မက်ဆေ့ချ်တခု = စကားဝဲတာက ချစ်စရာကောင်းသေးတယ် အဲ့ဒိ သွားကမယ်(သွားရမယ်) လာကမယ်တို့ ဘာတွေမှန်းကိုမသိဘူး
ဟုတ်။
သွားကမယ် လို့ပြောသူဟာ ကြည့်ချင်ပွဲ၊ အရပ်ဇာတ် အရံမင်းသမီးရဲ့ ပညာသင်လက်ထောက်ဖြစ်နိုင်တယ်။
သူငယ်တန်းစာလည်း မကျေသူ။
၁၉၇၇ တတိယတန်း မြန်မာဖတ်စာသစ်
တို့ကျောင်း
၁။ အရွယ်ရောက်လာ၊ တို့ကျောင်းမှာ၊
ပညာ သင်ကြားကြ။
၂။ ရွာ၏အလယ်၊ ဂုဏ်ယူဖွယ်၊
တင့်တယ်လှပေစွ။
၃။ ကျောင်းသားကျောင်းသူ၊ ချစ်ကြည်ဖြူ၊
ညီတူ ဝတ်ဆင်ရ။
၄။ ကျောင်းပတ်ဝန်းကျင်၊ နေ့စဉ်ပင်၊
ပြုပြင်သန့်ရှင်းကြ။
၅။ ကျောင်းဥယျာဉ်မှာ၊ မျိုးစုံလှာ၊
ညီညာစိုက်ပျိုးကြ။
၆။ ကျောင်း၏စည်းကမ်း၊ မပျက်တမ်း၊
ဝန်ထမ်းစောင့်ထိန်းကြ။
၇။ တို့ကျောင်းကိုခင်၊ တို့ချစ်လျှင်၊
မြဲပင်လေးစားကြ။
၈။ ကျောင်း၏ကျေးဇူး၊ ပညာဗူး၊
ဆွတ်ခူးနေ့စဉ်ရ။
၉။ တို့ကျောင်းဂုဏ်ရောင်၊ တိုးမြှင့်အောင်၊
ရည်ဆောင်ကြိုးစားကြ။
မှတ်ချက်
ဆွတ်ခူးနေ့စဉ်ရ ကို
ဆွတ်ခူးနေ့စဉ်က လို့
ရေးရင်တော့ ပန်တျာကျောင်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment