတ် စာလုံးမရေးရဘက်ကနေ ရှေ့နေလိုက်ပေးသူကတော့ ၂၀၀ လောက်ရှိတယ်။ အားလုံးကို ဘလော့ပါတယ်။
ဖေ့စ်ဘွတ်မှာ သေ၊ သတ်၊ ဗုံး၊ ဒရုန်း ရေးလို့ရပါတယ်။
၆။ လူတွေသာမကပါ AI ကလည်း အသတ်နဲ့ ကင်းစီး မှားတယ်။
မနေ့ညက သင်္ကြန် စာလုံးကို မှားဖြေတယ်။ အရင်က ယောက်ျား ကို ကင်းစီးတင်ဖြေတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment