မေးခွန်းတခု = နိစ္စဓူဝ ကို နေ့တဒူဝ လို့ထွက်တာကတော့ လုံးဝမှားနေတယ်လို့ထင်မြင်မိပါတယ်ခင်ဗျာ
ပြန်စာ
နိစ္စဓူဝ အသံထွက် နေ့သဒူဝါ့
နိစ်
နိစ် – န / နိတ် / [ဗေဒင်] အနိမ့်ဆုံးနေရာသို့ ရောက်နေသော ဂြိုဟ်။ [ပါ]
နိစ္စဓူဝ – ကြိဝိ / နေ့သဒူဝါ့ / အမြဲမပြတ်။ ထာဝရစဉ်။ “ကြွက် သတ္တဝါသည် နိစ္စဓူဝပျက်စီး၏။” ငါးရာ့ငါးဆယ်။ ၃ဂ။ [ပါ]
နိစ္စဘတ်ဆွမ်း – န / နိတ်ဇဗတ်ဆွန်း / အမြဲမပြတ် လှူသော ဆွမ်း။ “မထေရ်အား၊ နေ့စဉ်မပြတ်၊ နိစ္စဘတ်ဆွမ်း၊ လှူပေး ကမ်း၏။” ဥပမာ၊ ဒု၊ ၂၄၄။
နိစ္စဘတ်ဝတ် – န / နိတ်ဇဗတ်ဝတ် / အမြဲပြုသော အကျင့်။
“ဘုရားအား၎င်း၊ မယ်တော်အား၎င်း၊ ရွာတည်ထောင်၍၊ နိစ္စဘတ်ဝတ်ကို မင်းက ဖြစ်စေ၏။” သမန်း၊ ဒု။ ၃၁၂။
နိစ္စသီလ – န / နိတ်စာသီလာ / အမြဲ စောင့်ထိန်း အပ်သော သီလ။ “ငါးပါးသီလသည်လည်း နိစ္စသီလမျိုးတည်း။” ဝိသီ။ ၂ဂ။ [ပါ]
ဒေါက်တာတင့်ဆွေ


Comments
Post a Comment