(၁)
ကာတွန်း
ဆရာမ: “ဒါက သူငယ်တန်းဖတ်စာပဲ၊ ဒေါက်တာရဲ့!”
ဆရာမ: “ကျွန်မက ဆရာမဆိုတော့ ကျမ်းစာလောက် အဆင့်မှ ဖြစ်မှာပေါ့။”
သူငယ်တန်းမှာသင်ရတဲ့စာနဲ့ ဆရာမဖြစ်တော့ သိတဲ့စာ မတူဘူးတဲ့။
ကာတွန်းထဲက ဆရာမပြောတာ မှန်တယ်။
ဆရာမဖြစ်သွားရင် သူငယ်တန်းစာတွေကို မသိကြတော့ပါ။
စာကိုမှန်အောင်မရေးတတ်သူတွေ အများစုရဲ့ အသက်၊ ကျား၊ မ နဲ့ ရာထူးတာဝန်တွေကို သိပါတယ်။
သူငယ်တန်းကျောင်းသား တယောက်မှ မပါ။
ဆရာ၊ ဆရာမ၊ ကျောင်းအုပ်၊ ဆယ်တန်းမြန်မာစာဂုဏ်ထူး၊ ဘွဲ့တခုရ၊ ဘွဲ့လွန်ရ၊ ပါရဂူဘွဲ့ရ။
သူတို့တတွေက သူငယ်တန်းစာတွေကို မသိကြတော့ပါ။
(၂)
ဖတ်စာ - ၁၂
(ပထမပုံစပ် - ကလေးကစားစရာပုံ)
ဤရုပ်ပုံကို ကြည့်ပါ။
အိုးပုတ် ချိုးရုပ်
ပလတ်တုတ်
ဖြူဖြူတုတ်တုတ်
ဖိုးဝရုပ်။
(ဒုတိယပုံစပ် - တရုပ်စကားပင်နှင့် နွားတင်းကုပ်ပုံ)
တရုပ်စကားပင်
နွားတင်းကုပ်နားမှာ ရှိသည်။
အဆုပ်အဆုပ် ပွင့်သည်။
အပွင့်ကို လက်သုပ် သုပ်စားရသည်။
(တတိယပုံစပ် - ငှက်ပျောသီးနှင့် မုန့်ထုပ်ပုံ)
ရွှေလက်ခုပ်ကြီး အုပ်ကာတီး
ငှက်ပျောသီးမှည့်မှည့် စားရအောင်။
နှမ်းပျစ်မုန့်ထုပ် ပေါက်ပေါက်ဆုပ်
ရွှေနှုတ်အပြည့် ဝါးရအောင်။
(စတုတ္ထပုံစပ် - အပ်ချုပ်စက်နှင့် ကလေးငယ်ပုံ)
မှန်မှန်လုပ် ဟုတ်တာပြော။
အချိန်မီချုပ် အဝတ်သက်သာ။
တချက်ခုတ် နှစ်ချက်ပြတ်။
တလုတ်စားဘူး သူ့ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment