ကွန်မင့်တခု = ဘုတ်အုပ်လို့ရေးတာလဲမြင်ဖူးခဲ့ပါတယ်။
ဟုတ်။
အရင်က အင်္ဂလိပ်စာကို ကျောင်းတွေမှာ စသင်ပေးတော့ Meaning မီးနင်း စာအုပ်တွေမှာ book စာအုပ်လို့ ဘာသာပြန်ထားတယ်။
ခေတ်က ဘုန်းကြီးကျောင်းပညာရေးကနေ ဆက်လာတာဖြစ်တော့ အသံထွက်ရာမှာ ခက်ခဲခဲ့ကြသူက များတယ်။
ဘွတ်ခ် လို့ ရေးတဲ့စာအုပ်တွေကလည်း ရေးတယ်။
ခ် လို့ထွက်ရမှာ ဝန်လေးသူတွေက ဘွတ်။
နောက်တချက်
စာအုပ်ဆိုတာကို ပိုပြီးသဘောပါစေအောင် ဘုတ်အုပ် လို့ထွက်ကြသူတွေလည်း ရှိခဲ့ပါတယ်။
လျှပ်စစ်ရလာချိန်မှာ
Bulb မီးသီး ကို ဘာ့လ်ဖ် လို့ ထွက်လေ့မရှိဘဲ ဘတ်၊ ဘတ်သီး။
ခေတ်သဘောအရ အင်္ဂလိပ်စာနဲ့ အသံထွက်တွေ တိုးတက်လာပါတယ်။ အရင်ကထက် ပိုမှန်လာကြတယ်။
မှန်လာတာ ကောင်းတယ်။
ခေတ်က မတိုးတက်တဲ့နေရာတွေလည်း ရှိပြန်တယ်။
မြန်မာစာ အရင်ကထက် ပိုညံ့လာသူတွေ များပြာလာနေတယ်။
ပိုညံ့လာတာ မကောင်းပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment