KEY : C
INTRO : | C - - - | Em - - - | C - - - | Em - - - |
[ C - - - | Em - - - | F - - - | G - - - ] HA MONY
လူတယောက်ရဲ့ ကောင်းကွက်ချည်းပဲ လိုချင်လို့တော့ မရဘူးရယ်
ဒွန်တွဲတဲ့ ဆိုးကွက်လဲပါမယ် အံဝင်ခွင်ကျ ဆုတောင်းသမျှ ပြည့်စုံ
အောင် ဘယ်ဘုရားမှ မစွမ်းနိုင်ဘူး နီးစပ်တာနဲ့ ရောင့်ရဲကြရတာလဲ
မင်းအသိပါပဲ ကျောက်တိုင်းအပြစ်လေးတော့ရှိတယ် လူတိုင်း
ချို့ယွင်းချက်ရှိမယ် သဘာဝရဲ့ သဘောတရားတခုပါပဲ ပုံစံတခုတည်း
ဇွတ်အတင်းသွတ်သွင်းနေရင် နဂိုရှိရင်းစွဲဂုဏ်အင်ပျက်စီးမယ့်အရေး
ပြန်ငဲ့ကွက်သင့်တာလဲ မင်းအသိပါပဲ ကိုယ်စွမ်းသလောက်တော့
ကိုယ်ကြိုးစားခဲ့ပါတယ် ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ်
အလတ်တော့မကပါတယ် စိတ်သွားသလောက်တော့ ကိုယ်လိုက်ပြီး
မလုပ်နိုင်ဘူး ဒါလောက်နဲ့မှ မကျေနပ်ရင် [အရှုံးပေးဖို့/လက်
လျှော့ဖို့ပဲ] ကျန်တော့တယ် ဒီထက်ပိုပြီး မင်းအလိုကို မဖြည့်နိုင်ဘူး
ဒီထက်ပိုပြီး မဖြစ်နိုင်ဘူး မတတ်နိုင်ဘူး ရေနက်လဲ ကြွမ်းရှိရမယ်
အပင်မြင့်လဲ အဖျားရှိရမယ် အရာရာမှာ အဆုံးရှိကြရမြဲ
ဒါပေမယ့်လဲ တိုင်းလို့မရစကောင်းနိုင်တဲ့ ချစ်ခြင်းတော့ရှိပါတယ်
မင်းမတောင်းရပဲ ကိုယ်ပေးအပ်ခဲ့တာလဲ မင်းအသိပါပဲ
မှတ်ရန်
ယခုခေတ်မှာ
- လူတယောက် ကို မှန်အောင်မရေးတတ်ကြတော့ပါ။
- ပုံစံတခု ကို မှန်အောင်မရေးတတ်ကြတော့ပါ။
- တခုပါပဲ ကို မှန်အောင်မရေးတတ်ကြတော့ပါ။
- တတ် နဲ့ တက် ကိုလည်း မှားရေးနေသူတွေ အဆမတန်များတယ်။
- သီချင်းစာသား ကူးတင်၊ ကူးထုတ်သူတွေကလည်း စာကို မှန်အောင်မကူးတတ်ကြတော့ပါ။
- ဒီထက်ပိုပြီး မတတ်နိုင်ဘူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment