ကွန်မင့်တခု = အခုလေးတင် American accent လိုက်နားထောင်နေတာ ဆရာ။ Why did you lie? = Why July? အမေက ပြောတယ်။ အဲလိုကြီးတွေ ငါမကြိုက်ဘူးတဲ့။ အဲဒါနဲ့ ကျွန်တော်က ဒါဆိုရင် ဥပမာတခုပြောမယ်၊ ကျွန်တော်တို့ ဗမာမှာလည်း အတူတူပဲလေလို့။ 'မဟုတ်ဘူးလေ'ကို အမြန်ပြောလိုက်တော့ 'မှုတ်ဖူးလေ'လို့ပဲ ထွက်ကြတယ်မဟုတ်လားလို့ ပြောလိုက်တယ်။
ဟုတ်။ ကျေးဇူး။
အပြောစကားသံတွေ၊ ဒေသိယစကာလုံးတွေ၊ ခေတ်စကားတွေနဲ့ ခေတ်ပျက်အသုံးတွေ ရှိပါတယ်။
စကားသံနဲ့ စာလုံးပေါင်းတွေကတော့ ထပ်တူမကျပါ။
အဘိဓာန်နဲ့ သတ်ပုံကျမ်းတွေမှာ စာလုံးပေါင်းသတ်ပုံကိုသာ ထည့်တယ်။
ဘန်းစကားစာအုပ်၊ ခေတ်စကားစာအုပ်တွေမှာတော့ ထည့်လိုရာထည့်ကြပါတယ်။
နောက်တချက်
ဘာသာစကားဆိုရမှာလည်း အင်္ဂလိပ်မှာ ဗြိတိသျှသံကို ဗြီတိသျှ အစစ်ချင်းသား မှန် မမှန်သိတယ်။
အမေရိကန်အင်္ဂလိပ်လည်း အတူတူဘဲ။ ဆိုးတာတခုက အမေရိကန်အင်္ဂလိပ်စာ ဆိုတာက တကယ့်ကို ကပြား။ နှစ်မျိုးစပ်သာ မကတော့ပါ။
မြန်မာစကားလည်း အတူတူဘဲ။ စံကိုက်တွေကို သိသူ၊ လိုက်နာသာ ရှားပါးလာပြီ။
ပျောက်တော့ မပျောက်ပါ။ ပျက်နေပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment