(၁)
ကျဲ နှင့် ကြဲ
ကျဲ
စိတ်သည်၏ ဆန့်ကျင်ဘက်။ (ဥပမာ - မုန့်ဟင်းခါးရည် ကျဲသည်၊ ဆံပင် ကျဲသည်၊ လူစု ကျဲသွားသည်)
မစိပ်မပျစ်၊ ခပ်ခွာခွာဖြစ်သော အခြေအနေတွင် သုံးပါသည်။
ကြဲ (ရရစ်)
ကြဲဖြန့်သည်၊ မျိုးစေ့ ကြဲသည်၊ ပစ္စည်းများ ကြဲပက်သည်၊ စစ် ကြဲသည် (တိုက်ခိုက်သည်)။
အစေ့၊ အမှုန့် သို့မဟုတ် အရာဝတ္ထုများကို ပက်ဖြန့်သည့် ပြုလုပ်ဆောင်ရွက်မှု (ကြိယာ) တွင် သုံးပါသည်။
ဗုံးကြဲသည် ဟု သုံးရပါမည်။ (ရရစ် ကြဲ ဖြစ်ပါသည်။)
အရာဝတ္ထု သို့မဟုတ် အရာဝတ္ထုများကို အထက်မှ အောက်သို့ ဖြန့်ကျက်ပစ်ချခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်ဆောင်ရွက်မှု ဖြစ်သောကြောင့် ရရစ် “ကြဲ” ဖြင့် ရေးသားရခြင်း ဖြစ်ပါသည်။
ဥပမာ -
လေယာဉ်ပေါ်မှ ဗုံးကြဲသည်။
ဗုံးကြဲလေယာဉ်။
(၂)
ချင်း နှင့် ခြင်း
ချင်း
အပင်/အစာ: ချင်းစိမ်း၊ ချင်းတက် (အစပ်ကင်းသော အမြစ်ဥ)၊ ချင်းသုတ်။
တိုင်းရင်းသား: ချင်းပြည်နယ်၊ ချင်းတိုင်းရင်းသား။
တဦးနှင့်တဦး / အချင်းချင်း: သူချင်း၊ ငါချင်း၊ မိတ်ဆွေချင်း၊ သူငယ်ချင်း။
သီချင်း: သီချင်းဆိုသည်၊ တေးသီချင်း။
အချင်း: စက်ဝိုင်း၏ အချင်း (Diameter)။
ခြင်း
အသုံးအဆောင်: စာပစ်ခြင်း၊ ဈေးခြင်း၊ ခြင်းတောင်း၊ ခြင်းလုံး။
ကြိယာ၏ အမည်ပုဒ်ဖြစ်စေသော စကားလုံး (Suffix): သွားခြင်း၊ လာခြင်း၊ စားခြင်း၊ ပြုလုပ်ခြင်း၊ ပြောဆိုခြင်း။
အကြောင်း/ကိစ္စ: ဤသို့ဖြစ်ရခြင်းမှာ၊ ထိုသို့ပြုရခြင်း။
(၃)
ဗုံးကြဲခံနေရသူတွေအတွက် သတ်ပုံပြင်ပေးတာသာ တတ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment