Skip to main content

တဝမ်းပူကို စသတ်တဲ့စာလုံးနဲ့ စ မသတ်တဲ့စာလုံးတွေရဲ့ အသံထွက်တွေ မတူပါ




ကွန်မင့်တခု = ငွေတစ်ကျပ်  (ငွေဒဂျပ်) လို့အသံပြင်းနဲ့  ခေါ်ကြတယ်။

မှတ်ချက်

တစ်ကျပ် လို့ရေးရင် တစ်ကျပ် လို့ ထွက်ရ။ ဥပမာ တစ်တီတူး ကို တတီတူး မထွက်ရပါ။

တဝမ်းပူကို စသတ်တဲ့စာလုံးနဲ့ စ မသတ်တဲ့စာလုံးတွေရဲ့ အသံထွက်တွေ မတူပါ

တစ်¹ - ကြိ / တစ် / အပေါက်တွင် မဝင်နိုင် မထွက်နိုင် ငြိကပ်သည်။

တစ်² - ကြိ / တစ် / ကျားသတ္တဝါသည် တစ်တစ်ဟူသော အသံကို ပြုသည်။ (မိတ်လိုက်သောအခါတွင် လည်းကောင်း၊ ထိတ်လန့်သောအခါတွင် လည်းကောင်း ဤသို့သော အသံကို ပြုသည်။) “ကျားမရဲ တစ်သည်။ လူမရဲ ဟစ်သည်။” ကျော်ပုံ။ ၁၀။

တစ်³ - နဝိ / တစ် / အရေအတွက်တွင် အငယ်ဆုံး။ အရေအတွက်နှစ်ခု၏ ထက်ဝက်။ ၁။ (ဆယ်၊ ရာ၊ ထောင်၊ သောင်း စသည်တို့ကို ဖော်ပြသောအခါ စသတ်ဖြုတ်၍ တဆယ်၊ တရာ၊ တထောင်၊ တသောင်း စသည်ဖြင့် ရေးလေ့ရှိသည်။)

တစ်ဆို့ - ကြိ / တစ်ဆို့ / တစ်¹ - ကြိ၊ နှင့် အတူတူ။ “လည်မျိုတွင် တစ်ဆို့ နေသော အလုံးကို။” ချစ်ဘေး။ ၄ဂ။

တစ်တရားခံ - န / တစ်တယားခံ / အပြစ်တခုခု ကျူးလွန်ရာ၌ အဓိကဖြစ်သူ။

တစ်တီတူး - န / တစ် တီ ဒူး / တစ်တီတူးဟူ၍ အော်မြည်တတ်သော လွင်တီးခေါင်ငှက်။ (ယင်းငှက်ကို တီတီတွတ်ငှက်၊ တီတီထွတ်ငှက်ဟူ၍လည်း ခေါ်သည်။)

(ပုံအောက်ခြေစာသား) တစ်တီတူး

တစ်တီတူးပြေး - န / တစ်တီဒူးဗျေး / လယ်တွင် စပါးပင်ညံ့သဖြင့် ကျိုးတိုးကျဲတဲ ဖြစ်နေခြင်း။ “စပါးပင်တွေကြည့်လိုက်ရ တစ်တီတူးပြေး ဖြစ်နေဒါဘဲ။ ဘယ်တော့စပါးရမလဲ။”

တစ်တစ်ခွခွ - ကြိဝိ / တစ်တစ်ခွခွ / ပြောင်ပြောင်ရှင်းရှင်း။ ပွင့်ပွင့်လင်းလင်း။ ပြတ်ပြတ်သားသား။ “မြန်မာပြည်တွင် အကျိုးအပြစ်ကို တစ်တစ်ခွခွ ရေးလေ့ မရှိသေးသဖြင့်။” တင်းဆရာ။ ၁၀၇။

တစ်တစ်ရစ်ရစ် - ကြိဝိ / တစ်တစ်ယစ်ယစ် / (ကိုယ်လုံးကိုယ်ဖန်) မဖောင်းမပွ ကျစ်ကျစ်လျစ်လျစ်။ “ရွှေပုံ၏ ကိုယ်လုံးသည် တစ်တစ်ရစ်ရစ် ရှိလှ၏။” ယမုန်။ ၁၁၂။

တစ်နှစ်အံကျ - ကြိဝိ / တစ်နစ်အန်ဂျာ / ဂဟေဆက်။ သေသေချာချာ။

တစ်လစ် - ကြိဝိ / တစ်လစ် / တန်းလန်း။ မကျွတ်မလွတ်။ “စအိုတွင် လောက်စာတစ်လစ်ရှိ၍ မအိပ်နိုင်ရှိသော်။” စွယ်၊ ပ။ ၄၄၃။

တစ္ဆေ - န / တဆေ / သဆေ / သတ္တဝါသေ၍ ဖြစ်သည်ဆိုသော မကောင်းဆိုးဝါး။

တကောင်တမြီး - န / ဒဂေါင်ဒဗျီး / တ ကောင်တလေ။ တယောက်တလေ။ “ဟင်္သာတ ဘက် လိုက်မည့်လူ ပါလျှင် ရထားပြောင်းရမည်ဖြစ်၍ တော်ပါသေး၏။ ယခုမူ တကောင်တမြီးမျှ မရှိ။” ရွှေ၊ ၇၊ ၇၆။ ၁၆၀။

တကောင်း - န / ဒဂေါင်း / လည်တံရှည် သောက်ရေအိုး။ ရေတကောင်း။ “သောက်ရာ တကောင်း၊ သင်းပျံ့ လှောင်းနှင့်၊ ဆုတောင်းရည်ညွှန်း၊ ရေစက် သွန်းလော့။” သူဇာ* ၂၉၂။

တကိုင်လေးသစ် - န / ဒဂိုင်လေးသစ် / လက်တကိုင်နှင့် လက်လေးသစ်ခန့် ပမာဏ။ “အောက်မြန်မာပြည်၌ တကိုင်လေးသစ်မျှရှိသော ပျိုးစည်းကိုပင် ပျိုးပေါက်ဟု ခေါ်သည်။” ရွှေ၊ ၄၊ ၃၉။ ၇၁။

တကယ် - ကြိဝိ / ဒဂယ် / အမှန်။ စင်စစ်။ ဧကန်။ ဧကန္တ။ “ဝိပဿနာ လုပ်ငန်းကို တကယ် သဘောပေါက် လာသော အခါ။” ဂမ္ဘီရ။ ၁၆၇။

တကယ်တမ်း - ကြိဝိ / ဒဂယ်ဒန်း / တကယ် - ကြိဝိ၊ နှင့် အတူတူ။ “နွေဦးရာသီသို့ တကယ်တမ်းမရောက်သေးသမျှ နှင်းကျနိုင် ပေသေးသည်။” လည်။ ၂၁၉။

တကယ်လို့ - ကြိဝိ / ဒဂယ်လို့ / အကယ်၍။

(ပုံဘေးရှိစာသား) တကောင်း

တကယ်တည့် - နဝိ / ဒဂဲ့ / အမှန် အဟုတ် ဧကန်ဖြစ်သော။ ထူးခြားသော။ “ထာဝရ တန်ဘိုး (ဝါ) တကယ်တည့် တန်ဘိုး။” ဘောဂ။ ၁၀၆။

တကယ်တည့်ကို - ကြိဝိ / ဒဂဲ့ကို / အမှန်။ စင်စစ်။

တကယ်တည့်တကယ် - ကြိဝိ / ဒဂဲ့ဒဂယ် / အမှန်စင်စစ်။ ဧကန်မုချ။ “တကယ်တည့်တကယ် ဖြစ်ပျက်နေသော အကြောင်းအရာများကို။” လူမှု။ ၃၅။

တကျံတည်း - ကြိဝိ / ဒဂျန်ဒီး / ပြေပြစ်ညီညာစွာ။ “လက်ဆစ် ခြေဆစ်တို့သည် အဆစ်မထင် တကျံတည်း ညီညွတ်စွာရှိ၏။” ဒါန။ ၂၄။

တကျက်ကျက် - ကြိဝိ / ဒဂျက်ဂျက် / ဆူဆူညံညံ ရန်ဖြစ်လျက်။ “ကူဖော်လောင်ဖက်မရသဖြင့် တကျက်ကျက်နှင့် မကြာမကြာ စကားများတတ် ကြလေသည်။” ထိလံက္ခေ၊ ပ။ ၁၀၀။

တကျည်ကျည် - ကြိဝိ / ဒဂျီဂျီ / ၁။ နားပူနားဆာ။ “ဒီကောင်မတွေ တကျည်ကျည် မြည်တောင်းနေမှာကို မကြားချင်ဘူး။” မြဝတီ၊ ၁၊ ၁၁။ ၂၂၆။ ၂။ အသံ အဆက်မပြတ် မြည်လျက်။ “ပြင်းစွာသော အသံကို ညံညံစီစီ တကျည်ကျည်မြည်ကြွေး ဟစ်အော်လျက်။” ဗောဓိဝင်။ ၄၇။

တကျည်း - န / ဒဂျီး / သဂျီး / ချက်၌ဆုံသော ကြွက်သားနှင့် အကြောစု။ “တကျည်းသဘောကား ချက်အောက် လက် ၃-သစ်တွင် နေ၏။ ချက်ကို ရံ၍နေ၏။” ဓာတု၊ တ။ ၁၄၇။

ကျေးဇူး။

မှန်ရန်

တဝမ်းပူကို စသတ်တဲ့စာလုံးနဲ့ စ မသတ်တဲ့စာလုံးတွေရဲ့ အသံထွက်တွေ မတူပါ။

ဥပမာ

တကယ်လို့ - ကြိဝိ / ဒဂယ်လို့ /

တကျက်ကျက် - ကြိဝိ / ဒဂျက်ဂျက် /

တကောင်တမြီး - န / ဒဂေါင်ဒဗျီး /

တစ္ဆေ - န / တဆေ / သဆေ /

တစ်ဆို့ - ကြိ / တစ်ဆို့ /

တစ်တီတူး - န / တစ် တီ ဒူး /

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ